လိုချင်နေတဲ့ iPhone 12 promax ကို ခရစ်စမတ်အမှတ်တရအဖြစ် လက်ဆောင်ရလို့ ပျော်နေတဲ့ သုသုရဲ့ ဗီဒီယို
mmload.com
|
2020-12-24



ပရိသတ်ကြီးရေ.. သုသုလို့အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ညီညီမောင်(စမ်းချောင်း)ကိုတော့ ပရိသတ်တွေအားလုံး ချစ်ခင်နေကြရပြီး အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ ရပ်တည်လျှောက်လှမ်းနေသူပဲ ဖြစ်ပါတယ်နော်..။

ဒိတ်ဒိတ်ကြဲအနုပညာရှင်တွေရဲ့ လက်စွဲတော် မိတ်ကပ်ပညာရှင်အဖြစ် ဆယ်စုနှစ်တွေမက နှစ်အတော်ကြာလုပ်ဆောင်ခဲ့တဲ့ သုသုလေးကတော့ အခုဆိုရင် ကိုယ်တိုင်ကလည်း ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးကာ သရုပ်ဆောင်တစ်ဦးအဖြစ် လျှောက်လှမ်းနေပြီပဲ ဖြစ်ပါတယ်နော်..။





ရယ်စရာဟာသဗီဒီယိုလေးတွေနဲ့ ပရိသတ်တွေရင်ထဲရောက်ရှိလာခဲ့တဲ့ သုသုလေးဟာ စကားပြောပွင့်လင်းပြီး အခွီလေးတွေလည်း အမြဲလုပ်တတ်သူလေးမို့ ပရိသတ်တွေက အမြဲအချစ်ပိုသဘောကျနေကြတာလည်း ဖြစ်ပါတယ်နော်..။

သူမရဲ့လှုပ်ရှားမှုလေးတွေကို အမြဲမျှဝေလေ့ရှိတဲ့ သုသုလေးဟာ ဒီနှစ်ခရစ်စမတ်လေးမှာ လက်ဆောင်အဖြစ် သူမအရမ်းလိုချင်နေတဲ့ I Phone 12 Promax ဖုန်းအသစ်လေး လက်ဆောင်ရလို့ ပျော်နေတဲ့ ဗီဒီယိုဖိုင်လေး ဝေမျှလာပါတယ်နော်..။





ခရစ်စမတ်လက်ဆောင်လေးအဖြစ် ပါဆယ်ဗူးလေးနဲ့ သူမဆီရောက်ရှိလာတဲ့ IPhone 12 Promax အသစ်လေးကို ကိုယ်တိုင်ဖောက်ရင်း ပျော်နေတဲ့ သုသုလေးရဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကိုတော့ ပရိသတ်တွေလည်း သဘောကျအချစ်ပိုနေကြမှာပါနော်..။

ကဲ.. ဒီကနေ့လေးမှာတော့ ပရိသတ်တွေရဲ့ အချစ်တော်လေးသုသုရဲ့ လက်ဆောင်ဖောက်ရင်း ပျော်နေတဲ့ ဗီဒီယိုဖိုင်လေးကို အားလုံးအတွက် တင်ဆက်ပေးလိုက်တာမို့ ပရိသတ်တွေလည်း အသည်းလေးတွေ ပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်..။



@thu19811 ##lazyboy_marlar_hotpot ##queenthuthu👸 ♬ Jingle Bells - Official Sound Studio



Some text some message..