PUBG ဂိမ်းထဲ ရောက်ရှိလာတော့မယ့် BLACKPINK
mmtimes.com
|
2020-09-25



PUBG ဂိမ်းထဲ ရောက်ရှိလာတော့မယ့် BLACKPINK

BLACKPINK အဖွဲ့နဲ့ လူကြိုက်များတဲ့ PUBG ဂိမ်းရဲ့ ပူးပေါင်းမှု စတင်လိုက်ပြီဖြစ်ပါတယ်။

BLACKPINK ရဲ့ “How You Like That” သီချင်းကို lobby နောက်ခံတီးလုံးအဖြစ်အသုံးပြုမှာဖြစ်တယ်လို့ YG Entertainment က ကြေညာခဲ့ပါတယ်။

အောက်တိုဘာလ ၂ ရက်နေ့နောက်ပိုင်းမှာတော့ နောက်ခံတီးလုံးပြောင်းလဲသွားမှာ ဖြစ်ပြီး အဲဒီ့နေ့မှာထွက်မယ့် BLACKPINK ရဲ့ ပထမဆုံး full album ထဲက သီချင်းသစ်ကိုအသုံးပြုမှာဖြစ်ပါ တယ်။

ဒါဟာ PUBG Mobile အနေနဲ့ ကေပေါ့ပ်သီချင်းကို ပထမဆုံးအကြိမ်အဖြစ် အသုံးပြုတာလို့သိရပါတယ်။

Lobby နေရာဆိုတာ PUBG ကစားသူတိုင်းကျော်ဖြတ်ရမယ့်နေရာဖြစ်တာကြောင့် ကစားသမားတွေအားလုံးက BLACKPINK ရဲ့ သီချင်းကိုနားထောင်ရမှာပဲဖြစ်ပါတယ်။

PUBG ကစားသမားတွေနဲ့ BLACKPINK ပရိသတ်တွေ စောင့်မျှော်နေတဲ့ တခြားထူးခြားတဲ့အစီအစဉ်တွေကိုတော့ အောက်တိုဘာလ ၂၄ ရက်နေ့ ကိုရီးယားစံတော်ချိန် ညနေ ၃ နာရီမှာ တွေ့မြင်ရမယ်လို့ဆိုပါတယ်။

BLACKPINK အဖွဲ့ရဲ့ “THE ALBUM” အခွေက အောက်တိုဘာ လ ၂ ရက်နေ့မှာ ထွက်ရှိလာမှာဖြစ်ပြီး အဲဒီ့အခွေထဲက “How You Like That” နဲ့ “Ice Cream” သီချင်းတွေ ကတော့ ဇွန်လနဲ့ သြဂုတ်လတွေမှာ အကြိုထွက်ရှိထားတာဖြစ်ပါတယ်။




Some text some message..