ရခိုင်ဝန်ကြီးလောင်းကို မဲပေးဖို့အကြံပြုလာတဲ့ ရခိုင်တိုင်းရင်းသားတေးသံရှင် ရှိုင်း
celegabar.com
|
2020-10-26



လူငယ်တေးသံရှင်တစ်ယောက်ဖြစ်တဲ့ အဆိုတော် ရှိုင်းကတော့ ရခိုင်တိုင်းရင်းသား တစ်ယောက်အနေနဲ့ ကိုယ့်ပြည်နယ် ကိုယ့်လူမျိုးအတွက် ခေါင်းဆောင်ကောင်းတစ်ယောကို မဲပေးကြဖို့အတွက် ပရိသတ်တွေကို အကြံပြုလာခဲ့ပါတယ် ။ ရခိုင်လူမျိုးတစ်ယောက်ပီပီ ရခိုင်ဘာသာ စကားနဲ့ ဝန်ကြီးလောင်းကို မဲပေးကြဖို့အတွက် ရခိုင်လူမျိုး ပရိသတ်တွေကို အကြံပြုခဲ့တာပါ ။





ရခိုင်သားတစ်ယောက်အနေနဲ့ ပထမဆုံး post တင်ခြင်းဖြစ်ပြီး ရန်ကုန်တိုင်း ၊ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးလောင်း ကိုတင်ထူးအောင်နှင့်တကွ ရခိုင်အနုပညာရှင် တိုင်းရင်းသား ညီအစ်ကိုများနဲ့အတူ ( ရွှေပြည်သာမြို့နယ် )အောင်နိုင်ရေးရုံးဖွင့်ပွဲကို တက်ရောက်ကြဖို့အတွက် အကြံပြုစာ ရေးသားခဲ့တာဖြစ်ပါတယ် ။ နိုင်ငံရေးသမားမဟုတ်ပေမယ့် ကျွန်တော့်အနေနဲ့ ကိုယ့်လူမျိုးတွေရဲ့ အခက်အခဲတွေ ၊ အခွင့်အရေးတွေကို တကယ်လက်တွေ့ ကူညီကာကွယ်ပေးဖို့ ခေါင်းဆောင်ကောင်းတစ်ယောက်လို့ ယုံကြည်ရတဲ့ လူကိုတော့ ရခိုင်တိုင်းရင်းသားတစ်ယောက်အနေနဲ့ ဝန်းရံပံ့ပိုးပေးဖို့ အဆင်သင့်ရှိကြောင်းကို ပရိသတ်တွေကို အသိပေးရေးသားဖော်ပြခဲ့ပါတယ် ။





ကျွန်တော်နဲ့ အတူ ရခိုင်လူငယ်မောင်မယ်တိကိုလည်း ကိုယ့်လူမျိုးတိအတွက် ကူညီစွမ်းဆောင်ပီးနိန်ရေ ဝန်ကြီးလောင်း ကိုတင်ထူးအောင်ကို မဲပီးကတ်ဖို့ အကြံပြုလိုက်ပါရေ . . .အဖရခိုင်ပြည်ကြီး ငြိမ်းချမ်းသာယာ တိုးတက်ပါစီ . . ဆိုတဲ့ ရခိုင်ဘာသာစကားလေးနဲ့လည်း ဝန်ကြီးလောင်း ကို ရခိုင်တိုင်းရင်းသားတွေ မဲပေးကြဖို့ အတွက် လူမှုကွန်ရက်စာမျက်နှာကနေတဆင့် တိုက်တွန်းရေးသားခဲ့တာပဲဖြစ်ပါတယ် ၊


Source : Shine
Emily (Cele Gabar)



Paing Phyo Thu 123

မင်းသမီးချောလေးပိုင်ဖြိုးသုကတော့ ပရိသတ်တွေရဲ့အချစ်ကိုရရှိထားတဲ့ နာမည်ကြီးမင်းသမီးတစ်လက်ပါ။ ဒါရိုက်တာဏကြီးနဲ့လက်ထပ်ထားတာဖြစ်ပြီး သုသုကတော့ အသက် (၉) နှစ်ကြီးတဲ့ခင်ပွန်းကို ကလေးတစ်ယောက်လိုချွဲတတ်တာကြောင့်လည်း ချစ်စရာကောင်းဆိုပြီးတော့ ပရိသတ်တွေက ပြောလေ့ရှိကြတာပါ။ တစ်ယောက်နဲ့တစ်ယောက်ချစ်ခင်ကြင်နာကြတဲ့ သူတို့စုံတွဲကို ပရိသတ်တွေကအားကျနေရတာလည်း ဖြစ်ပါတယ်။





သုသုကတော့နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်သလို ကိုယ်အလေးချိန်ကိုလည်း ဂရုတစိုက်ထိန်းသိမ်းနေတာပါ။ အသားမစားဘဲဝိတ်ချနေတာဖြစ်ပြီး ဒီနေ့မှာတော့ သုသုတစ်ယောက်ခင်ပွန်းဖြစ်သူက ချက်ကျွေးတာကိုစားဖြစ်ခဲ့ပြီး ကျေနပ်ပီတိဖြစ်နေပုံရပါတယ်။ အဲ့ဒီအကြောင်းကိုလည်း ဖေ့ဘွတ်ခ်ပေါ်မှာ “လေ့ကျင့်ခန်းတွေလုပ်ပြီး ကိုယ်လက်တွေကိုက်လို့ဆိုပြီးဆေးသောက်အိပ်လိုက်တာ မအိပ်စဖူးနေ့လယ်၁၁အထိအိပ်ပျော်သွားတယ်….. နိုးလာတော့ “ရော့….နေ့လယ်စာပြင်ပေးထားတယ်”ဆိုပြီး brunch in bed လေးကိုယ်တိုင်လုပ်ပေးထားတော့….ဒီကဝတုတ်ပီတိတွေဖြာပေါ့…အသားမစားသော ဝိတ်ချနေတဲ့သူ့မိန်းမ အတွက်ပြင်ဆင်ပေးထားမှု…ဦးရေခဲ (၁၀၀)မှတ်” ဆိုပြီးတော့ ပြင်ဆင်ပေးထားတဲ့အစားသောက်တွေနဲ့အတူ ရေးသားထားပါတယ်။



ပရိသတ်တွေကတော့ ဂရုစိုက်တတ်သူခင်ပွန်းကိုရရှိထားတာကြောင့် အားကျနေတယ်ဆိုပြီးတာ့ မှတ်ချက်တွေလည်း ရေးသားထားတာပါ။ ဇနီးဖြစ်သူမင်းသမီးချောလေးကို ဂရုစိုက်အချစ်ပိုလွန်းတဲ့ ဒါရိုက်တာကြီးကတော့ အိမ်မှာစားဖိုမှူးကြီးဖြစ်နေတယ်ထင်ပါရဲ့နော်…
Source : PaingPhyopThu




Some text some message..