စွန့်ပစ်ခံထားရတဲ့ မွေးကင်းစကလေးလေးကို ဆေးရုံပို့ဆောင်ပေးခဲ့တဲ့ ခိုင်နှင်းဝေ
celegabar.com
|
2021-01-03



သရုပ်ဆောင် ခိုင်နှင်းဝေက တော့ ခိုင်မိသားစု ဂေဟာလေးကို ဖွင့်ပြီး ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံလုပ်ဆောင်နေတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ ခိုကိုးရာမဲ့ ကလေးငယ်လေးတွေကို သွေးရင်းသားရင်းလို ပြုစုစောင့်ရှောက်ပြီး သူမဆီရောက်လာသမျှ ကလေး တိုင်းကို ကျန်းမာရေး ကအစ ဂရုတစိုက် အမြဲစောင့်ကြည့်ပေးခဲ့တာပါ ။





လတ်တလောမှာလည်း မနက်စောစောစီးစီး စိတ်မချမ်းသာစရာသတင်းတစ်ခုကို ပရိသတ်တွေကို မျှဝေပေးခဲ့ပါတယ် ။ .မွေးကာစ ကလေးတစ်ယောက်ကို ပစ်သွားပြီး ကလေးက ကြွက် ကိုက်ခံထားရတဲ့အတွက် လက်မ တချောင်းနဲ့ လက်ညိုးတချောင်းပြတ်ကာ နှာခေါင်းပဲ့သွားတယ်လို့လည်းသိရပါတယ် ။ ခုတော့ အင်းစိန်ဆေးရုံကို ပို့ဆောင်ပေးထားပြီး လိုအပ်သလို ဆေးကုသမှုများ စုံစမ်းစစ်ဆေးမှုများ ဆက်လက် ပြုလုပ်သွားမှာ ဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးရေးသားခဲ့တာဖြစ်ပါတယ် ။





ပရိသတ်တွေကတော့ ကံဆိုးရှာတဲ့ သားလေးအတွက် အမြန်ဆုံး ကျန်းမာဖို့အတွက် ဆုမွန်ကောင်းတွေ တောင်းပေးခဲ့ကြပါတယ် ။ ဆယ်လီကမ္ဘာပရိသတ်ကြီးကလည်း အစွန့်ပစ်ခံခဲ့ရတဲ့ သားငယ်လေး ရဲ့ ကျန်းမာရေးကို အမြန်ဆုံးပြန်လည်ကောင်းမွန်စေဖို့ ဆုတောင်းပေးကြပါဦးနော် ။


Source : Khine Hnin Wai
Emily (Cele Gabar)




Some text some message..