ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပီပြင်လွန်းတဲ့ သရုပ်ဖော်နိုင်မှုတွေကြောင့် ဇာတ်ကားတွေများစွာ ရိုက်ကူးထားကြတဲ့ သရုပ်ဆောင်ဗျိုက်နဲ့ ညီနန္ဒတို့ ညီအစ်ကို နှစ်ယောက်ကိုတော့ ပရိသတ်တွေနဲ့ အထူးတလည်မိတ်ဆက်ပေးစရာ မလိုတော့ပါဘူးနော်..။
အောင်မြင်မှုတွေနဲ့အတူ သရုပ်ဆောင်ကောင်းလွန်းပေမယ့် အကြွေစောခဲ့ရတဲ့ သရုပ်ဆောင်ဗျိုက်ကိုလည်း ပရိသတ်တွေ သတိရနေကြဦးမယ်လို့ မျှော်လင့်ပါတယ်နော်..။
ညီနန္ဒကတော့ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ အစ်ကို ဖြစ်သူ ဗျိုက်ကို လွမ်းဆွတ်သတိရနေပြီး သူ့ရဲ့ငယ်ငယ်က အမှတ်တရလေးတွေကိုလည်း ပြောပြလာပါတယ်နော်..။
ပရိသတ်တွေ မမြင်ကြသေးတဲ့ အစ်ကိုဖြစ်သူ သရုပ်ဆောင်ဗျိုက်နဲ့အတူ ရိုက်ကူးထားတဲ့ ငယ်ဘဝပုံလေးကိုထုတ်ပြရင်း အမှတ်တရလေးတွေကို ပြောပြထားတာပါ..။
"ငယ်ငယ်တုန်းက ကျွန်တော်တို့ မောင်နှမသုံးယောက်...
ကျွန်တော့အစ်ကိုဗျိုက် နဲ့ ကျွန်တော့ညီမလေး ကတော့ ငယ်ငယ်တည်းက ချစ်ဖို့ကောင်းကြတယ်...
ကျွန်တော့ရုပ်က ငယ်ငယ်တုန်းက ရိုက်ပေါက်...
ကြီးလာမှနည်းနည်းအချိုးပြေသွားတာ..." ဆိုပြီး ငယ်ဘဝပုံလေးနဲ့အတူ အမှတ်တရလေးတွေကိုလည်း ပြောထားတာ ဖြစ်ပါတယ်နော်..။
ကဲ.. ပရိသတ်ကြီးရေ.. ဒီကနေ့လေးမှာတော့ ဗျိုက်နဲ့ ညီနန္ဒတို့ မောင်နှမသုံးယောက်ရဲ့ ငယ်ဘဝပုံရိပ်လေးတွေနဲ့အတူ သူတို့ညီအစ်ကိုနှစ်ယောက်ရဲ့ ပုံလေးတွေလည်း ဝေမျှလိုက်တာမို့ ပရိသတ်တွေလည်း အလွမ်းပြေကြမှာပါနော်..။