အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်လက်အဖြစ် ပရိသတ်အခိုင်အမာရရှိလာတဲ့ မင်းသမီးချော ယုသန္တာတင် ကတော့ ထူးခြားတဲ့ သရုပ်ဆောင်စွမ်းရည်တွေပိုင်ဆိုင်ထားတာကြောင့် အချိန်အတိုလေးအတွင်းမှာတင် ပရိသတ်အားပေးမှုကို ရရှိလာခဲ့တာပါ ။ သူမရဲ့ သရုပ်ဆောင်မှု ဇာတ်ကားတော်တော်များများကလည်း ပရိသတ်တွေအကြိုက် တွေ့ခဲ့ရတဲ့ ဇာတ်ကားလေးတွေပဲ ဖြစ်ပါတယ်နော်။
သူမကတော့ ခရီးတွေထွက်ရတာ ဝါသနာပါသူလေးဖြစ်ရာ ခရီးစဉ်တစ်လျှောက် အမှတ်တရ ပုံရိပ်တွေကိုလည်း အမြဲဖော်ပြခဲ့တာလည်းတွေ့ရပါတယ်။အခုလည်း ခရစ္စမတ် အပြင်အဆင်လေးတွေအပြည့်နဲ့ အမိုက်စားပို့စ်လေးတွေပေးကာလန်းလွန်းနေတဲ့ ပုံလေးတွေ ကိုဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေတိုင်းမှာ ဆွဲဆောင်မှုရှိရှိနဲ့ အခါခါပြန်ကြည့်မိအောင်ကို လှရက်လွန်းနေတာဖြစ်ပါတယ်။
ဒီနေ့မှာတော့ သူမရဲ့ လှပတဲ့ဝတ်စုံလေးနဲ့ ကျော့ရှင်းနေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေ ကြည့်ရှုနိုင်စေရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။အနုပညာအလုပ်တွေ နည်းပါးနေပေမယ့်လည်း သူမရဲ့နေ့စဉ်လှုပ်ရှားမှု ပုံရိပ်လေးတွေကို ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြပေးလျက်ရှိပါတယ်။ချစ်ပရိသတ်ကြီးလည်း ယုရဲ့ ခရစ္စမတ် ပုံရိပ်လေးတွေကို ကြိုက်နှစ်သက်လိမ့်မယ်ထင်ပါတယ်။
yuan – Cele Zone
Photo – Yu Thandar Tin