SM ရဲ့ အဖွဲ့သစ် “aespa” က အဖွဲ့ဝင်လေးယောက်အကြောင်း
auntymay.com
|
2020-11-06

“æspa” လို့ ရေးတဲ့ အဖွဲ့သစ်တစ်ဖွဲ့ကိုတော့ SM ကနေပြီး စတင်မိတ်ဆက်လာခဲ့ပါတယ်။ “aespa” ဟာ SM ရဲ့ girl group အသစ်ဖြစ်ပြီးတော့ အဖွဲ့ဝင် (၄) ယောက်နဲ့ ဖွဲ့စည်းထားခဲ့ပါတယ်။ Karina ရယ်၊ Giselle ရယ်၊ Winter နဲ့ NingNing ရယ်တို့ပဲဖြစ်ပါတယ်။ လာမယ့် နိုဝင်ဘာလ ၁၇ ရက်နေ့မှာ “Black Mamba” ဆိုတဲ့ သီချင်းနဲ့ စတင် debut လုပ်သွားမှာပါ။ ဒီတော့ “aespa” ရဲ့ member (၄) ယောက်အကြောင်းလေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

“aespa” လို့ ဘာကြောင့် နာမည်ပေးရသလဲဆိုတော့ “Experiencing a new world via the encounter of the ‘avatar’, your other self” ဆိုတဲ့ အဓိပ္ပါယ်နဲ့ပါတဲ့လေ။



Instagram: 

@aespa_official
Karina

နာမည်အရင်းကတော့ Yoo Ji Min ဖြစ်ပြီးတော့ ဧပြီလ ၁၁ ရက်နေ့၊ ၂၀၀၀ ခုနှစ်မှာ မွေဖွားတဲ့သူပါ။ အရပ်ကတော့ ၅ ပေနဲ့ ၅ လက်မရှိနေပြီး ကိုယ်အလေးချိန်ကတော့ ၉၉ ပေါင်ရှိလို့နေပါတယ်။ အရင်ကတည်းက Taemin ရဲ့ “Want” ဆိုတဲ့ MV မှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပြီးတော့ မကြာသေးခင်ကပဲ EXO ရဲ့ Kai နဲ့လည်း Hyundai Motor ကြော်ငြာမှာ အတူတွဲပြီးတော့ သရုပ်ဆောင်ခဲ့ပါသေးတယ်။ SM မှာ ၄ နှစ်ကြာ trainee ဘဝနဲ့ နေပြီးကာမှ အခုလိုမျိုး ဖြစ်လာခဲ့တာပါ။ သူမရဲ့ ideal boyfriend type ကတော့ သူမတစ်ယောက်တည်းကိုပဲ စိတ်တွေအကုန်လုံး ပုံပေးထားမယ့် boyfriend မျိုး လိုချင်တာပါတဲ့။ ရုပ်ပိုင်းဆိုင်ရာအရဆိုရင်တော့ နှာခေါင်းလေးလှပြီး ၅ ပေ ၁၁ အောက် မလျော့ရပါဘူးတဲ့။ အဖွဲ့မှာတော့ rapper နဲ့ vocalist အပြင် dancer အဖြစ်ပါ တာဝန်ယူထားပါတယ်။



Instagram: 

@aespa_official
Giselle

Giselle ရဲ့ နာမည်အရင်းကတော့ Uchinaga Aeri ပါတဲ့။ အဖွဲ့ထဲ rapper အဖြစ်ပြီးတော့ ဂျပန်လူမျိုးတစ်ယောက်ပါ။ ဖခင်က ကိုရီးယားဖြစ်ပြီး မိခင်ကတော့ ဂျပန်လူမျိုးပါ။ အောက်တိုဘာလ ၃၀ ရက်နေ့၊ ၂၀၀၀ ခုနှစ်မှာ မွေးခဲ့ပြီးတော့ အရပ်ကတော့ ၅ ပေ၃ လက်မပါတဲ့။ သူမကို Riri လို့လည်း ခေါ်ပါသေးတယ်။ Trainee ဘဝနဲ့ ၁၁ လသာ နေခဲ့ရပြီးတော့ တိုကျိုမှာနေလာခဲ့တာပါ။ BLACKPINK နဲ့ GOT7 ကတော့ သူမရဲ့အကြိုက်ဆုံးပါပဲ။



Instagram: 

@aespa_official
Winter

နာမည်အရင်းကတော့ Kim Min Jeong ဖြစ်ပြီးတော့ vocalist နဲ့ lead dancer ပါတဲ့။ အရပ်ကတော့ ၅ ပေ၃ လက်မဖြစ်ပြီးတော့ ဘူဆန်သူဖြစ်ပါတယ်။ Baby Rabbit ဆိုပြီးလည်း သူမကို ချစ်စနိုးနဲ့ခေါ်ပါသေးတယ်။ SM မှာတော့ trainee အဖြစ် ၄ နှစ်နီးပါး ရှိနေခဲ့တာပါ။



Instagram: 

@aespa_official
NingNing

NingNing ကတော့ တရုတ်မလေးဖြစ်ပြီး နာမည်အရင်းကတော့ Ning Yizhou ပါတဲ့။ ကိုရီးယားနာမည်ကတော့ Jeo Ye Tak လို့ခေါ်ပြီး အင်္ဂလိပ်နာမည်ကတော့ Vivian Ning ပါတဲ့လေ။ Vocalist နဲ့ maknae အဖြစ် အဖွဲ့မှာ ရှိနေပါတယ်။ သူမကတော့ အဖွဲ့ရဲ့ အငယ်ဆုံးလေးဖြစ်ပြီးတော့ ၂၀၀၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့မှာ မွေးဖွားခဲ့တာပါ။ အရပ်ကတော့ ၅ ပေနဲ့ ၄ လက်မပါတဲ့။ Harbin ဇာတြိဖ်ပြီးတော့ ဟင်းချက်လည်း ကျွမ်းသလိုပဲ အရုပ်လေးတွေကိုလည်း အခုအချိန်ထိ ချစ်နေဆဲပါ။ ၂၀၁၆ ခုနှစ်ကတည်းက SM မှာ trainee အနေနဲ့ရှိနေခဲ့ပြီးတော့ ဘယ်နလမှမကြာဘဲနဲ့ trainee ကနေ Rookie ဖြစ်လာခဲ့ပါတယ်။



Instagram: 

@aespa_official
penny




Some text some message..