
soe pay
ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေနဲ့ ပရိသတ်ရင်ထဲရောက်ခဲ့တဲ့ ရွှေမန်းသဘင်ကတော့ နှစ်ပေါင်းများစွာမျိုးဆက်သစ်တွေ အဆင့်ဆင့်လက်ဆင့်ကမ်းလာကြာသလို ဒီနေ့လေးကတော့ ရွှေမန်းသဘင်ရဲ့မျိုးဆက်သစ်လေး မင်းရွှေရောင်တင်ရဲ့ မွေးနေ့ရက်မြတ်လေးပါ။ မင်းရွှေရောင်တင်ကတော့ တင်မောင်ဆန်းမင်းဝင်းရဲ့ သားလေးဖြစ်ပြီး ငယ်ရွယ်စဉ်ကတည်းက အနုပညာကိုချစ်မြတ်နိုးသူတစ်ယောက်ပါ။
မကြာသေးခင်ကမှ ခင်လှိုင်ဒါရိုက်တာအဖြစ်ရိုက်ကူးထားတဲ့ ဆိုးပေဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားပြီး အရွယ်နဲ့မလိုက်အောင် အနုပညာအပေါ်လေးလေးနက်နက်ထားတဲ့စိတ်လေးနဲ့ မင်းရွှေရောင်တင်ကိုတော့ ခင်လှိုင်က အခုလိုပဲ မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။ … ရွှေမန်းသဘင်ရဲ့မျိုးဆက်…ချစ်စရာအလွန်ကောင်းပြီး…သူ့ရဲ့စိတ်ရင်း.. စေတနာ.. သဒ္ဓါတရားက.. မြင်တဲ့လူတိုင်းကချစ်ကြတဲ့ သူ့ရဲ့ထူးခြားချက်လေးပေါ့….အရွယ်နှင်မမျှအောင် အနုပညာအပေါ်မှာထားတဲ့စိတ်လေးက..သူနှင့်အလုပ်အတူတူလုပ်ကြည့်မှသူ့ရဲ့အားစိုက်မှုကို ပိုသိသာလာခဲ့တယ်… ဘယ်လောက်ပင်ပန်းနေပါစေမျက်နှာတချက်လေးမပျက်ဘဲ ဇွဲရှိရှိကြိုးစားခဲ့တာ ကျွန်တော်မျှော်လင့်ထားတာထက်ပိုနေတယ်… သူ့အကြောင်းလေးတွေ သေသေချာချာမသိခင်မှာတော့ သူကလေးကိုကျွန်တော့်ရင်ထဲသိပ်မရှိခဲ့ပါဘူး…
တင်မောင်ဆန်းမင်းဝင်းရဲ့သား…မင်းရွှေရောင်တင်ပေါ့ ဒီထက်မပိုခဲ့ပါဘူး…မကြာသေးခင်အချိန်က…ဆိုးပေ ဇာတ်လမ်းတွဲ နှစ်လခရီးစဉ်အပြီးမှာတော့ ဒီကလေးကကျွန်တော့်ရင်ထဲကိုရောက်လာခဲ့တယ်… ပူတူး…မင်းရွှေရောင်တင် ကျွန်တော်ချစ်တဲ့ …..ဆိုးပေ… ဒီနေ့ကြရောက်သောမွေးနေ့ရက်မြတ်မင်္ဂလာမှ စပြီးနောင်နှစ်ပေါင်းများစွာတိုင် အောင်မြင်ပျော်ရွှင်သောအနုပညာရှင်ကြီးဖြစ်ပြီး မိဘကိုလုပ်ကျွေးပြုစုနိုင်သော သားကောင်းရတာနာဖြစ်ပါစေဗျာ ဆိုပြီး မွေးနေ့ဆုမွန်ကောင်းတောင်းပေးလာပါတယ် ပရိသတ်ကြီးရေ… သဘင်ဦးသျှောင်ရွှေမန်းမျိုးဆက်ရဲ့ သွေးအပြည့်အဝပါဝင်တဲ့ သားလေးမင်းရွှေရောင်တင်လည်း ကိုယ်ချစ်တဲ့အနုပညာအလုပ်တွေနဲ့ အောင်မြင်ကျော်ကြားတဲ့ သဘင်ပညာရှင် အနုပညာရှင်ကြီးဖြစ်ပြီး ရည်မှန်းထားသမျှ ပြည့်ဝနိုင်ပါစေလို့ ဆယ်လီကမ္ဘာမှ မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်နော်။
Source- Khin Hlaing
Rainbow- Cele Gabar

SheintinHtoo 123
ရှိန်းတင်ထူးကတော့ တက်သစ်စမော်ဒယ်လ်၊မင်းသားတွေထဲမှာနှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်ဝန်းရံအားပေးခြင်းခံထားရသူတစ်ယောက်လည်း ဖြစ်ပါတယ်။ “သူစိမ်းအိမ်” ဇာတ်ကားကြီးနဲ့လည်း ပရိသတ်အသိအမှတ်ပြုမှုရရှိထားသလို အနုပညာအလုပ်တွေလည်းဆက်လက်လုပ်ကိုင်နေသူတစ်ဦးပါ။
ရှိန်းတင်ထူးကတော့ မကြာသေးခင်ရက်ပိုင်းက မိဘနှစ်ပါးစလုံးကကိုဗစ်ရောဂါပိုးကူးစက်ခံထားရတာကြောင့် သူကိုယ်တိုင်လည်း ဟိုတယ်မှာကွန်ရန်တင်းဝင်နေရတာဖြစ်ပါတယ်။ ဒီနေ့မှာတော့ သူ့ရဲ့ဆေးစစ်ချက်အဖြေကဟာ Negative ဖြစ်တဲ့အကြောင်းကို ဖေ့ဘွတ်ခ်မှတစ်ဆင့် ပရိသတ်တွေကိုမျှဝေလာခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ အခုလိုဆေးစစ်ချက်အဖြေကောင်းရရှိခဲ့တာကြောင့် ဝမ်းသာနေကြပြီး ကျန်းမာရေးကိုဂရုစိုက်ဖို့လည်း မှတ်ချက်ရေးသားခဲ့ကြပါတယ်။
လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံမှာသာမကတစ်ကမ္ဘာလုံးဟာကိုဗစ်ကူးစက်ရောဂါရဲ့ဒဏ်ကို အလူးအလဲခံရကာ သေခဲ့ကြသူတွေလည်း များစွာရှိနေတာပါ။ မိဘနှစ်ဦးစလုံးက ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရပေမယ့် ကိုယ်တိုင်ကတော့ Negative အဖြေထွက်ခဲ့တာ ဝမ်းသာစရာပါပဲနော်…
Source : SheintinHtoo