ဆင်းရဲ့နွမ်းပါးတဲ့သူတွေအတွက် မတည်လှူဒါန်းမှုပြုခဲ့တဲ့ ပိုးအိအိခန့်
celegabar.com
|
2020-12-01



သရုပ်ဆောင်ပိုးအိအိခန့်ကတော့ လူလေးကလည်းလှသလို စိတ်ထားလေးလည်းကောင်းမွန်တဲ့သူတစ်ယောက်ပါ။ အခုဆိုရင် ကိုဗစ်ကြောင့်စီးပွားရေးတွေအဆင်မပြေကြပေမယ့်လည်း လိုအပ်တဲ့နေရာတွေကို စေတနာထက်သန်စွာနဲ့လှူဒါန်းနေတာလည်း ဖြစ်ပါတယ်။ ပိုးအိအိခန့်ကတော့ ဆင်းရဲ့နွမ်းပါးတဲ့သူတွေအတွက် မတည်လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။





အဲ့ဒီအကြောင်းကိုတော့ ခိုင်နှင်းဝေရဲ့ဖေ့ဘွတ်ခ်အကောင့်မှာ “အခုလို ကပ်ရောဂါ အခြေအနေမှာ လှူဘို့ မလွယ်ကူသော်လဲ ငွေကျပ် (၁၀)သိန်း မ,တည် လှူဒါန်းပေးတဲ့ ညီမလေး ပိုးအိအိခန့် နှင့် ခုနှစ်ရက် သားသမီး အလှူရှင်များကို အလှူခံ ပုဂ္ဂိုလ်များ ကိုယ်စား ကျေးဇူးတင်ပါတယ်ရှင်….ညီမလေး ပိုးအိခန့် လှူဒါန်းပေး၍ နေစရာ အိမ်လေးတစ်လုံး ကျောချစရာ ရရှိသွားတဲ့ မိသားစုနှင့် စားနပ်ရိက္ခာ ရရှိသွား၍ ငိုကြသော အဘိုးအဘွားများ ကိုကြည့်ပီး စိတ်မကောင်းဖြစ်ရသလို ပီတိဖြစ်ရပုံများအား မျှဝေ ကုသိုလ် ယူလိုက်ပါတယ်ရှင်” ဆိုပြီးတော့ ရေးသားဖော်ပြထားပါတယ်။




အခုလိုစိတ်အားထက်ထက်သန်သန်လှူဒါန်းမှုကြောင့်နေစရာနဲ့စားစရာရရှိပိုင်ဆိုင်ခဲ့တဲ့သူတွေကတော့ ဝမ်းသာကျေနပ်နေတော့မှာအမှန်ပါပဲ။ ပိုးအိအိခန့်တစ်ယောက် ဝင်ငွေတွေများစွာရရှိပြီး ဆထက်တံပိုးတိုးပြီး လှူနိုင်တန်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
Source : KhineHninWai




Some text some message..