ပရိသတ်ကြီးရေ သုသုလို့ ပရိသတ်တွေ ချစ်စနိုးနဲ့ ခေါ်ဆိုကြတဲ့ ညီညီမောင် (စမ်းချောင်း)ကတော့ မိတ်ကပ်ပညာရှင်တစ်ယောက်အပြင် သရုပ်ဆောင် တစ်ယောက်အနေနဲ့ပါ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိ ရရှိထားတဲ့ သူတစ်ယောက်ပါ။ သုသုရဲ့ ရိုးသားပွင့်လင်းလွန်းလှတဲ့ စိတ်ဓာတ်လေးကြောင့်လည်း ပရိသတ်တွေကသုသုကို အချစ်ပိုနေခဲ့ပြီး
လတ်တလောမှာလည်း အမကြီးပီသလှတဲ့ သုသုရဲ့ လုပ်ရပ်ကြောင့် ပရိသတ်တွေက ချီးကျူးနေခဲ့ရပြန်ပါတယ်။ သုသုကတော့ “အမကြီး အမိရာပေါ့ အခြောက်မ အမကြီး ကို ချစ်ပေးနေရင်လုံလောက်ပါပြီ ဘာမှလည်းပြန်မလိုချင်ပါ ညီမလေး အတွက်ဆို အမြဲ စုန်ရေ”ဆိုပြီး သူ့ရဲ့တစ်ဦးတည်းသော ညီမလေးရဲ့ ဒီနေ့မှာ ကျရောက်တဲ့ မွေးနေ့အတွက်ကို ဆရာလေးတွေကို ဆွမ်းကပ်လှူတဲ့ အလှူလေးပြုလုပ်ပေးခဲ့ပြီး ညီမလေးအတွက်လည်း ပတ္တမြားနားကပ်တစ်ရံကိုလည်း လက်ဆောင်အဖြစ်ပေးခဲ့တာပါ။
ပရိသတ်တွေကတော့ သုသုရဲ့ အကြီးပီသစွာညီမလေးအပေါ်မှာ ထားရှိနိုင်တဲ့ စိတ်ထားနဲ့ လိုလေသေးမရှိအောင် ပြည့်ပြည့်စုံစုံ ဖြည်ဆည်းပေးတဲ့ စိတ်ထားလေးကို ချီကျူးနေခဲ့ကြတာပါ။ CeleZone ပရိသတ်ကြီးရေ သုသုရဲ့ အကြီးပီသလှတဲ့ စိတ်ဓာတ်လေးက တကယ်ကိုလည်း ချီးကျူးထိုက်ပေတာတော့ အမှန်ပါပဲနော်။
Chilli – CeleZone
Source – Nyi Nyi Maung