“သတို့သမီး”ရုပ်ရှင်နဲ့ပတ်သက်ပြီး ကြိုတင်သတိပေးစကားပြောကြားလိုက်တဲ့ ဖွေးဖွေး
popolay.com
|
2018-12-19

ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီဖွေးဖွေးကတော့ ပရိသတ်တိုင်းသဲသဲလှုပ် ချစ်ခင်အားပေးကြရတဲ့အချစ်တော်မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ထားပြီး သူမရဲ့ပိုင်နိုင်တိကျလွန်းတဲ့ သရုပ်ဆောင်ချက်တွေကြောင့်လဲ မြန်မာ့ရုပ်ရှင်လောကရဲ့ ထိပ်တန်းမင်းသမီးနေရာမှာရပ်တည်နေတာပဲဖြစ်ပါတယ်။အချစ်၊အမုန်းဇာတ်ကားတွေအပြင် သည်းထိတ်ရင်ဖိုဖွယ်ကောင်းတဲ့ သရဲတစ္ဆေဇာတ်ကားတွေမှာပါအပိုင်နိုင်ဆုံးသရုပ်ဆောင်နိုင်တဲ့ ဖွေးစိန်လေးကတော့ မကြာခင်ရုံတင်ပြသတော့မယ့် “သတို့သမီး” သရဲကားနဲ့ပတ်သက်ပြီး လာရောက်ကြည့်ရှုမယ့်သူတွေကို ကြိုတင်သတိပေးစကားဆိုလိုက်ပါတယ်။









ဖွေးဖွေးပြောသွားတာကတော့ “CO2 ကားတုန်းကလဲ တစ်ချို့ကလေးတွေပါ ခေါ်ပြီးလာကြည့်တော့ ငိုယိုပြီးထွက်ပြေးသွားတာတွေ၊ ကားမပြီးခင်ပြန်သွားတာတွေရှိတော့ မိဘတွေကလက်မှတ်ရှုံးတာပေါ့နော်။ နည်းနည်းပါးပါးသတိပေးထားသင့်တာပေါ့လို့ ပြောကြတော့ ဟုတ်တယ် ကိုဝိုင်းလို့ ကြိုပြီးသတိပေးထားသင့်တယ်ပေါ့...ဒါ့ကြောင့် ဒီသတို့သမီး ရုပ်ရှင်ကားလေးကို နှလုံးရောဂါရှိသူတွေနဲ့ ကလေးသူငယ်တွေမကြည့်သင့်ပါဘူးလို့ ကြိုပြီးသတိပေးထားတာပါ။ ခြောက်တော့မှာ မို့လို့” ဆိုပြီးအင်တာဗျူးတစ်ခုကနေ ကြိုတင်သတိပေးစကားပြောကြားလိုက်ပါတယ်။









ထိုကားလေးမှာ သူမဘယ်လိုကြိုးစားထားကြောင်းကိုလဲ “ဖွေးကတော့အပီကြိုးစားထားတယ်။ ကားတိုင်းကြိုးစားထားသလိုပဲ တစ်ခါတစ်လေကြိုးစားလွန်းလို့ ရိုးသွားမှာတောင်စိုးရတယ်။ ဒီကားထဲမှာလည်းအပီအပြင် ကြိုးစားပြီး သရဲခြောက်ထားပါတယ်” လို့ဆိုသွားပါတယ်။





ပရိသတ်ကြီးရေ ဖွေးစိန်လေးပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားလေး နှစ်ကားဖြစ်တဲ့ “သတို့သမီး” သရဲကားလေးနဲ့ ရည်စားတစ်ဝမ်းကွဲ ဆိုတဲ့ ဟာသကားလေးတွေကို ဒီဇင်ဘာလထဲမှာပဲ ရုံတင်ပြသတော့မှာဖြစ်လို့ “ပရိသတ်တွေကို ပျော်အောင်လဲ လုပ်မယ်၊ ခြောက်လဲခြောက်မယ်” ဆိုပြီး ဟာသအနေနဲ့ ပြောသွားပါသေးတယ်နော်…









ဒီဇင်ဘာ (၂၈) ရက်နေ့ရုံတင်ပြသမယ့် သတို့သမီး ရုပ်ရှင်ကားလေးကို ဒါရိုက်တာဝိုင်းမှ ရိုက်ကူးထားတာဖြစ်ပြီးအကယ်ဒမီ ဖွေးဖွေ၊အလင်းရောင်နဲ့ မေတို့ကအဓိကပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ ခြောက်ခြားဖွယ်ရာကောင်းလှတဲ့ ပုံရိပ်တွေနဲ့ ထိတ်လန့်ကြောက်ရွံ့စရာတွေပြည့်နေတဲ့ “သတို့သမီး” ရုပ်ရှင်လေးဟာ သရဲတစ္ဆေရုပ်ရှင်တွေကိုမှအလွန်ကြိုက်နှစ်သက်သူတွေအတွက်တော့ ကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးတစ်ကားဖြစ်စေမှာပါနော်..





Source_MC




Some text some message..