
Honey_ Shin Bone
ဒီနေ့ကတော့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနေတာဖြစ်တာကြောင့် တစ်နိုင်ငံလုံးကပြည်သူတွေကတာ့ မနက်(၆)နာရီမှ ညနေ(၄)နာရီအတွင်း ဆန္ဒမဲပေးလျက်ရှိနေတာပါ။ အချို့ကတော့ မနက်(၆)နာရီမထိုးခင်ကတည်းက မဲရုံရှေ့ရောက်ရှိပြီး တက်ကြွစွာမဲပေးနေကြတာပါ။ အဲ့ဒီအထဲမှာရှင်ဖုန်းတစ်ယောက်လည်း ပါဝင်ခဲ့ပါတယ်။
ရှင်ဖုန်းကတော့ အစောဆုံးသွားရောက်ခဲ့ပြီး အရင်ဆုံးမဲပေးတဲ့သူတစ်ယောက်ဖြစ်ခဲ့တာပါ။ အဲ့ဒီအကြောင်းကိုတော့ တစ်ချိန်ကပရိသတ်အချစ်တော်မင်းသမီးကြီးဟန်နီထွန်းက “အနုပညာရှင်တွေထဲမှာ ချစ်စရာကောင်းတာက ညီမလေး ရှင်ဖုန်း မနက် သုံးနာရီခွဲထဲက မဲရုံရှေ့ရောက်ပြီး သူအရင်ဆုံး နံပါတ်(၁)ဝင်ရတာပဲတဲ့ ဂီတလောကသားတွေ အတက်ကြွဆုံးပဲ တက်ကြွလိုက်တာ ရုပ်ရှင်လောကကတော့ လူ အယောက်(၅၀)တောင်ပြည့်ပါ့မလားပဲ” ဆိုပြီးတော့သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ချီးကျူးစကား ဆိုထားခဲ့ပါတယ်။
ဒီနေ့မှာ အနုပညာရှင်တွေကသူတို့ရဲ့ဖေ့ဘွတ်ခ်အကောင့် တွေမှာ မှင်စွန်းနေတဲ့လက်သန်းတွေနဲ့အတူ တက်ကြွစွာမဲပေးခဲ့ကြောင်းကို အသီးသီးဖော်ပြလာကြတာပါ။ ရှင်ဖုန်းကတော့ အရင်ဆုံးမဲရုံကိုဝင်ခွင့်ရတဲ့အထိတကယ့်ကိုတက်တက်ကြွကြွနဲ့မဲပေးခဲ့တာပါ။
Source : HoneyHtun,ShinBone
အစကတည်းက မိဘစကားနားထောင်တဲ့မိုးဟေကိုက ဆရာဂျွန်လွင် စကားကိုအမြဲ နာခံလိုက်နာတတ်သူမို့ ဆရာဂျွန်လွင်ရဲ့ အချစ်တော် တပည့်မလေးဖြစ်နေတာပါ ။ ဆရာဂျွန်လွင် က သရုပ်ဆောင်အလုပ်ကို လုပ်ရမယ် သရုပ်ဆောင်မင်းသမီးနဲ့ လိုက်တယ် ဆိုပြီးတော့ လမ်းကြောင်းပေးခဲ့တဲ့အပေါ် နာခံပြီး လျှောက်လှမ်းခဲ့တာ အရမ်းကိုအောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်လာခဲ့တာပါ ။
ဆရာဂျွန်လွင်က အကြံဉာဏ်တွေလည်းပေးသလို အဓိကကတော့ ခွန်အားအမြဲပေးတဲ့အတွက် အဲ့ဒီနှစ်ချက်တည်း နဲ့တင်အရာအားလုံးပြီးပြည့်စုံနေပါပြီ”လို့တောင်အင်တာဗျူးတွေမှာဖြေဆိုခဲ့တာပါ ။ ဒီနှစ်သီတင်းကျွတ်မှာလည်း မိုးဟေကိုတစ်ယောက် သူမရဲ့ ဆရာ ဂျွန်လွင်ကို သွားရောက်ကန်တော့ပြီး ဂါရဝပြုခဲ့တဲ့အတွက် ဆရာတစ်ယောက်အနေနဲ့ ဂျွန်လွင်တစ်ယောက် အရမ်းကို ပီတိဖြစ်နေခဲ့တာပါ ။
သားသမီးအရင်းသဖွယ် အစဉ်ချစ်ခင်ရတဲ့မိုးဟေကို မိဘကိုအရမ်းသိတတ်တဲ့ သမီးစိတ်နှလုံးရွှင်လန် းစီးပွါးရေးလောကမှာအောင်မြင်ပြီးအနုပညာမှာထိပ်ဆုံးဖြစ်ပြီး အကယ်ဒမီလဲအမြန်ရပါစေ ဆိုတဲ့ဆုမွန်ကောင်းတွေလည်းအများကြီးပေးခဲ့ပါသေးတယ် ။ ပရိသတ်တွေကတော့ သူမတို့ရဲ့ ဆရာတပည့်ဆက်ဆံရေးလေးကို အရမ်းကိုသဘောကျနေကြတာတွေ့ရပါတယ် ။
Source : Jhon Lwin
Emily (Cele Gabar)