ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကိုမြင်ပြီး ဝမ်းနည်းမျက်ရည်ကျခဲ့ရတဲ့ ဘေဘီမောင်
celezone.net
|
2020-11-18



ကိုယ့်မိသားစုကိုသိပ်ချစ်ပြီး မိသားစုဝင်တိုင်းကို ကာကွယ်ပေးတတ်တဲ့ အမကြီးအမိရာပီသသူ ဘေဘီ့ကို ပရိသတ်တွေကလည်း လေးစားချစ်ခင်ကြပါတယ်။ အနုပညာအလုပ်တွေ လုပ်လာတာ အချိန်အတိုင်းအတာတစ်ခုထိရှိလာခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်ထိ လည်း အောင်မြင်တဲ့အနုပညာရှင်အဖြစ်နဲ့ ရပ်တည်နေဆဲပါပဲ။



ညီမလေးသံစဉ်မောင်ကိုလည်း အနုပညာလမ်းကြောင်းပေါ်ဆွဲခေါ်ပေးခဲ့ပြီး အောင်မြင်မှုတွေရဖို့ ပံ့ပိုးပေးခဲ့ပါတယ်။ ဘယ်လိုပြဿနာ တွေပဲရှိရှိ မိသားစုရှေ့က မားမားမတ်မတ်ရပ်တည်ဖြေရှင်း ပေးတတ်တဲ့ အမကြီးအမိရာစိတ်ကတော့ ဘေဘီ့မှာအပြည့်ပါပဲ။ သူမကိုတန်ဖိုးထားပြီး သိပ်ချစ်တတ်တဲ့ ချစ်သူကိုလည်းပိုင်ဆိုင်ထားတာမို့ ဘေဘီကတော့ ကံကောင်းသူလေးပါပဲ။




ဒီနေ့မှာလည်း ပရိသတ်တွေက သူမကိုသိပ်ချစ်တဲ့အကြောင်းပြောလာတဲ့အချိန်မှာ ဝမ်းသာ မျက်ရည်တွေကျလာခဲ့တဲ့ပုံလေးတွေကို ” ဘေဘီရဲ့ချစ်ရတဲ့ဖန်တွေကြောင့် ပီတိဖြစ်ပြီး ငိုနေရပါတယ်ရှင့် ခုလိုချစ်ပေးကြတာကျေးဇူးကမ္ဘာပါသဲလေးတို့ရယ် ကိုယ့်ကိုချစ်ကြတော့ ပျော်တယ် သဲလေးတို့ပေးတဲ့ဆုနဲ့ပြည့်ပါစေရှင့် ” ဆိုပြီး ဝေမျှခဲ့ပါတယ်။ ပရိသတ်နဲ့ အနုပညာရှင်တို့ရဲ့ အပြန်အလှန် ချစ်ခြင်းတရားတွေဟာ ဖြူစင်ပြီး အေးချမ်းလွန်း ပါတယ်။


Happy – Cele Zone
Photo – Baby Maung




Some text some message..