အနုပညာလောကမှာ တစ်ချိန်က သျှမ်းသျှမ်းတောက်အောင်မြင်ခဲ့တဲ့ သရုပ်ဆောင်ဒွေးဟာ ကွယ်လွန်ပြီးနောက်ပိုင်းမှာလည်း ပရိသတ်တွေရဲ့ရင်ထဲမှာ ကျန်နေခဲ့ပါတယ်။ သူ့ခေတ်သူ့အခါက သရုပ်ဆောင်ပိုင်းမှာ ပီပြင်တဲ့မျက်ဝန်းအကြည့်တွေကြောင့် အားလုံးက တခဲနက်အားပေးခဲ့ကြပြီး ဆုံးပါးသွားချိန်မှာလည်း ဝမ်းပန်းတနည်းပါပဲ။ စမိုင်းလ်ကလည်း သူမနဲ့ဒွေးနဲ့အတူ သရုပ်ဆောင်ခဲ့ဖူးတဲ့ ဇာတ်ကားလေးက တီဗီမှာပြန်လွှင့်နေတာမို့ အမှတ်တရအနေနဲ့ ဇာတ်ဝင်ခန်းပုံလေးတွေကို လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။
မော်ဒယ် သရုပ်ဆောင်အဖြစ်နဲ့ အနုပညာလောကထဲကို စဝင်လာခဲ့ပြီး ချစ်စရာကောင်းတဲ့ သွက်သွက်လက်လက်ကလေးမို့ အားလုံးက အချစ်ပိုခဲ့ရတဲ့စမိုင်းလ်ဟာ အနုပညာအလုပ်တွေကို ရပ်နားပြီး အိမ်ထောင်မှုနိုင်နင်းတဲ့ အမျိုးသမီးတစ်ယောက်အဖြစ်နဲ့ မိသားစုကို ပံ့ပိုးခဲ့ပါတယ်။ ကိုယ်တိုင်လည်းလှအောင်နေသလို သမီးလေးတွေကိုလည်း အလှပဆုံးနဲ့ အယဉ်ကျေးဆုံး ဖြစ်အောင် သွန်သင်နိုင်တဲ့ မိခင်ကောင်းတစ်ဦးပါ။
ဇာတ်ကားအသစ်တွေထပ်မရိုက်ဖြစ်ပေမယ့် သူမရဲ့ဇာတ်ကားဟောင်းတွေကိုတော့ ပရိသတ်တွေက အားပေးနေဆဲပါပဲ။ ပြီးခဲ့တဲ့ လပိုင်းတွေလောက်က ဇာတ်ကားတစ်ကားရိုက်ဖို့ လက်ခံခဲ့ပေမယ့် အခုချိန်ထိတော့ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ဘာမှထွေထွေထူးထူး မတင်ခဲ့ပါ ဘူး။ ရိုက်ဖြစ်ခဲ့တယ်ဆိုရင်တော့ စမိုင်းလ်ကို ဖန်သားပြင်ပေါ်မှာနောက်တစ်ခေါက်ထပ်တွေ့ရ ဦးမှာပေါ့ ပရိသတ်ကြီးရေ။
Happy – Cele Zone
Photo – Smile
(ဇော်ဂျီဖြင့်ဖတ်ရန်)
လွန်ခဲ့သောနှစ်များစွာက ဒွေးနဲ့အတူရိုက်ကူးထားတဲ့ သူမရဲ့ ” အပြာရောင်ပုံတိုပတ်စများ ” ဇာတ်ကားကို ပြန်ပြီးအားပေးနေတဲ့ စမိုင်းလ်
အနုပညာလောကမှာ တစ်ချိန်က သျှမ်းသျှမ်းတောက်အောင်မြင်ခဲ့တဲ့ သရုပ်ဆောင်ဒွေးဟာ ကွယ်လွန်ပြီးနောက်ပိုင်းမှာလည်း ပရိသတ်တွေရဲ့ရင်ထဲမှာ ကျန်နေခဲ့ပါတယ်။ သူ့ခေတ်သူ့အခါက သရုပ်ဆောင်ပိုင်းမှာ ပီပြင်တဲ့မျက်ဝန်းအကြည့်တွေ ကြာင့် အားလုံးက တခဲနက်အားပေးခဲ့ကြပြီး ဆုံးပါးသွားချိန်မှာလည်း ဝမ်းပန်းတနည်းပါပဲ။ စမိုင်းလ်ကလည်း သူမနဲ့ဒွေးနဲ့ အတူ သရုပ်ဆောင်ခဲ့ဖူးတဲ့ ဇာတ်ကားလေးက တီဗီမှာပြန်လွှင့်နေတာမို့ အမှတ်တရအနေနဲ့ ဇာတ်ဝင်ခန်းပုံလေးတွေကို လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။
မော်ဒယ် သရုပ်ဆောင်အဖြစ်နဲ့ အနုပညာလောကထဲကို စဝင်လာခဲ့ပြီး ချစ်စရာကောင်းတဲ့ သွက်သွက်လက်လက်ကလေးမို့ အားလုံးကအချစ်ပို ခဲ့ရတဲ့စမိုင်းလ်ဟာ အနုပညာအလုပ်တွေကို ရပ်နားပြီး အိမ်ထောင်မှုနိုင်နင်းတဲ့ အမျိုးသမီးတစ်ယောက်အဖြစ်နဲ့ မိသားစုကို ပံ့ပိုးခဲ့ပါတယ်။ ကိုယ်တိုင်လည်းလှအောင်နေသလို သမီးလေးတွေကိုလည်း အလှပဆုံးနဲ့ အယဉ်ကျေးဆုံး ဖြစ်အောင် သွန်သင်နိုင်တဲ့ မိခင်ကောင်းတစ်ဦးပါ။
ဇာတ်ကားအသစ်တွေထပ်မရိုက်ဖြစ်ပေမယ့် သူမရဲ့ဇာတ်ကားဟောင်းတွေကိုတော့ ပရိသတ်တွေက အားပေးနေဆဲပါပဲ။ ပြီးခဲ့တဲ့လပိုင်းတွေလောက်က ဇာတ်ကားတစ်ကားရိုက်ဖို့ လက်ခံခဲ့ပေမယ့် အခုချိန်ထိတော့ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ဘာမှထွေထွေထူးထူး မတင်ခဲ့ပါ ဘူး။ ရိုက်ဖြစ်ခဲ့တယ်ဆိုရင်တော့ စမိုင်းလ်ကို ဖန်သားပြင်ပေါ်မှာနောက်တစ်ခေါက်ထပ်တွေ့ရ ဦးမှာပေါ့ ပရိသတ်ကြီးရေ။
Happy – Cele Zone
Photo – Smile