နှစ်အကြာကြီး အတူ နေလာတဲ့ အိမ်အကူကို အိမ်ဝယ်ပေးခဲ့တဲ့ ဖိလစ်ပိုင်မင်းသမီး
auntymay.com
|
2020-10-22

Dimples Romana က တော့ ဖိလစ်ပိုင် မင်းသမီးတစ်ယောက်ပါ။သူမက တော့ ရုပ်ရှင်ကားနဲ့ ဒရမ်မာ စီးရီး တော်တော် များများ မှာ ပါဝင် သရုပ်ဆောင်ခဲ့ဖူးပါတယ်။အသက် (၃၅)နှစ်ရှိနေတဲ့ Dimples Romana က တော့ Pacquiao: The Movie ၊ Wag Kang Lilingon ၊ One More Chance ၊ When Love Begins၊ Mara Clara.. အစရှိတဲ့ ဇာတ်ကားတွေ မှာ ပါဝင် သရုပ်ဆောင် ခဲ့ဖူးပါတယ်။မင်းသမီးနဲ့ သူမရဲ့ ခင်ပွန်း Boyet Ahmee တို့ က တော့ သူတို့ အိမ်မှာ နှစ်အကြာကြီး အိမ်အကူ လုပ်လာခဲ့တဲ့ အမျိုးသမီး တစ်ယောက် ကို ကျေးဇူး တင်တဲ့ အနေနဲ့ တန်ဖိုးကြီး လက်ဆောင် ပေးခဲ့ပါတယ်။ဒီအ ကြောင်းကိုတော့ entertainment.inquirer မှာ ဖော်ပြထားတာပါ။



View this post on Instagram

#OhMyDad with @ianveneracion1 @adrianlindayag @sueannadoodles @louiseabuel @its.gloriadiaz @arielureta @fino.herrera @viveikaravanes @gerryacao Directed by Direk @jeffreyjeturian Magsisimula na ang kakaibang family adventure na x3 sa saya at x3 sa gulo! OH MY DAD! @brightlightprodph #OhMyDad #BrightlightProductionsOnTV5 #TV5BiggerBetterBERmonths @tv5manila
A post shared by

Dimples Romana (@dimplesromana) on



အိမ်အကူ အမျိုးသမီးကြီးက တော့ Dimples Romana တို့နဲ့ အတူတူ နေလာ တာ (၁၇)နှစ် လောက်ရှိနေပါပြီ။ဒီလောက် နှစ် အကြာကြီး နေလာတဲ့ အိမ်အကူ အမျိုးသမီးကို ကျေးဇူးတင်တဲ့ အနေနဲ့ Dimples Romana နဲ့ သူမရဲ့ ခင်ပွန်းက အိမ် တစ် လုံး ဝယ် ပေးခဲ့ပါတယ်။ Ate V လို့ သူတို့ ခေါ် ကြတဲ့ အဲ့ဒီ အမျိုးသမီး ကိုတော့ surprise လုပ် ခဲ့ပြီး ကြည်နူးစရာ ကောင်းတဲ့ အဲ့ဒီ ဗီဒီယိုဖိုင် ကိုတော့ သူမရဲ့ အ ကောင့်နဲ့ Youtube Channel တို့ မှာ အောက်တိုဘာ (၁၆) ရက်နေ့က တင်ထားပါတယ်။ Ate V ကို အိမ် နဲ့ ပတ်သက် ပြီး ဘာမှ မ ပြောပဲ သူမ အတွက် ဝယ်ပေးထားတဲ့ အိမ် အသစ် ဆီကို ခေါ် သွားခဲ့ပါတယ်။


Image:youtube/Dimples Romana

သူတို့လင်မယား အိမ်ဝယ်ဖို့ စီစဉ်ထားတယ်၊ဒါကြောင့် လိုက် ကြည့် ပေးပါ ဆိုပြီး ခေါ်သွားခဲ့တာပါ။ Romana နဲ့ Ahmee တို့ က တော့ အိမ် ဝယ်မယ်ဆိုတိုင်း Ate V ဆီက အကြံဉာဏ်ကို ယူလေ့ရှိကာ ယုံကြည်လို့ ဆုံးဖြတ် ခိုင်း လေ့ရှိတာပါ။အိမ်ကို လှည့် ပတ် ကြည့်ပြီး နောက် မှာတော့ ဘယ်လို နေလဲ ၊သူမ အတွက် ဆောက်ထားတယ်လို့ တောင် ထင်မိတယ်ဆိုပြီး Ate V ကို မကြာခဏ စ နောက် လေ့ရှိ ပါတယ်။အိပ်ခန်း တစ်ခန်း ကို လိုက်ကြည့် ဖို့ ခေါ် သွားပြီး အဲ့ဒီအခန်းမှာတော့ ပူဖောင်းတွေနဲ့ အလှဆင်ထားသလို “ဟုတ်ပါတယ်. ဒါက ရှင့် အတွက်ပါ .” ဆိုပြီး စာရေး ထားခဲ့ပါတယ်။



View this post on Instagram

God. Goals. Grind. Inhale courage, exhale fear! To all the queens reading this, yes YOU!! put on that invisible crown, chin up, wipe those tears away, let’s get ready to SLAY!
A post shared by

Dimples Romana (@dimplesromana) on



Ate V က တော့ ဝင် လိုက်တဲ့ အချိန်မှာ စာကို မြင်သွားပြီး အံ့အား မယုံနိုင် ဖြစ်သွားတဲ့ ပုံပါ။Romana က သူမကို အိမ်ကို ကြိုက် ရဲ့ လား လို့ မေးလာတဲ့ အချိန်မှာတော့ Ate V တစ်ယောက် မျက်ရည်တွေ ပါ ကျလာခဲ့ပါတယ်။အဲ့ဒီမှာတော့ Romana ကလည်း လိုက် ငို ခဲ့ပါတယ်။ Ate V က တော့ ကျေးဇူး အများကြီး တင်ပါတယ် ဆိုပြီး ပြောခဲ့ပါတယ်။ Romana က တော့Ate V ကို လစဉ် အချိန် မှန် မပေးနိုင် ခဲ့တဲ့ အချိန်တွေ လည်းရှိဖူးကြောင်း၊(၇)လ လောက် တောင် မှ နောက် ကျ သွားတာ မျိုး ရှိခဲ့ ဖူး ပေမယ့် Ate V က တော့ အခုထိ သူမ တို့ မိသားစု နဲ့ ဆက်ရှိ နေ ပေးခဲ့တဲ့ သူ တစ်ယောက်ပါလို့ ပြောခဲ့ပါတယ်။



#AUNTYMAY




Some text some message..