ပန်းချီအလှူရှင်တွေထဲမှာ အသက်အငယ်ဆုံးပန်းချီဆရာအဖြစ်ပါဝင်လာတဲ့ အိန္ဒြာကျော်ဇင်ရဲ့သမီးလေး ပြေသုဒြာ
celegabar.com
|
2020-10-27

pyay thudra 2

လတ်တလော မြန်မာနိုင်ငံရဲ့ကိုဗစ်ထိန်းချုပ်ကာကွယ်ရေးကာလကို အဆင်ပြေပြေဖြတ်သန်းနိုင်အောင် အစိုးရကသာမက ပြည်သူတွေကပါ အားစိုက်ထုတ်နေသလို ပြည်သူချစ်အနုပညာရှင်တွေစုပေါင်းပြီးတော့လည်း ကိုဗစ်အလှူအတွက် ပန်းချီကားတွေရောင်းချပြီး ရန်ပုံငွေရှာဖို့ ပြုလုပ်နေကြပါတယ်။ မကြာခင်အချိန်အတွင်းမှာ ပါဝင်လှူဒါန်းပေးကြတဲ့အနုပညာရှင်တွေရဲ့ ပန်းချီကားတွေကို 3Color ပန်းချီပြခန်း Facebook Page မှာ ကြမ်းခင်းဈေးသတ်မှတ်ကာ ရောင်းချပေးသွားမှာဖြစ်ပါတယ်။




ဒီပန်းချီကားရောင်းချပြီး ရန်ပုံငွေရှာဖို့အတွက် စိတ်အားထက်သန်စွာ ကိုယ်တိုင်ရေးပန်းချီကားတွေ လှူဒါန်းပေးခဲ့သူတွေကတော့ ပန်းချီဆရာကြီးဒါရိုက်တာ ဦးဝင်းဖေ၊ ဒါရိုက်တာကိုပေါက်၊ ပိုင်တံခွန်၊ အိန္ဒြာကျော်ဇင်၊ ဒါရိုက်တာ ပန်းချီစိုးမိုး၊ တေးရေးဆရာ မြင့်မိုးအောင်၊ ဟန်ထူးလွင်၊ G Latt ၊ ဇော်ဝင်းထွဋ်၊ တေးရေး တေးဆို ပန်းချီဆရာ နေမျိုးဆေး၊ တေးရေးတေးဆို နေဒီလင်း( ဝဏ္ဏကိုလေး) ၊ ဆန်းထွဋ် ၊ ဒါရိုက်တာ မောင်မျိုးမင်း၊ ဒါရိုက်တာ ကိုအောင်မင်းသိမ်း၊ တေးရေးတေးဆို အရိုး တို့အပြင် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ရဲ့သမီးလေး ပြေသုဒြာပါ ပါဝင်လာခဲ့ပါတယ်။




ပြေသုဒြာကတော့ အလှူရှင်တွေထဲမှာ အငယ်ဆုံးအလှူရှင်လေးဖြစ်သလို အသက်အရွယ်နဲ့မလိုက်အောင် လှူချင်တန်းချင်တဲ့စိတ်လေးကြောင့် ဒီအစီအစဉ်လေးမှာ အထူးအလှူရှင်အနေနဲ့ ထည့်ပေးထားတာဖြစ်ပါတယ်။ မယ်သုရဲ့ ပန်းချီလက်ရာလေးက ဘယ်လိုဖြစ်မလဲဆိုတာကိုတော့ 3Color ပန်းချီပြခန်း Facebook Page မှာ မြင်တွေ့ရတော့မှာပါ ပရိသတ်ကြီးရေ.. မကြာခင်မှာပဲ အနုပညာရှင်တွေရဲ့ပန်းချီလက်ရာတွေကို ကြမ်းခင်းဈေးသတ်မှတ်ပြီး ရောင်းချပေးတော့မှာဖြစ်လို့ တတ်နိုင်သူတွေအနေနဲ့ ပန်းချီကားတွေဝယ်ရင်း ကိုဗစ်အလှူလေးကို ပါဝင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။



Source – 3Color ပန်းချီပြခန်း
Rainbow- Cele Gabar




Some text some message..