ရိုက်ကွင်းပေါ်မှာ နှစ်ယောက်အတူတွဲကာ သရုပ်ဆောင်ရင်း ခင်မင်ရင်းနှီးနေကြတဲ့ ဖြူဖြူထွေးနဲ့ ဇာတ်မင်းသားချောလေး အောင်ဇမ္ဗူ
mmload.com
|
2020-10-08



မင်းသမီးချောလေး ဖြူဖြူထွေးကတော့ ပြုံးရယ်လိုက်တိုင်းမှာ ဟန်ဆောင်မှုကင်းတဲ့အပြုံးလေးတွေနဲ့ အရမ်းချစ်ဖို့ကောင်းလို့နေတာ ဖြစ်ပါတယ် ။ နာမည်လေးနဲ့လိုက်အောင် စိတ်သဘောထားကလည်း ဖြူစင်နေတဲ့ ဖြူဖြူထွေးက လူကြီးသူမတွေကို ရိုသေလေးစားတတ်တာ ဖြစ်ပါတယ် ။ ဒါ့အပြင် ဖြူဖြူထွေးက အလှူအတန်းနဲ့ပတ်သက်ရင် အင်မတန်ရက်ရောပြီး ကူညီတတ်တာကြောင့် အားလုံးက သူမကိုပရဟိတမင်းသမီးလေးလို့တောင် ခေါ်ဝေါ်ကြတာ ဖြစ်ပါတယ် ။

ဖြူဖြူထွေးက အလုပ်ကြိုးစားသလို သူမထက်ဝါရင့်တဲ့အနုပညာရှင်တွေအပေါ်မှာ သိတတ်လိမ္မာပြီး တလေးတစားဆက်ဆံလေ့ရှိတာ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း ဖြူဖြူထွေးက ကြော်ငြာတွေမနားတမ်း လက်ခံရိုက်ကူးနေရပြီး အရမ်းကိုအောင်မြင်နေတာပဲ ဖြစ်ပါတယ် ။ မနေ့ကလည်း ဖြူဖြူထွေးက ဇာတ်မင်းသားချောလေး အောင်ဇမ္ဗူနဲ့အတူ ကြော်ငြာလေးတစ်ခု ရိုက်ကူးခဲ့တာ ဖြစ်ပါတယ် ။

ဖြူဖြူထွေးနဲ့ အောင်ဇမ္ဗူတို့ကတော့ ရိုက်ကွင်းပေါ်မှာ အတွဲညီညီနဲ့ အကောင်းဆုံးသရုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ် ။ အခုလည်း အောင်ဇမ္ဗူက ဖြူဖြူထွေးနဲ့ရိုက်ကွင်းအမှတ်တရပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။ ကဲ ရိုက်ကူးရေးလုပ်ရင်း ခင်မင်ရင်းနှီးနေကြတဲ့ ဖြူဖြူထွေးနဲ့ ဇာတ်မင်းသားချော အောင်ဇမ္ဗူတို့ရဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။




Some text some message..