ပရိသတ်တွေအတွက် သီတင်းကျွတ်ဆုမွန်ကောင်းတွေတောင်းပေးခဲ့တဲ့ Ah Boy တို့မိသားစု
celegabar.com
|
2020-10-30



Ah Boy နဲ့မြတ်ရတနာကျော်တို့ ကတော့ လူတိုင်းအားကျရတဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားတဲ့အနုပညာရှင်စုံတွဲပါ ။ ချစ်ဇနီးချောလေး နဲ့ ချစ်ရတဲ့ သမီးလေး တို့နဲ့အတူ ပျော်ရွှင်အေးချမ်းတဲ့ဘဝကို ဖြတ်သန်းနေသူတဲ့ Ah Boy က မြတ်ရတနာကျော်နဲ့အတူ Our Travel Dairies ဆိုတဲ့ Vlog လေးလုပ်ပြီး ခရီးသွားရင်း ရရှိလာတဲ့အတွေ့အကြုံနဲ့ လည်ပတ်စရာနေရာလေးတွေကို မျှဝေပေးခဲ့ပါတယ် ။





လတ်တလောမှာတော့ သူ့ရဲ့ Our Travel Dairies ဆိုတဲ့ Page လေးကနေတဆင့် ပရိသတ်တွေကို သီတင်းကျွတ်ဆုမွန်ကောင်းလေးတွေတောင်းပေးခဲ့ပါတယ် ။ သီတင်းကျွတ်အချိန်အခါလေးမှာ OTD ပရိသတ်ကြီးအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းတို့နဲ့ ပြည့်စုံနိုင်ပြီး ကပ်ရောဂါဘေးအန္တရာယ်မှကင်းဝေးနိုင်ကြပါစေလို့ ကျွန်တော်နဲ့မြတ်တို့မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ဆိုတဲ့စာသားလေးနဲ့အတူ သူတို့မိသားစုလေးရဲ့ သီတင်းကျွတ်ပုံရိပ်လေးတွေကို မျှဝေပေးလာခဲ့ပါတယ် ။





ချစ်ရတဲ့ ပရိသတ်တွေကတော့ သူတို့မိသားစု (၃) ယောက်ရယ် ချစ်စဖွယ် သီတင်းကျွတ်အမှတ်တရ ပုံရိပ်လေးတွေကို အရမ်းကိုချစ်နေကြပြီး သီတင်းကျွတ်ဆုမွန်ကောင်းတွေ ပြန်လည်ရေးသားပေးခဲ့ကြပါတယ် ။ Ah Boy တို့မိသားစုကို ချစ်တဲ့ ဆယ်လီကမ္ဘာ ပရိသတ်ကြီးအတွက်လည်း ချစ်စဖွယ် မိသားစုပုံရိပ်လေးတွေကို ထပ်ဆင့်မျှဝေပေးလိုက်ပါတယ်နော် ။


Source : Ah Boy
Emily (Cele Gabar)





ပရိသတ်ကြီးရေ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ မှာ ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်ခဲ့တဲ့ ဝါရင့် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် ဦးကြည်စိုးကတော့ ဒီနေ့ အောက်တိုဘာလ (၃၀) ရက်နေ့မှာ ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိပါတယ် ။





ဦးကြည်စိုးက ကွယ်လွန်ချိန်မှာ အသက် (၇၂) နှစ်ရှိပြီဖြစ်ပြီး သရုပ်ဆောင်အလုပ်အပြင် အိမ်ခြံမြေ ရေးရာကျွမ်းကျင်သူအဖြစ် ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ် ။ လက်ရှိမှာလည်း အိမ်ခြံမြေနဲ့ ပတ်သက်တာတွေကို Online Class ဖွင့်ပြီး သင်ကြားနေသူဖြစ်ပါတယ် ။





ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာပါဝင်ခဲ့တဲ့ သရုပ်ဆောင် ဦးကြည်စိုး (ခ) IC ( အိမ်ဘုရင်) ကွယ်လွန်သွားခဲ့တဲ့အတွက် ပရိသတ်တွေလည်း မိသားစုနဲ့ထပ်တူ ဝမ်းနည်းစိတ်မကောင်းဖြစ်နေကြပါတယ် ။ သရုပ်ဆောင်ဦးကြည်စိုးတစ်ယောက် ကောင်းရာသုဂတိလားပါစေလို့ ဆယ်လီကမ္ဘာကလည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။


Source : KyiSoe IC
Emily (Cele Gabar)




Some text some message..