“မာလာမြိုင် ဟေမာန်ရာသီ သဘင်ပွဲ တော်” တွင် သရုပ်ဆောင် ဦးဝင်းဦး ကွယ်လွန်ခြင်း ၃၂နှစ်ပြည့် အစီအစဉ် ပါဝင်မည်
mmtimes.com
|
2020-12-18



ဓာတ်ပုံ- ပေးပို့

“မာလာမြိုင် ဟေမာန်ရာသီ သဘင်ပွဲ တော်” တွင် သရုပ်ဆောင် ဦးဝင်းဦး ကွယ်လွန်ခြင်း ၃၂နှစ်ပြည့် အစီအစဉ် ပါဝင်မည်

သဘင်ချစ် ပရိသတ်များအတွက် “မာလာမြိုင် ဟေမာန်ရာသီ သဘင်ပွဲ တော်” တွင် သဘင်၏ ရဲသုံးဖော်မင်း သားကြီး သုံးဦးအား ဂုဏ်ပြုခြင်း နှင့် ရုပ်ရှင် သရုပ်ဆောင် ဦးဝင်းဦး ကွယ်လွန်ခြင်း ၃၂ နှစ်ပြည့် ဂုဏ်ပြုမည့် အစီအစဉ် ပါဝင်မည်ဖြစ်ကြောင်း မင်းသား တင်မောင်ဆန်းမင်းဝင်းက မြန်မာတိုင်းမ်သို့ ပြောသည်။

"ကျွန်တော် သဘင်ရဲ့ ရဲသုံးဖော်ဆိုပြီး နိုင်ငံတကာက ဖိတ်ခေါ်ခံခဲ့ရတဲ့ သဘင်ခေါင်းဆောင် ဦးရွှေမန်းတင်မောင်၊ ဦးကနက်စိန်ရယ် ဦးစိန်အောင်မင်းရယ် နိုင်ငံခြားခရီးစဉ်တွေ ပတ်ပြီးကပြ ဖျော်ဖြေခဲ့တယ်။ ဒီ မင်းသားကြီး ၃ ယောက်ကို ဂုဏ်ပြုပြီး ဖျော်ဖြေတင်ဆက်ကြမှာဖြစ်ပါတယ်။ ဒီအတွက်လည်း ဂုဏ်ယူပီတိ ဖြစ်မိပါတယ်"ဟု ၎င်းက ပြောသည်။

၎င်း သဘင်ပွဲတော်တွင် ရွှေမန်းဇာတ်သဘင်မှ မင်းသား တင်မောင်ဆန်းမင်းဝင်း ၊ မဟာရန်ကုန် စံပြ ဇာတ်သ ဘင်မှ မင်းသား ဟန်ဇာမိုးဝင်းတို့က ပူးပေါင်းပြီး သဘင်ချစ်ပရိသတ်များအ တွက် ဒီဇင်ဘာ ၁၉ ရက် နှင့် ၂၀ ရက်တို့တွင် အမြင်ဆန်းအောင် ဖန်တီးတင်ဆက်ပေးမည်ဖြစ်သည်။

"အနုပညာရှင်ကြီးဖြစ်တဲ့ ရုပ်ရှင်သရုပ် ဆောင် ဦးဝင်းဦး ကွယ်လွန်ခြင်း ၃၂နှစ်ပြည့် ဂုဏ်ပြုတဲ့အနေနဲ့ ဦးဝင်းဦးအတွက် အမှတ်တရသီချင်းတွေ ဖျော်ဖြေတင်ဆက်မှာပါ။ တေးသရုပ်ဖော်အနေနဲ့ တင်ဆက်သွားမှာပါ"ဟု တင်မောင်ဆန်းမင်းဝင်းက ဆက်လက်ပြောသည်။

အဆိုပါ သဘင်ဖျော်ဖြေပွဲကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့ ည ၇ နာရီတွင် Marlarmyaing Group Facebook Page ၊ Myanmar Media 7 Facebook Page ၊ 7th Sense Creation Facebook Page တို့တွင် Live တင်ဆက်ပြသပေးမည်ဖြစ်ပြီး ၊ ယင်း ည ၉ နာရီအချိန်တွင် Channel K ရုပ်သံလိုင်းမှ ဆက်လက်ပြသမည် ဖြစ်သည်။




Some text some message..