
pyay ti oo-tinified
ပရိသတ်အချစ်တော် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့နှစ်ယောက်ကတော့ နှစ်ကိုယ်တူ ဘဝတစ်ခုတည်ဆောက်ပြီးနောက်မှာ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ပေမယ့် ချို့တဲ့ တဲ့ ကျောင်းသားများကို ကူညီထောက်ပံ့ပေးရန်ရည်ရွယ်ချက်နဲ့ ပြေတီဦးဖောင်ဒေးရှင်းကို မတည် တည်ထောင်ခဲ့ပြီး ကူညီလာခဲ့တာ အခုဆိုဆယ်စုနှစ်တစ်ခုစာလောက်ရှိနေပြီ လို့ ဆိုရမှာပါ။
ဒါပေမယ့် လတ်တလောထွက်ပေါ်နေတဲ့သတင်းအမှားတွေကြောင့် ဖောင်ဒေးရှင်းရဲ့နာမည်ဂုဏ်သိက္ခာထိခိုက်လာတာကြောင့် အိန္ဒြာကျော်ဇင်ကတော့ သတင်းအမှားတွေနဲ့ပတ်သက်ပြီး အသိပေးကြေညာခဲ့ပါတယ်။ ပြေတီဦးဖောင်ဒေးရှင်းသည် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးနောက် ပညာထူးချွန်ပြီးကျောင်းဆက်တက်ရန် အခက်အခဲရှိသော ကျောင်းသား၊ကျောင်းသူများကို ကူညီထောက်ပံ့ခြင်းနဲ့အမှန်တကယ်အကူအညီလိုအပ်နေသော နေရာများတွင် တတ်နိုင်သမျှသွားရောက် လှူဒါန်းခြင်းကိုသာ ဆောင်ရွက်လျက်ရှိပေမယ့် ယခုအခါမှာတော့ မသမာသူတွေက ငွေချေးလုပ်ငန်းများဆောင်ရွက်နေတယ်လို့ သတင်းလွှင့်ပြီး ငွေချေးခြင်းကိစ္စများကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း မျှဝေခဲ့တဲ့အပြင်
အခုလိုငွေချေးခြင်း ကိစ္စရပ်များသည် ပြေတီဦးပညာရေးဖောင်ဒေးရှင်းနဲ့ သက်ဆိုင်မှု လုံးဝမရှိပါကြောင်း၊ နောင်တွင်လည်း ငွေချေးခြင်းကိစ္စများ ပြုလုပ်ရန် အစီအစဉ်လုံးဝမရှိပါကြောင်း အသိပေးကြေညာခဲ့ပါတယ်။ အိန္ဒြာကျော်ဇင်ကတော့ ဒီအကြောင်းအရာလေးကို ” ပြေတီဦးဖောင်ဒေးရှင်းမှ အသိပေးကြေညာအပ်ပါသည်ရှင်” ဆိုတဲ့စာသားလေးနဲ့အတူ မျှဝေခဲ့ပြီး ပြေတီဦးကတော့ တတ်နိုင်သလောက် Share ပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။ ပြေတီဦးဖောင်ဒေးရှင်းနဲ့ပတ်သက်ပြီး သတင်းအမှားတွေထပ်မဖြစ်စေဖို့ ပရိသတ်ကြီးလည်း Share ပေးလိုက်ကြပါဦးနော်။
Source – Eaindra Kyaw Zin, Pyay Ti Oo
Rainbow- Cele Gabar

khin bone-tinified
အသက်(၇၂) နှစ်ရှိပြီဖြစ်တဲ့ ခင်ဘုဏ်းရဲ့မေမေကတော့ လွန်ခဲ့တဲ့ရက်ပိုင်းက ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တာကြောင့် ရိုးမရိပ်သာမှာ ဆေးကုသမှုခံယူခဲ့ရပါတယ်။ ခင်ဘုဏ်းကတော့ လတ်တလောအမေရိကန်ပြည်ထောင်စုမှာ နေထိုင်နေသူဖြစ်တာကြောင့် အသက်ကြီးပြီး ဆီးချိုရောဂါအခံရှိတဲ့မေမေ့အတွက် များစွာစိုးရိမ်ပူပန်နေကြောင်း သူ့ရင်ထဲကအပူတွေကို မျှဝေခဲ့ပါသေးတယ်။
ဒါပေမယ့် ဒီနေ့မှာတော့ စိုးရိမ်နေကြတဲ့ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပရိသတ်ကြီးအတွက် ဝမ်းသာစရာ သတင်းစကားလေး ပါးခဲ့ပါတယ်။ ” မေမေက ဆီးချိုရှိပြီး ဖျားထားလို့ ကျွန်မက အရမ်းစိတ်ပူခဲ့ရပေမယ့် မေမေကတော့ စိတ်ဓာတ်ခွန်အားအပြည့်နဲ့ ဖြတ်သန်းခဲ့ပြီး အခုတော့သတ်မှတ်ထားတဲ့ရက်ပြည့်လို့ အိမ်ပြန်ရပါတော့မယ်…အဲ့ဒီတော့ ကျွန်မတို့ ဘာပဲဖြစ်ဖြစ် စိတ်ဓာတ်ခွန်အားနဲ့ပဲ အားလုံးကို ကျော်ဖြတ်နိုင်ပါတယ်လို့ အားပေးချင်ပါတယ်… အားမလျှော့နဲ့နော်” ဆိုပြီး မေမေရဲ့ အခြေအနေလေးကို မျှဝေခဲ့ပါတယ်။
ခင်ဘုဏ်းကတော့ မေမေ့အတွက် ဆုတောင်းပေးခဲ့ကြတဲ့သူတွေ၊ အဖက်ဖက်က လူအား၊စိတ်အားနဲ့ တတ်နိုင်သမျှကူညီစောင့်ရှောက်ပေးခဲ့ကြတဲ့သူတွေကိုလည်း ကျေးဇူးတင်စကားဆိုခဲ့တဲ့အပြင် ကမ္ဘာပေါ်က လူသားအားလုံး ဒီကပ်ဆိုးကြီးလေးက အမြန်ဆုံးလွတ်မြောက်စေဖို့လည်း ဆုတောင်းပေးခဲ့ပါတယ် ပရိသတ်ကြီးရေ..အသက်ကြီးပြီး ရောဂါအခံရှိပေမယ့် ကိုဗစ်ရောဂါပိုးကို အကောင်းဆုံးတွန်းလှန်နိုင်ခဲ့တဲ့ ခင်ဘုဏ်းရဲ့မေမေကို အတုယူပြီး စိတ်ဓာတ်ခွန်အားရှိကြဖို့ ပရိသတ်ကြီးကိုလည်း တိုက်တွန်းလိုက်ပါတယ်နော်။
Source – Khin Bone Pyi
Rainbow- Cele Gabar