အဆိုတော် MHL အတွက်ဘဝပေါင်း (၁၀၀) က အကြွေးကိုပြန်ဆပ်လိုက်တဲ့ ထက်ထက်ထွန်း
celegabar.com
|
2020-12-27



Miss Universe Myanmar အလှမယ်တစ်ဦးဖြစ်တဲ့ ထက်ထက်ထွန်းကတော့ အလှမယ်တစ်ဦးမှာရှိသင့်တဲ့ စမတ်ကျမှုတွေ လှပမှုတွေ ထက်မြတ်မှုတွေနဲ့ ပြည့်စုံနေသူတစ်ဦးမို့ Miss Universe Myanmar 2015 နဲ့ 2016 ပွဲတိုင်းမှာ အလှသရဖူတိုင်းကို ဆွတ်ခူးနိုင်ခဲ့တဲ့အနုပညာရှင်မင်းသမီးချောလေးတစ်ယောက်ပါ ။ သူမရဲ့နေ့စဉ်လှုပ်ရှားမှုပုံရိပ်လေးတွေကို ပရိသတ်တွေကို အမြဲလိုလို မျှဝေပေးတတ်ပြီး အခုလည်း ထပ်မံမျှဝေပေးလာပြန်ပါပြီ ။





ပရိသတ်တွေအားလုံးသိပြီးသားဖြစ်တဲ့ အဆိုတော် MHL ကဟင်းတွေ ချက်ပြီးတိုင်း စားချင်တယ်လို့အမြဲပြောနေပေမယ့် ချက်ပြီးလာပေးမယ်ပြောပြောပြီး သွားမပို့ဖြစ်လို့ ဒီနေ့မှာအကောင်အထည်ဖော်တဲ့အနေနဲ့ အဲဗားလစ်နေတဲ့ ကိုကြီး MHL အတွက် ဘဝပေါင်း (၁၀၀) မှ အကြွေး နံရိုးမျှစ်ချဉ်ဟင်း ဆိုတဲ့စာသားလေးနဲ့အတူ MHL ဆီဟင်းသွားပို့ခဲ့ကြောင်း သူမရဲ့မိုင်ဒေးကနေတဆင့် ရေးသားဖော်ပြခဲ့တာပါ ။




ဟင်းလာပို့ပေးတဲ့ ထက်ထက်ထွန်းကို MHL ကလည်း အအေးပြန်တိုက်တယ်ဆိုတဲ့အကြောင်းကိုလည်း သူမရဲ့ မိုင်ဒေးမှာဖော်ပြထားပါသေးတယ် ။ ပရိသတ်တွေမသိသေးတဲ့ ထက်ထက်ထွန်းနဲ့MHL တို့ရဲ့ ရင်းနှီးခင်မင်မှုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။


Source: Htet Htet Htun
emily (Cele Gabar)




Some text some message..