အကယ်ဒမီမင်းသားချော မြင့်မြတ်ကတော့ ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်အောင် သရုပ်ဆောင်နိုင်တာဖြစ်လို့ ပရိသတ်တွေကလည်း သူ့ကိုအရမ်းအားပေးကြပါတယ်။မြင့်မြတ်က အကယ်ဒမီဆုကြီးကိုလည်း ဆွတ်ခူးရရှိထားပြီး လက်ရှိမှာဆိုရင်လည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပါတယ်နော်။
မြင့်မြတ်က အနုပညာလောကမှာ နေရာတစ်နေရာရရှိနေပြီး သူ့ကိုချစ်ခင်အားပေးကြတဲ့ ပရိသတ်အများအပြားကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ဒါ့အပြင် ပရိသတ်တွေအားကျချစ်ခင်နေရပြီး အေးချမ်းတဲ့ မိသားစုလေးတစ်ခုကို တည်ဆောက်ထားနိုင်ပြီး ချစ်စရာကောင်းလွန်းတဲ့ သားလေးတစ်သယောက်ကို ပိုင်ဆိုင်ထားပါတယ်။
မြင့်မြတ်ကတော့ အမြဲလိုလိုသူငယ်ချင်းတွေနဲ့ ပျော်ပျော်နေတတ်ကာ အမြဲစနောက်တက်သူလေးလည်းဖြစ်ပါတယ် ။အခုလည်း ခင်လှိုင်ရဲ့ခြံအကျယ်ကြီးထဲမှာ အနုပညာမောင်နှမတွေစုပြီး မုန့်တွေလုပ်စားကာ အတူပျော်ပါးကခုန်စားသောက်ခဲ့ကြတဲ့ အမှတ်တရဗီဒီယိုလေးကိုဖော်ပြခဲ့ရာ ကြည့်ပြီး အပျော်တွေကူးစက်ကာပြုံးပျော်မိတာကြောင့် ပရိသတ်ကြီးလည်းကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ် ။
Yuan – Cele Zone
photo – Myint Myat