အနုပညာလောကမှာအကောင်းဆုံး ဖျော်ဖြေမှုလေးတွေနဲ့ ပရိသတ်တွေကိုအမြဲပျော်ရွှင်စေခဲ့သူကတော့ နိုင်ငံကျော်မင်းသမီးခိုင်းသင်းကြည်ပဲ ဖြစ်ပါတယ်။ သူမရဲ့ဖြူစင်ပြီးရိုးသားတဲ့စိတ်ထားလေးတွေကြောင့် တစ်နိုင်ငံလုံးကပရိသတ်တွေ ယနေ့တိုင်ချစ်မဝကာ အားပေးနေကြတာဆိုလည်း မမှားပါဘူး။ မခိုင်လေးကလည်းသူ့ကိုချစ်တဲ့ပရိသတ်တွေကိုယနေ့တိုင်တက်စွမ်းသမျှအနုပညာတွေနဲ့ဖျော်ဖြေပေးနေဆဲပါပဲနော်။
မခိုင်လေးအနေနဲ့ သမီးလေးတစ်ယောက် ပိုင်ဆိုင်ထားတဲ့ ကလေးတစ်ယောက်မိခင်ဖြစ်ပေမယ့်လည်း သူမရဲ့အရွယ်တင်နုပျိုမှုက အံ့အားသင့်လောက်အောင်ပါပဲ ။ ထိပ်ထိပ်လေးကလည်း အခုလက်ရှိမှာဆိုရင် မိခင်ဖြစ်သူနဲ့အတူ အနုပညာအလုပ်တွေစတင်လုပ်ကိုင်နေပြီဖြစ်ပါတယ်။
အမြဲလိုလိုပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး ချစ်ရတဲ့ မိသားစုနဲ့အတူ ကြည်ကြည်နူးနူးနေထိုင်လျက်ရှိကာ အခုလည်း သမီးလေးရဲ့ငယ်စဉ်ကလေးဘဝက ပုံလေးကို အမှတ်တရဖော်ပြထားတာတွေ့ရပါတယ် ။ ပုံလေးထဲမှာ ထိပ်ထိပ်လေးတစ်ယောက်အရမ်းချစ်စရာကောင်းလွန်းတာကြောင့် မျှဝေပေးလိုက်ပါတယ်နော် ။
Yuan – Cele Zone
photo – Khine Thin Kyi