ဒီကနေ့မှာပဲ ကွယ်လွန်သွားတဲ့ ခင်ပွန်းဖြစ်သူအတွက် ပူဆွေးသောကရောက်နေရှာတဲ့ သရုပ်ဆောင်ယမင်းကိုကို
mmload.com
|
2020-11-07



ပရိသတ်ကြီးရေ.. တစ်ခေတ်တခါက ပုရိသပရိသတ်တွေရဲ့ အသည်းတွေကို ခြွေယူထားနိုင်ခဲ့တဲ့ မော်ဒယ်သရုပ်ဆောင် မင်းသမီးချော ယမင်းကိုကို ကိုတော့ ပရိသတ်တွေအမှတ်ရနေကြဦးမှာပါနော်..။

ကြော်ငြာတွေအပြင် ဇာတ်ကားတွေလည်း များစွာရိုက်ကူးထားတဲ့ ယမင်းကိုကိုကတော့ ယနေ့အချိန်အထိ အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးနည်းပားသွားပေမယ့် သူမရဲ့လှုပ်ရှားမှုလေးတွေကို အမြဲမျှဝေလေ့ရှိပါတယ်နော်..။

ယမင်းကိုကိုကတော့ ခင်ပွန်းဖြစ်သူ ဦးသက်ဆွေဟာ ဒီကနေ့လေးမှာပဲ ဆုံးပါးကွယ်လွန်သွားတဲ့ ဝမ်းနည်းပူဆွေးနေရပြီး လွန်ခဲ့တဲ့ (၂၄)နှစ်က သူမတို့ရဲ့ မင်္ဂလာဆောင် အမှတ်တရပုံရိပ်လေးတွေဝေမျှထားပါတယ်နော်..။

"1996 - 2020.." ဆိုပြီး သူတို့ဇနီးမောင်နှံတို့ရဲ့ မင်္ဂလာဆောင်အမှတ်တရပုံရိပ်လေးတွေကို ယမင်းကိုကိုက ဝေမျှထားတာမို့ ပရိသတ်တွေကလည်း အားပေးစကားလေးတွေနဲ့အတူ ဝမ်းနည်းစိတ်မကောင်းကြောင်း ရေးသားထားကြတယ်နော်..။

ယမင်းကိုကိုရဲ့ ခင်ပွန်းဖြစ်သူ ဦးသက်ဆွေဟာ ယနေ့နိုဝင်ဘာ(၇)ရက်နေ့မှာပဲ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားတာဖြစ်ပြီး မိသားစုတွေနဲ့အတူ အားလုံးက စိတ်မကောင်းဖြစ်နေကြတာပါ..။

စိတ်မကောင်းစရာသတင်းလေးကို ပရိသတ်တွေအတွက်ဝေမျှရင်း ယမင်းကိုကိုရဲ့ ခင်ပွန်းဖြစ်သူ ဦးသက်ဆွေတစ်ယောက် ကောင်းရာသုဂတိလားစေဖို့ ဆုတောင်းပေးလိုက်ပါတယ်နော်..။




Some text some message..