မြန်မာရိသတ်ကြားမှာ ရေပန်းစားနေတဲ့ ကိုရီးယားဇာတ်လမ်းတွဲ (၅) ကား
moda.com.mm
|
2020-12-28

၂၀၂၀ နှစ်ကုန်ခါနီးမှာ Surprise တိုက်ချလိုက်သလို ဆက်တိုက်ထွက်လာတဲ့ ကိုရီးယားဇာတ်လမ်းတွဲကောင်းတွေကြောင့် Stay Home နေတဲ့သူတော်တော်များများလည်း ဘယ်ဇာတ်ကားကြည့်လို့ကြည့်ရမှန်းမသိ ဗျာများသွားခဲ့ရပါတယ်။ လက်ရှိ မြန်မာက K Series ပရိသတ်တွေခမျာလည်း တော်ကြာဒေါသထွက်လိုက် ၊တော်ကြာလန့်လိုက် ၊တော်ကြာရယ်လိုက်နဲ့တော်ကြာငိုလိုက်နဲ့ တော်တော်လေးကို စိတ်ခံစားမှူမျိုးစုံရခဲ့တဲ့ ကာလတစ်ခုလို့ဆိုရမှာပါ။ ဒီခံစားချက်ကိုတော့ အခုဖော်ပြထားတဲ့ ဇာတ်ကားတွေကို သုံးကားထက်မနည်းကြည့်ဖူးတဲ့သူတွေ ကောင်းကောင်းသိပါလိမ့်မယ်။ဒီဇာတ်ကားတွေက လက်ရှိ ကြည့်ရှူနှုန်းအများဆုံးဇာတ်ကားကောင်းတွေလည်းဖြစ်သလို ကိုရီးယားဇာတ်ကားပရိသတ်တွေအနေနဲ့လည်း တော်တော်လေးကို ကျေနပ်မှူတွေရရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးတွေပါ။ ဒီထဲမှာ လတ်တလော Hit ဖြစ်နေတဲ့ထဲက (၅)ခုသာ ရွေးပြထားတာမို့ နောက်ထပ်ကြည့်ကောင်းတဲ့ ဇာတ်လမ်းတွဲလေးတချို့တော့ကျန်ပါသေးတယ်။ Moda ရဲ့ စာဖတ်ပရိသတ်လေးတွေရော ဒီထဲက ဘယ်နှကားကြည့်ပြီး ဘယ်လိုတွေခံစားခဲ့ရပြီးပြီလဲ။


Mr.Queen



tvN ရဲ့ Ongoing ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Mr.Queen ကတော့ နန်းတွင်းနောက်ခံဇာတ်လမ်းကိုမှ မြင်နေကျပုံစံကနေကွဲထွက်ပြီး တော်တော်လေးဟာသမြောက်အောင်ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ ရယ်ရလွန်းလို့ ကိုးရီးယားလူမျိုးတွေက သူတို့ရဲ့ သမိုင်းကိုသရော်ပါတယ်ဆိုပြီး ဝေဖန်မှူတွေများခဲ့ပြီး Production က တရားဝင်တောင်းပန်ခဲ့ရတဲ့အထိပါပဲ။ အိမ်ပြာတော်ရဲ့စာဖိုးမှူးတစ်ဦးဖြစ်တဲ့ Jang Bong Hwan ရဲ့ ဝိဉာဉ်က မတော်တဆမှူတစ်ခုကြောင့် ဂျိုဆွန်းခေတ်မိဖုရား Kim So Young ရဲ့ ခန္ဓာကိုယ်ထဲကိုရောက်သွားပြီး အလွဲလွဲအချော်ချော်တွေ ဖြစ်ကြရပုံကို ရိုက်ကူးထားတာမို့ စိတ်လက်ကြည်ကြည်သာသာနဲ့ ပေါ့ပေါ့ပါးပါးကြည့်ချင်သူတွေအတွက် အရမ်းသင့်တော်သလို လက်ရှိကြည့်ရှူနှုန်းလည်းအရမ်းကိုမြင့်နေတဲ့ ဇာတ်ကားလေးတစ်ကားပါပဲ။


True Beauty




True Beauty ကတော့ မိန်းကလေးအများစုရဲ့ သည်းခြေကြိုက် အလှအပရူးသွပ်မှူကို အခြေခံပြီး ဆွဲဆောင်မှူရှိရှိဇာတ်အိမ်ဖွဲ့ထားတဲ့ ပေါ့ပေါ့ပါးပါးဇာတ်ကားလေးပါ။ လှပစွာပြင်ဆင်ခြယ်သတတ်မှူဟာ လူတစ်ယောက်ရဲ့ဘဝကို ဘယ်လောက်ထိပြောင်းလဲစေတယ်ဆိုတဲ့အချက်လေးနဲ့ကျောရိုးယူထားပြီး ပျင်းရိမသွားစေမယ့် ဇာတ်ဝင်ခန်းတချို့နဲ့ဖွဲ့စည်းထားတဲ့လူငယ်ကျောင်းသားကားလေးမို့ မိန်းကလေးတွေအနေနဲ့အရမ်းကိုသဘောကျစေမယ့် ဇာတ်ကားလေးလို့ဆိုနိုင်ပါတယ်။သူလည်း လက်ရှိမှာကြည့်ရှူနှူန်းတော်တော်လေးမြင့်တက်နေပါတယ်။


Penthouse (War In Life)




Penthouse လို့ပြောလိုက်တာနဲ့ အားလုံးနီးပါးမကြားဖူးတဲ့သူမရှိတဲ့အထိ အောင်မြင်မှူရရှိနေတဲ့ Ongoing ဇာတ်ကားလေးပါ။ မကြည့်ဖူးသေးဘူးဆိုရင်တောင် တစ်ဆင့်စကားနဲ့ကြားပြီး ဘယ်လောက်မချင့်မရဲဖြစ်စေတဲ့ဇာတ်ကားလည်းဆိုတာ သိကြပါလိမ့်မယ်။ အထပ် ၁၀၀ ရှိတဲ့ ဇိမ်ခံမိုးမျှော်တိုက်ပေါ်က ချမ်းသာမှူနဲ့ ရယူလိုမှူလောဘတွေကြားမှာ ဖြစ်တည်လာတဲ့ ပြသနာအရှုပ်အထွေးတွေနဲ့ ဇာတ်အိမ်ဖွဲစည်းထားပြီး ကြည့်ရသူတိုင်းကို ဒေါသထွက်ခြင်း ဝမ်းနည်းခြင်း မချင့်မရဲဖြစ်ခြင်းရသမျိုးစုံကို တချိန်တည်းပေးစွမ်းနိုင်တဲ့ဇာတ်ကားကောင်းလေးမို့ ကြည့်ရှုနှုန်းကတော့ အထူးမြင့်တက်နေဆဲပါပဲ။


Sweet Home




Webcomic ကို Live Action ပြန်ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပြီး ဇာတ်ကားတစ်ပိုင်းချင်းစီအလိုက် ကုန်ကျစရိတ်အများဆုံးအသုံးပြုထားတဲ့ Netflix ရဲ့ Series တစ်ခုဖြစ်ပါတယ်။ တစ်ရက်တည်းနဲ့ ဇာတ်ကားအစအဆုံး (၁၀)ပိုင်းလုံး ထုတ်လွှင့်ခဲ့သလို ကြည့်ရှုနှုန်းကလည်း အခုထိ တစ်ရိပ်ရိပ်တက်နေတုန်းပါပဲ။ အကြောင်းတစ်ခုကြောင့် လူသားတွေကနေ သတ္တဝါကြီးတွေအဖြစ်ပြောင်းလဲသွားကြတဲ့အချိန်မှာ တိုက်ခန်းတွဲလေးတစ်ခုမှာနေထိုင်တဲ့ သူတစ်စု ဘယ်လိုကြိုးစားကျော်ဖြတ်ကြမလဲဆိုတာကို အသည်းတယားယားနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှူရမယ့် Horror ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။


Uncanny Counter




So Moon ဆိုတဲ့ အထက်တန်းကျောင်းသားလေးတစ်ဦးဟာ မထင်မှတ်ထားတဲ့ အခြေအနေတစ်ခုကြောင့် ထူးခြားတဲ့ စွမ်းအားတစ်မျိုးကိုပိုင်ဆိုင်သွားပြီး လူသားတွေကြားက မကောင်းဆိုးဝါးဝိဉာဉ်တွေကို ဖမ်းဆီးပေးရတဲ့ Counter အဖွဲ့ဝင်တစ်ဦးဖြစ်သွားတဲ့အကြောင်းကို စိတ်ဝင်စားဖွယ်နဲ့ စိတ်ကြည်နူးလွမ်းမောဖွယ်တို့ပေါင်းစပ် ဇာတ်အိမ်တည်ထားတဲ့ ဇာတ်ကားကောင်းလေးပါ။ လက်ရှိ ဒီဇာတ်ကားရဲ့ ကြည့်ရှူနှုန်းကလည်း တော်တော်လေးမြင့်တက်နေသလို တစ်ပတ်ပြီးတစ်ပတ် စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းအဆက်တွေကို စောင့်ကြည့်နေရတဲ့ OCN ရဲ့ Ongoing ဇာတ်ကားကောင်းလေးတစ်ကားပါပဲ။

Photo Credit To The Rightful Owners




Some text some message..