ကိုယ့်ရဲ့ပုံတူပန်းချီကားလေးနဲ့ ပရဟိတအလှူမှာပါဝင်ခွင့်ရတာကြောင့် ဝမ်းသာနေတဲ့ ရတနာဗိုလ်
celegabar.com
|
2020-11-21



ရတနာဗိုလ်ကတော့ ကျရာဇာတ်ရုပ်တိုင်းကို အကောင်းဆုံးပီပြင်စွာသရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်အသိမှတ်ပြုအားပေးခြင်းရရှိလာတဲ့ မင်းသမီးတစ်လက်ပါ။ ကိုယ်ပိုင်အရည်အချင်းအပြည့်နဲ့ ကြိုးစားအားထုတ်မှုကြောင့် နှစ်အနည်းငယ်အတွင်း ရုပ်ရှင်ဇာတ်ကားကြီးတော်တော်များများမှာ ဆက်တိုက်ပါဝင်သရုပ်ဆောင်လာခဲ့ရသလို အခုလိုအားပေးသူပရိသတ်အခိုင်အမာရရှိနေပြီ ဖြစ်ပါတယ်။




ဒီနေ့မှာလည်း အမာခံပရိသတ်တစ်ဦးရဲ့အလေးအနက်ထားအားပေးမှုကြောင့် အရမ်းကြည်နူးဝမ်းသာနေရကြောင်းကို မျှဝေလာပါတယ်။ သူ့ရဲ့ပရိသတ်လေးကတော့ ဦးကျော်သူ ရိုက်ကူးထားတဲ့ 1014 ရုပ်ရှင်ဇာတ်ကားကြီး Press Show ကို ရတနာဗိုလ် တက်ရောက်တုန်းက ပုံလေးကို ကိုယ်တိုင်ပုံတူပန်းချီလေးဆွဲပြီး ပရဟိတပန်းချီပြပွဲမှာပြသခွင့်ပေးဖို့တောင်းဆိုခဲ့တာပါ။ ရတနာဗိုလ်ရဲ့ ပုံတူပန်းချီးကားလေး ရောင်းလို့ ရတဲ့ငွေကိုလည်း လှူဒါန်းပေးသွားဦးမှာပါတဲ့ ပရိသတ်ကြီးရေ..




ရတနာဗိုလ်ကတော့ အခုလိုကိုယ့်ရဲ့ပုံရိပ်လေးကို အသုံးပြုပြီး ပရဟိတပန်းချီပြပွဲမှာ ပါဝင်ခဲ့တဲ့ ညီမလေးကိုတော့ ကျေးဇူးပါညီမလေး… မမပုံလေး ဆွဲမယ်ဆိုကတည်းက အရမ်းပျော်နေပြီ.. ပုံလေးက လှလွန်းလို့အရမ်းကြွေနေပြီ… နောက်လည်း ပုံလှလှလေးတွေဆွဲပေးပါဦးနော် ဆိုပြီး ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ အနုပညာတစ်ဦးမှာ အခုလိုအလေးအနက်ထားချစ်ခင်ပေးတဲ့ ပရိသတ်တွေရှိတာကလည်း တကယ်ကိုကံကောင်းခြင်းတစ်မျိုးမို့ ရတနာဗိုလ်ကတော့ ကြည်နူးပီတိအပြည့်နဲ့ မျှဝေခဲ့တာပဲဖြစ်ပါတယ်။



Source- Yadanar Bo
Rainbow- Cele Gabar




Some text some message..