ခန္ဓာကိုယ်ဝလာတယ်လို့ပြောကြပေမယ့်လည်း အပြုံးမပျက်ဘဲ ဆွဲဆောင်မှုရှိရှိနဲ့ဆက်လှနေလိုက်တဲ့ မြတ်ကေသီအောင်
mmload.com
|
2020-12-21



အကယ်ဒမီမြတ်ကေသီအောင်ဟာဆိုရင် တစ်ခေတ်တစ်ခါကတည်းက ရုပ်ရှင်ဇာတ်ကားတွေအများအပြားမှာ နေရာယူခဲ့ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ပိုင်ဆိုင်ခဲ့ပါတယ်။မြတ်ကေသီအောင်က ယနေ့အချိန်ထိလည်း ဇာတ်ကားတွေ၊ကြော်ငြာတွေရိုက်ကူးနေဆဲဖြစ်လို့ အနုပညာလမ်းကြောင်းပေါ်မှာ ဝါရင့်အနုပညာရှင်ကြီးအဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။မြတ်ကေသီအောင်ရဲ့အနုပညာလှုပ်ရှားမှုတွေကိုလည်း ချစ်တဲ့ပရိသတ်တွေကဝန်းရံအားပေးကြပြီး သူမကိုထာဝစဉ်ချစ်နေကြတာဖြစ်ပါတယ်နော်။






မြတ်ကေသီအောင်က သဘောကောင်းဖော်ရွေပြီး လူတိုင်းကို အပြုံးချိုချိုလေးနဲ့သာ ဆက်ဆံတတ်တဲ့သူဖြစ်လို့ လူချစ်လူခင်လည်းပေါများပါတယ်နော်။ယခုချိန်မှာတော့ မြတ်ကေသီအောင်က ဘဝကြီးကို တစ်ယောက်တည်း ပျော်ပျော်ပါးပါးဖြတ်သန်းပြီး စိတ်ချမ်းသာစွာနေထိုင်နေတာဖြစ်ပါတယ်နော်။မြတ်ကေသီအောင်က စိတ်ပျော်အောင်လည်းနေထိုင်တာကြောင့် ရုပ်ရည်ကလည်းမကျသွားဘဲနုပျိုပြီး ငယ်ငယ်တုန်းကတိုင်း လှပနေဆဲပဲဖြစ်တာကို ပရိသတ်တွေလည်း တွေ့မြင်နေရမှာဖြစ်ပါတယ်။





မြတ်ကေသီအောင်က ငယ်ငယ်တုန်းကလို သေးသေးသွယ်သွယ်ခန္ဓာကိုယ်လေးမဟုတ်တော့ပေမယ့် လုံးကြီးပေါက်လှခန္ဓာကိုယ်အလှကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ခန္ဓာကိုယ်ပြည့်ပြည့်လေးက ဆွဲဆောင်မှုရှိနေဆဲဖြစ်လို့ မြတ်ကေသီအောင်ရဲ့အလှအပတွေက နည်းနည်းလေးမှမလျော့သွားသေးတာဖြစ်ပါတယ်။မြတ်ကေသီအောင်ကတော့"ဝ လာတယ်လို့ ပြောကြပေမယ့် အပြုံးပျက်လို့မဖြစ်ဘူးလေ တစ်ချို့အရာတွေဟာ ဥပက္ခာပြုနိုင်ရသလို ကိုယ့်လမ်းကိုယ် လျှောက်နေတဲ့ လမ်းတစ်လျှောက် ပြောသမျှသာ လိုက်ခံစားနေရင် လိုရာခရီးအရောက်နှေးတော့မှာပေါ့"ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။







Some text some message..