အတူတူရှိနေရင် မထင်မှတ်ထားဘဲ အချင်းချင်းကောင်းကျိုးပေးကြတဲ့ ရာသီခွင်အတွဲ (၆) တွဲ
auntymay.com
|
2020-09-22

တချို့သောအယူတွေအရ ရာသီခွင်တွေမှာလည်း အတူတူနေရင် တည့်တဲ့လူတွေ၊ မတည့်တဲ့လူတွေဆိုပြီး ရှိတတ်ကြပါတယ်။ ဒီတစ်ခေါက်မှာတော့ အတူတူရှိနေရင် အချင်းချင်း မထင်မှတ်ထားဘဲ ကောင်းကျိုးပေးခဲ့ကြတဲ့ ရာသီခွင်တွဲတွေကို ဖော်ပြပေးလိုက်ပါတယ်။


(၁) Aquarius (ဇန်နဝါရီလ ၂၁ – ဖေဖော်ဝါရီလ ၁၈) နဲ့ Pisces (ဖေဖော်ဝါရီလ ၁၉ ရက် – မတ်လ ၂၀)

Aquarius ဟာ တွေဟာ ဉာဏ်ပညာပိုင်းမှာ ထက်မြက်တယ်၊ Pisces တွေကတော့ အရမ်းကို emotional ဖြစ်လွန်းအားကြီးတယ်။ ဒါကြောင့်လဲ သူတို့နှစ်ယောက်ဟာ တော်တော်လေးကို အတိုင်အဖောက်ညီတတ်ကြတာပါ။ Pisces တွေ ပြိုလဲတိုင်း Aquarius တွေက ရှိတတ်ကြပြီး Aquarius တွေ မေတ္တာလိုတိုင်း Pisces တွေက ရှိတတ်ကြပါတယ်။


Freepik- Racool_studio


(၂) Virgo (သြရုတ်လ ၂၃ – စက်တင်ဘာလ ၂၂) နဲ့ Aquarius (ဇန်နဝါရီလ ၂၁ – ဖေဖော်ဝါရီလ ၁၈)

Virgo တွေကတော့ ပြီးပြည့်စုံသူတွေအဖြစ် လူတိုင်းက သိထားကြပြီးတော့ Aquarius တွေကတော့ ထက်မြက်ကြတဲ့အတွက်ကြောင့် တော်တော်လေးကို အတွဲညီတဲ့လူတွေပါပဲ။ သူတို့နှစ်ယောက်ပေါင်းပြီး ပြဿနာပေါင်းစုံကို ဖြေရှင်းနိုင်ကြသလို ပန်းတိုင်ပေါင်းများစွာကိုလည်း အောင်ပွဲဝင်နိုင်ကြပါတယ်။


(၃) Scorpio (အောက်တိုဘာလ ၂၃ – နိုဝင်ဘာလ ၂၂) နဲ့ Libra (စက်တင်ဘာလ ၂၃ – အောက်တိုဘာ ၂၂)

Scorpio တွေက သူတို့ကိုယ်တိုင်တောင်သူတို့ ဘာဖြစ်ချင်မှန်းမသိတဲ့လူမျိုးပါ။ ဒါကြောင့်လည်း သူတို့ကို ထိန်းကျောင်းနိုင်တာဆိုတော့ အရာရာကို သည်းခံပြီး စိတ်သဘောထားပြည့်ဝတဲ့ Libra တွေပဲဖြစ်ပါတယ်တဲ့။ Libra တွေကိုယ်တိုင်ကိုက အမြဲတမ်းလူတိုင်းကို အုပ်ထိန်းသူတွေသဖွယ်အမြဲစောင့်ရှောက်တတ်တဲ့အတွက် သူတို့အတွက်လည်း အဆင်ပြေစေမှာပါ။


Freepik- cookie_studio


(၄) Leo (ဇူလိုင်လ ၂၃ – သြဂုတ်လ ၂၂) နဲ့ Virgo (သြဂုတ်လ ၂၃ ရက် – စက်တင်ဘာ ၂၂)

တစ်ကိုယ်ကောင်းသမား Leo တွေအတွက် အကောင်းဆုံးသော အတွဲကတော့ Virgo တွေပါပဲ။ Virgo တွေဟာ ဘယ်တော့မှ ကိုယ့်ကိုယ်ကို ရှေ့တန်းမတင်တတ်တာကြောင့် Leo လို တစ်ကိုယ်ကောင်းသမားတွေနဲ့ အဆင်ပြေတာဖြစ်ပါတယ်။ နောက် နှစ်ယောက်ပေါင်းရင်လည်း မိမိကိုယ်ကိုယ်မိမိ ယုံကြည်မှုပိုမြင့်တက်စေပါတယ်တဲ့။


(၅) Aries (မတ်လ ၂၁ – ဧပြီလ ၁၉) နဲ့ Taurus (ဧပြီလ ၂၀ – မေ ၂၁)

ကြည့်ရတာ Aries တွေကတော့ ရာသီခွင်တွေထဲ လူမှုရေးကောင်းတဲ့ ရာသီခွင်တွေလို့ ဆိုရမှာပါပဲ။ နှစ်ယောက်ပေါင်းရင် တစ်ယောက်အတွက်တစ်ယောက် အမြဲတမ်းအသင့်ရှိနေတတ်ပြီး ဘယ်တော့မှာလည်း မပစ်ပယ်တတ်ကြပါဘူးတဲ့။


Freepik- freepik


(၆) Leo (ဇူလိုင် ၂၃ – သြဂုတ် ၂၂) နဲ့ Cancer (ဇွန်လ ၂၂ – ဇူလိုင်လ ၂၂)

ဖြူဖြူစင်စင်နဲ့ ချစ်ကြတဲ့ ရာခွင်နှစ်ခုလို့ ဆိုရမှာပါပဲ။ အမြဲတမ်းဂရုတစိုက်နဲ့ နွေးထွေးကြင်နာမှုတွေပြည့်နေတာတော့ Leo နဲ့ Cancer တို့ ကြားမှာပဲရှိတတ်တာပါ။


penny




Some text some message..