
ဟယ်လို MyStyle Myanmar က စာဖတ်ပရိတ်သတ်ပျိုမေလေးတို့ရေ…အခုလက်ရှိမှာ ကိုရီးယားကားတွေက တစ်ကမ္ဘာလုံးအနှံ့ နာမည်ကြီးနေတယ်ဆိုပေမယ့် အမြဲတမ်းထွက်သမျှကားတိုင်းကတော့ ကောင်းလှတာချည်းမဟုတ်ပါဘူးနော်။ တခါတလေကျတော့လည်း ကိုရီးယားကြည့်ရတာရိုးအီလာပြီမို့ တရုတ်ကားလေးတွေ ပြောင်းကြည့်ချင်တဲ့စိတ်ကလေး ပေါ်နေတယ်ဆိုရင်တော့ အခုပြောပြပေးမယ့် ဇာတ်လမ်းတွဲလေးတွေက သင့်ကိုစိတ်တိုင်းကျစေပါလိမ့်မယ်။
ချစ်ခြင်းမေတ္တာ၊ ခင်မင်ရင်းနှီးမှု၊ မိသားစုအခက်အခဲတွေနဲ့ ကျောင်းတွင်းက ရုန်းကန်လှုပ်ရှားမှုတွေ အပြင်းအထန်ကြိုးစားမှုတွေကို စုစည်းရိုက်ကူးထားလို့ ကြည်နူးအားရစရာကောင်းတယ်၊ ဇာတ်လမ်းဇာတ်အိမ်ကလည်း ပေါ့ပေါ့ပါးပါးရှိတဲ့ ဇာတ်လမ်းတွဲကောင်းလေးတွေပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးတွေက အထက်တန်းကျောင်းနေအရွယ် လူငယ်ဘဝလေးတွေကို ရိုက်ကူးထားတာမို့ ဖြူစင်လွန်းလှပါတယ်။
A love so beautiful
Go Ahead
Meteor Garden
Put your head on my shoulder
When we were young
With You
Rush to the dead summer