မိန်းကလေးတွေက အာရုံစိုက်ခံချင်ကြပြီး အမျိုးသမီးတွေက လေးစားခံချင်ကြတဲ့အကြောင်း
lifestylemyanmar.com
|
2020-11-18



သင်ငယ်ငယ်တုန်းက (Women) အမျိုးသမီးတစ်ယောက်နဲ့ (Girl) မိန်းကလေးတစ်ယောက်က အခြေခံအားဖြင့် တူညီတယ်လို့ ထင်မိမှာပါ။ ဒီစကားလုံးနှစ်ခုလုံးက female sex တွေအတွက်ဖြစ်ပြီး တစ်ခုတည်းသော ခြားနားချက်က သူတို့ရဲ့အသက်အရွယ် (သို့) အိမ်ထောင်ရေးရှိ/မရှိဆိုတဲ့ အခြေအနေမှာ ဖြစ်ပါတယ်။ သို့သော် ဒီဟာတွေက အပြန်အလှန် ဖလှယ်လို့ရနိုင်တဲ့ အဓိပ္ပာယ်တူ တွေမဟုတ်ကြောင်း ၊ မိန်းကလေးတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ကို တန်းတူဆက်ဆံနိုင်မှာ မဟုတ်ကြောင်း နောက်ပိုင်းကျရင် သင်နားလည်လာပါမယ်။

မိန်းကလေးတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်အကြားမှာ ကြီးမားတဲ့ ခြားနားချက်ရှိပါတယ်။ အမျိုးသမီးတွေက သူတို့ဘဝကို မိန်းကလေးတွေနဲ့ ကွဲပြားစွာ နေထိုင်တတ်ကြပါတယ်။

မိန်းကလေးတစ်ယောက်အနေနဲ့ လက်ခံနိုင်ပြီး အမျိုးသမီးတစ်ယောက်အနေနဲ့ ဘယ်တော့မှ သည်းမခံနိုင်တဲ့ အရာတစ်ချို့ရှိပါတယ်။ မိန်းကလေးတစ်ယောက်နဲ့ နေရတာဟာ တကယ့်အမျိုးသမီးတစ်ယောက်ကို handle လုပ်ရတာထက် ပိုပြီးစိန်ခေါ်မှုများတယ်လို့ ယောက်ျားလေးတစ်ချို့က ထင်ကြပါလိမ့်မယ်၊ ဒါပေမယ့် ဒီဟာတွေက ဘဝအကြောင်း ဘာမှမသိသေးတဲ့၊ မရင့်ကျက်သေးတဲ့ ကောင်လေးတွေမှာသာ ဖြစ်ပါတယ်။

ရင့်ကျက်တဲ့ အမျိုးသားတွေက ကိုယ်ဖြစ်ချင်တာကို ကိုယ်သိတဲ့၊ ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ဖို့ မကြောက်တဲ့ မိန်းမတစ်ယောက်နဲ့ လက်တွဲရတာကို အမြဲတမ်းနှစ်သက်ပါတယ်။ မိန်းကလေးတစ်ယောက်နဲ့ ချိန်းတွေ့ခြင်းနှင့် အမျိုးသမီးတစ်ယောက်နဲ့ ချိန်းတွေ့ခြင်းအကြား ခြားနားချက်က များပြားသော်လည်း အရေးကြီးဆုံးအချက်က မိန်းကလေးတွေအနေနဲ့ အာရုံစိုက်မှုကို လိုချင်ကြပြီး အမျိုးသမီးတွေကတော့ လေးစားမှုကို ရလိုကြတာပဲ ဖြစ်ပါတယ်။




မိန်းကလေးတွေက များသောအားဖြင့် အမျိုးသားတွေဆီကနေ အတည်ပြုခြင်းကို တောင်းခံလေ့ရှိပါတယ်။ သူတို့က သူတို့ဘေးမှာ အမျိုးသားတစ်ယောက်မရှိဘဲနဲ့ မပြည့်စုံနိုင်ပါဘူး။ မိန်းကလေးတစ်ယောက်အနေနဲ့ အာရုံစိုက်မှုကို တောင့်တတတ်ပြီး ရရှိအောင်လည်း သူမတတ်နိုင်သမျှ ကြိုးစားပါလိမ့်မယ်။ သင့်ရဲ့mind games တွေကို လက်ခံမှာဖြစ်ပြီး သူမဘဝထဲမှာ သင်နှစ်သက်သလို သွားလာခွင့်ပြုပါလိမ့်မယ်။ ဒီအရာက သင့်ရဲ့ချစ်ခင်တွယ်တာမှုကို ရယူဖို့ နည်းလမ်းဖြစ်တယ်လို့ ထင်တာကြောင့် ဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက်က သူမငြင်းပယ်ခံရမှာကိုကြောက်တယ်၊ အဲ့ဒါက သူမနဲ့အဆင်မပြေတဲ့ အရာတွေကို လက်ခံစေပါလိမ့်မယ်။

မရင့်ကျက်သေးတဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ တစ်ယောက်တည်းဖြစ်မှာကို ကြောက်ကြတယ်။ တစ်ယောက်ယောက်ကို မချစ်ရရင် ဘဝက အဓိပ္ပာယ်မရှိဘူးလို့ မြင်တတ်ကြပါတယ်။




ဒါ့ကြောင့် မိန်းကလေးတစ်ယောက်က သူမကို မလေးမစားလုပ်လာရင်လည်း ခွင့်လွှတ်တတ်ကြပါတယ်။ သူမမှာ ကိုယ့်ကိုယ်ကို လေးစားမှု အလုံအလောက်မရှိပါဘူး။ ပြီးတော့ သင့်ကို သူမနားမှာနေဖို့ သူမကိုယ်တိုင်လည်း ပြောင်းလဲကောင်း ပြောင်းလဲပါလိမ့်မယ်။ မရင့်ကျက်တဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ ချစ်ခြင်းမေတ္တာကြောင့် အမှားတွေ လုပ်မိနိုင်ပါတယ်။

အခြားတစ်ဖက်ကကြည့်ရင် အမျိုးသမီး တစ်ယောက်ဟာ များစွာ တောင်းဆိုပါလိမ့်မယ်။ သူမက ချစ်ခြင်းမေတ္တာဆိုတာဘာလဲ? ဆိုတာကို သိနေပါပြီ။ တစ်စုံတစ်ယောက်က လေးစားမှုမပါဘဲ ချစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ သိနေပါတယ်။ ကိုယ်ဖြစ်ချင်တာကို ကိုယ်သိပြီး ကိုယ်က တန်ဖိုးရှိတယ်ဆိုတာကိုလည်း သိပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတစ်ယောက်ဟာ သင့်ဆီကနေ ဘာမျှော်လင့်သလဲဆိုတာကို ပြောပြရမှာ မကြောက်ပါဘူး။

တကယ့်အမျိုးသမီးတစ်ယောက်အတွက် လေးစားမှုက အချည်းနှီးစကားလုံးတစ်ခုထက်ပိုပါတယ်။ သူမက ရိုသေလေးစားမှုကို တောင်းဆိုတယ်လို့ ပြောတဲ့အခါ ဒါက သူမကို အမျိုးသမီးတစ်ယောက်အဖြစ်သာမက လူပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ပါ လေးစားပေးဖို့ လိုအပ်တယ်လို့ ဆိုလိုပါတယ်။ သူမရဲ့ဂုဏ်သိက္ခာ ရှိတဲ့သူတစ်ယောက်ဖြစ်တယ်၊ တတ်နိုင်သလောက် မလေးမစားလုပ်ခွင့်ပြုမှာ မဟုတ်ပါဘူး။




ဒီအမျိုးသမီးက သင်မဝင်လာခင်ကတည်းက ဘဝကို ကျေနပ်ရောင့်ရဲတဲ့သူဖြစ်ပြီး သူမရဲ့တည်ရှိမှုကို အဓိပ္ပာယ်ဖွင့်ဖို့ ယောက်ျားတစ်ယောက်ကို စောင့်နေလိမ့်မယ့်သူ မဟုတ်ပါဘူး။ တကယ်လို့ သင်ဟာ ဒီအမျိုးသမီးနဲ့ စိတ်ကစားနည်းတွေ ကစားဖို့ အစီအစဉ်ရှိရင် ထပ်မံစဉ်းစားပါ။ သူမရဲ့စိတ်ခံစားချက်တွေကို အလွဲသုံးစား လုပ်ခွင့်ပြုပေးမှာ မဟုတ်ပါဘူး။

သူမကို အသုံးချနေပြီ (ဒါမှမဟုတ်) သင့်ရဲ့ရည်ရွယ်ချက်တွေက မရိုးသားတော့ဘူးဆိုတာကို သိလိုက်ရတဲ့အခါ နောက်ပြန်လှည့်မကြည့်ဘဲ ထွက်သွားပါလိမ့်မယ်။

တကယ့်အမျိုးသမီးတစ်ယောက်ဟာ ယောက်ျားတစ်ယောက်ကို အနိုင်ရဖို့အတွက်နဲ့ ကိုယ့်ကိုယ်ကို ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ပါဘူး။ သူမတစ်ယောက်တည်းနေရမှာကိုလည်း မကြောက်ပါဘူး။ သင့်ကို ရှိနေစေဖို့အတွက်နဲ့တော့ နှိပ်စက်မှုကို သည်းညည်းခံနေမှာ မဟုတ်ပါဘူး။


သူမက သူမရဲ့စစ်မှန်တဲ့ တန်ဖိုးကို သိပြီး သူမကို တန်ဖိုးမထားတဲ့သူကိုလည်း ဘယ်သောအခါမှ အောင့်သက်သက်နဲ့ လက်ခံနေမှာ မဟုတ်ပါဘူး။ သူမက သူရဲ့စိတ်နဲ့ ခန္ဓာကို လုံးဝမြတ်နိုးပါတယ်။ သူမနဲ့ စိတ်တူကိုယ်တူ မဟုတ်တဲ့သူနဲ့ ဆိုရင် လွယ်လွယ်နဲ့ လက်ခံလိမ့်မှာ မဟုတ်ပါဘူး။
သူမအတွက် သူမရဲ့စွမ်းအင်နဲ့ အချိန်က တန်ဖိုးမဖြတ်နိုင်တဲ့အရဖြစ်ပြီး ဒါကို တန်ဖိုးမထားတဲ့သူတစ်ယောက်နဲ့ အချိန်ဖြုန်းဖို့ အစီအစဉ်မရှိပါဘူး။




ဟုတ်ပါတယ်၊ သူမမှာရှိတဲ့ ရင်းနှီးမှုတွေအတွက် အားစိုက်ထုတ်မှုတွေ အများကြီးပေးပါလိမ့်မယ်။ ဒါပေမယ့် သူက အဲဒီ ကြိုးစားမှုတွေနဲ့ သင်ကိုက်ညီနေဖို့ မျှော်လင့်ပါလိမ့်မယ်။ သူမအတွက် လိမ်တာ၊ ညာတာက ရွေးချယ်စရာမဟုတ်ပါဘူး။ သူမက အလိမ်အညာကို မြင်တတ်တာကြောင့် တစ်ခုခုဆိုရင် ဖုံးကွယ်ဖို့ မကြိုးစားသင့်ပါဘူး။ သူမရဲ့တန်ဖိုးကိုသိပြီး သင့်ကို ဘယ်လောက်ပဲချစ်ပါစေ ဘယ်နည်းနဲ့မဆို သူမကို အရေးမကြီးဘူးလို့ ထင်မြင်စေခွင့်ပြုလိမ့်မှာ မဟုတ်ပါဘူး။

ဒီအမျိုးသမီးဟာ သင့်ရဲ့အဆက်မပြတ် ကျေးဇူးတင်မှုကို မမျှော်လင့်တတ်ပါဘူး။ သို့သော် သူမမျှော်လင့်ထားတဲ့အရာက သင်နဲ့ သင့်အချစ်ရေးအတွက် သူမလုပ်ဆောင်သမျှကို တန်ဖိုးထားပေးဖို့ ဖြစ်ပါတယ်။ အမျိုးသမီးတစ်ယောက်နဲ့ ပေါင်းသင်းရခြင်းက အရမ်းခက်ခဲပြီး ကျွမ်းကျင်မှု၊ စိတ်ရှည်မှု၊ အားထုတ်မှုတွေ လိုတယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ သူမက အများကြီး တောင်းဆိုတတ်ပေမယ့်လည်း ယုံပါ။ သူမက အများကြီးပြန် ပေးဆပ်လိမ့်မှာ ဖြစ်တာကြောင့် သူမက တန်ဖိုးရှိပါတယ်။

Lifestyle_Myanmar
LM_Nandar


Source-herway




Some text some message..