ငှက်ပျောကြော်ရဲ့မွေးနေ့မှာ လျှော့သင့်တာတွေလျှော့ဖို့ သတိပေးလာတဲ့ ဇနီးဖြစ်သူ တာရော့ နေခြည်
celegabar.com
|
2020-12-15



ပရိသတ်ကြီးရေ ဒီဇင်ဘာလ (၁၅)ရက်နေ့ကတော့ ဟာသ သရုပ်ဆောင် လူရွှင်တော် ငှက်ပျောကြော်ရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ် ။ ဒီနေ့မှာ ကျရောက်တဲ့ ဦးငှက်ရဲ့ မွေးနေ့လေးအတွက် အနုပညာညီအစ်ကိုမောင်နှမတွေနဲ့ ပရိသတ်တွေကလည်း မွေးနေ့ ဆုမွန်ကောင်းတွေ အများကြီးပေးခဲ့ကြပါတယ် ။





ငှက်ပျောကြော်ရဲ့ မွေးနေ့ရက်မြတ်လေးအတွက် ဇနီးဖြစ်သူ တာရော့နေခြည်ကလည်း မွေးနေ့ဆုမွန်ကောင်းလေးနဲ့အတူ သူမဖြစ်စေချင်တဲ့ ဆန္ဒလေးတွေကို ရေးသားခဲ့ပါတယ် ။ Happy Birthday ပါ ဦးမောင် ၅၇ နှစ်ပြည့် မွေးနေ့မှ စပြီး မူးတာတွေလည်း လျှော့ ၊ ရစ်တာတွေလည်း လျှော့ ၊ အမ်းတာတွေလည်း လျှော့ ၊ လျှော့ သင့်တာတွေ လျှော့ တိုးသင့်တာတွေ တိုးပြီး ကျန်းကျန်းမာမာနဲ့ နေ့ရက်တိုင်း လိုချင်တာ ၊ ဖြစ်ချင်တာများ ရပါစေ ဆိုတဲ့စာသားလေးနဲ့အတူ လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားခဲ့ပါတယ် ။




ဒီမွေးနေ့လေးကတော့ ဦးငှက်ရဲ့ (၅၇) နှစ်ပြည့်မွေးနေ့လေးဖြစ်ပြီး ပရိသတ်တွေက အသက်ရာကျော် ရှည်ဖို့အတွက် ဆုမွန်ကောင်းတွေ ပေးထားကြပါသေးတယ် ။ ဦးငှက်ရဲ့ မွေးနေ့ရက်မြတ်လေးမှသည် နောင်နှစ်ပေါင်းများစွာထိ ပရိသတ်တွေချစ်တဲ့အနုပညာရှင်တစ်ယောက် အဖြစ် အောင်မြင်မှုတွေ အများကြီးရပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။


Source : Nayzar PoneMyint
Emily (Cele Gabar)




Some text some message..