Prada ရဲ့ brand ambassador တွေ ဖြစ်လာကြတဲ့ Chanyeol နဲ့ Irene
EXO အဖွဲ့ဝင် Chanyeol နဲ့ Red Velvet အဖွဲ့ဝင် Irene တို့ကတော့ အီတလီဇိမ်ခံပစ္စည်း နာမည်ကြီးအမှတ် တံဆိပ်တစ်ခုဖြစ်တဲ့ Prada ရဲ့ brand ambassador တွေ ဖြစ်လာကြပါပြီ။
သူတို့က Prada ရဲ့ brand ambassador တွေအဖြစ် ရွေးချယ်ခံခဲ့ရပြီး ၂၀၂၀ ဆောင်းရာသီအတွက်ထုတ်ထားတဲ့ ကုန်ပစ္စည်းတွေကိုပါ ကြော်ငြာပေးခဲ့တာဖြစ်ပါတယ်။
ကြော်ငြာအတွက်ဓာတ်ပုံရိုက်ကူးမှုတွေမှာ အနီရောင်နဲ့ အနက်ရောင်ကို အဓိက အသုံးပြုထားပြီး Chanyeol နဲ့ Irene တို့ရဲ့ ဖက်ရှင်တွေကလည်း အလွန်ပဲမိမိုက်နေတာဖြစ်ပါတယ်။
Chanyeol က အထက်တန်းလွှာက လူကြီးလူကောင်းတွေရဲ့ပုံစံမျိုးပေါ်လွင်အောင် ဝတ်ဆင်ထားတာတွေ့ရပြီး Irene ကတော့ ရဲရင့်ထက်မြက်တဲ့မိန်းကလေးတစ်ယောက်ရဲ့ပုံစံကို အပြည့်အဝပေါ်လွင်အောင် ပို့စ်ပေးထားနိုင်တာ လည်းတွေ့ရပါတယ်။
သူတို့နှစ်ဦးရဲ့ပရိသတ်တွေကလည်း Prada ရဲ့ ကြော်ငြာဓာတ်ပုံတွေကိုကြည့်ပြီး စိတ်ကျေနပ်မှုအပြည့်အဝရရှိကြောင်း မှတ်ချက်တွေရေးသားထားကြပါတယ်။