ခြံထဲမှာပဲ ဖခင်ဖြစ်သူရဲ့မွေးနေ့ကို ပျော်ရွှင်စွာဆင်နွဲခဲ့ကြတဲ့ နေခြည်ဦးတို့ မိသားစု
celegabar.com
|
2020-09-22

nay chi oo-tinified

Beauty Blogger တစ်ယောက်အဖြစ် ပရိသတ်မျက်စိရှေ့ကို ရောက်လာခဲ့သူနေခြည်ဦးကတော့ အခုဆိုရင် အနုပညာရှင်တစ်ယောက်အနေနဲ့ ပါ တစ်စထက်တစ်စ ပရိသတ်အချစ်သိမ်းပိုက်လာနိုင်ခဲ့သူပါ။ တက်ကြွလန်းဆန်းပြီး အမြဲကြိုးစားလေ့လာနေတဲ့ ပုံစံကို ချီချီနဲ့ အမြဲတွဲမြင်နေရမှာဖြစ်ပြီး ပရိသတ်အတွက်လည်း ပျော်စရာလေးတွေကိုသာ မျှဝေပေးလေ့ရှိသူပါ။




ဒီနေ့မှာလည်း Stay Home ကာလ ဖခင်ဖြစ်သူအတွက် ဖန်တီးပေးဖြစ်တဲ့ ကြည်နူးစရာမိသားစုအချိန်လေးကို မျှဝေပေးခဲ့ပါတယ်။ ဒီနေ့လေးကတော့ နေခြည်ဦးဖခင်ရဲ့ အသက်(၅၄) နှစ်ပြည့်မွေးနေ့လေးဖြစ်ပြီး အခုလိုအပြင်ထွက်လို့ မရတဲ့အချိန်မှာ ခြံထဲမှာပဲ မွေးနေ့ပါတီလေးကို မိသားစုတွေသိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ရွှင်စွာဆင်နွှဲခဲ့ကြပါတယ်။ ဖေဖေ့ရဲ့မွေးနေ့မှာ မောင်နှမတွေစုပြီး မိဘနှစ်ပါးကို ကန်တော့ခဲ့တဲ့အပြင် ခြံထဲမှာ ရေကူး၊ဆော့ကစားရင်း အချိန်ကုန်ဆုံးခဲ့ကြပါတယ်။




ချီချီကတော့ ဖခင်အတွက် ” Happy 54th Birthday ချစ်ဖေကြီး…. မိုးရေထဲ ခြံထဲမှာလုပ်ဖြစ်တဲ့ မိသားစုမွေးနေ့ပါတီလေး…. အရမ်းပျော်တယ် အရမ်းလည်းချစ်တယ်… သမီးတို့နဲ့အတူ ဖေကြီး နောင်နှစ်ရာစုနှစ်တွေအထိ အေးချမ်းစွာ ဖြတ်သန်းနိုင်ပါစေ” ဆိုတဲ့မွေးနေ့ဆုတောင်းလေးနဲ့အတူ မိသားစုပျော်စရာပုံရိပ်လေးတွေကို မျှဝေပေးခဲ့တာမို့ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။



Source – Nay Chi Oo
Rainbow- Cele Gabar



sein phyo hlaing-tinified

လွန်ခဲ့တဲ့ရက်ပိုင်းက နန္ဒာလှိုင်ရဲ့ ညီမဖြစ်သူ မနွေးနွေးလှိုင်ရဲ့ခင်ပွန်း ကိုဗစ်ရောဂါပိုးကြောင့် ဆုံးပါးသွားခဲ့တာတော့ ပရိသတ်တွေလည်းသိရှိပြီးဖြစ်မှာပါနော်။ မိဘနှစ်ပါးစလုံး ရောဂါပိုးရှိကြောင်း အဖြေထွက်ခဲ့တာကြောင့် နန္ဒာလှိုင်ရဲ့မောင်ဖြစ်သူ စိန်ဖြိုးလှိုင်ကတော့ Positive လူနာ အစ်မလင်မယားနဲ့ ထိတွေ့မှုမရှိခဲ့ပေမယ့် တူ၊တူမလေးတွေနဲ့အတူ Q လိုက်ဝင်ပေးခဲ့ပြီး ဒီနေ့မှာတော့ သူကိုယ်တိုင်လည်း Positive အဖြေထွက်ခဲ့ကြောင်း မျှဝေလာပါတယ်။




“ကျွန်တော်တို့စစ်ထားတဲ့အဖြေရပါပြီ။ ကျွန်တော်ရယ်၊ (၅) နှစ်လေးရယ်၊ အိမ်အကူ (၃) ယောက်ရယ် Positive ဖြစ်ပြီး၊ အကြီး နှစ်ယောက်ရယ် (၈၆) နှစ်အဖွားရယ်က Negative ပါ။ (၁၀) နှစ်သားဝန်းကျင် ကလေးနှစ်ယောက်နဲ့ (၈၆) နှစ်အဖွားကို ဒီတိုင်းထားခဲ့လို့မဖြစ်နိုင်လို့ ရီရီ က Q လိုက်ဝင်ပြီး ကလေးနှစ်ယောက်နဲ့နေပေးနေပါတယ်။ အငယ်ဆုံးလေးကို အမေရှိတဲ့တောင်ဥက္ကလာဆေးရုံ လိုက်ပို့ပေးလို့ရအောင်ကူညီပေးတဲ့ ကျန်းမာရေးက အစ်ကိုတွေနဲ့ သူငယ်ချင်းတွေကိုလဲကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်ကတော့ ဧရာဝတီစင်တာမှာ ရောက်နေပါပြီ။ အားလုံးကတော့ ကျန်းကျန်းမာမာပါပဲ။ အငယ်လေးလဲ Positive ဆိုပင်မဲ့ အမေဆီရောက်သွားလို့ စိတ်အေးရပါပြီ။ အကြီးနှစ်ယောက်လဲ အန်တီ အသစ်လေးနဲ့ အစဉ်ပြေနေတယ်ပြောပါတယ်” ဆိုပြီး ရေးသားမျှဝေခဲ့ပါတယ်။




ပရိသတ်ကြီးရေ… နန္ဒလှိုင်ရဲ့မောင်ဖြစ်သူ စိန်ဖြိုးလှိုင်ကတော့ ဆေးစစ်ချက်မှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ပြီး ဧရာဝတီစင်တာမှာ ရောက်ရှိနေပြီဖြစ်ပါတယ်။ ကလေးတွေရော အကုန်လုံးကျန်းကျန်းမာမာနဲ့ ဒီရောဂါဆိုးကြီးကို ကျော်ဖြတ်နိုင်ပါစေလို့ ဆယ်လီကမ္ဘာမှဆုတောင်းပေးလိုက်ပါတယ်။



Source – Sein Phyo Hlaing
Rainbow- Cele Gabar





Some text some message..