
Shutterstock/ Memo Angeles
ကဲ ရှည်ရှည်ဝေးဝေးတွေ ပြောမနေတော့ဘူးနော်…ကိုယ့်ကိုယ်ကို ဆရာကြီးလို့ ထင်တဲ့လူတွေ ဒီမေးခွန်း (၇) ခုကို အခုပဲ ဖြေကြည့်လိုက်ပါ…အကုန်လုံး မှန်အောင်ဖြေနိုင်ရင်တော့ သင်က ဆရာကြီးတစ်ယောက်ပါပဲ။
မေးခွန်း ၁ - သင့်တူမရဲ့အစ်ကိုက သင်နဲ့ဘာတော်ပါသလဲ?
(က) ဝမ်းကွဲမောင်နှမ (ခ) ဦးလေး (ဂ) တူ (ဃ) သား
မေးခွန်း ၂ - ကျွန်တော်တို့နှစ်ယောက်က ပုံပန်းသွင်ပြင်မတူညီကြပါဘူး။ သူသွားတဲ့နောက် ကျွန်တော်အမြဲထပ်ကြပ်မကွာလိုက်ပေမယ့် လူတွေက သူ့ကိုပဲမြင်ပြီး ကျွန်တော့်ကို မမြင်ဘူး။ ပြီးတော့ ကျွန်တော့်အသံတော့ ကြားရပေမယ့် သူ့အသံကိုတော့ မကြားရဘူး။ ဒါဆို ကျွန်တော်နဲ့သူက ဘာတွေဖြစ်မလဲ?
Shutterstock/ Alena Ozerova
(က) လျှပ်စီးနဲ့မိုးကြိုး (ခ) လေနဲ့ရေ (ဂ) ရထားနဲ့သံလမ်း (ဃ) နေနဲ့လ
မေးခွန်း ၃ - ညတိုင်းကျွန်တော့်က အမိန့်ပေးခံရပြီး မနက်တိုင်း အမိန့်ပေးခံရတဲ့အတိုင်း လုပ်ပေမယ့် မနက်တိုင်း သခင်ရဲ့ဆူဆဲခြင်းကို အမြဲခံရပါတယ်။ ကျွန်တော်က ဘယ်အရာဖြစ်မလဲ?
Shutterstock/ Memo Angeles
(က) အိပ်မက် (ခ) အိပ်ရာ (ဂ) နှိုးစက် (ဃ) ခေါင်းအုံး
မေးခွန်း ၄ - ကျွန်တော့်မှာ ကျောရိုးနှစ်ခုရှိပြီး နံရိုးတွေကတော့ ထောင်ချီရှိပါတယ်။ ကျွန်တော်က ဘယ်အရာဖြစ်မလဲ?
Shutterstock/ Colorfuel Studio
(က) သင်းခွေချပ် (ခ) ရထားသံလမ်း (ဂ) Keyboard (ဃ) ဒိုင်နိုဆော
မေးခွန်း ၅ - သင့်ကိုအမြဲအောက်ကိုဆွဲထားပြီး ဘယ်တော့မှ ပြန်မလွှတ်ပေးတဲ့အရာက ဘယ်အရာဖြစ်မလဲ?
Shutterstock/ Robert Adrian Hillman
(က) အသက် (ခ) နှလုံးသား (ဂ) ကမ္ဘာ့မြေဆွဲအား (ဃ) သံလိုက်
မေးခွန်း ၆ - “New Year” မှာ အရင်ဆုံးနှစ်ကူးလေ့ရှိတဲ့ နိုင်ငံက ဘယ်နိုင်ငံလဲ?
Shutterstock/ AlessandroBiascioli
(က) Japan (ခ) Islands of Samoa and Kiribati (ဂ) Australia (ဃ) New Zeland
မေးခွန်း ၇ - သင့်ကိုကျွန်တော်စိုက်ကြည့်ရင် သင်ကလည်း ကျွန်တော့်ကို ပြန်စိုက်ကြည့်တယ်။ ကျွန်တော့်မှာ မျက်လုံးသုံးလုံးပါပေမယ့် ကျွန်တော်က မြင်နိုင်စွမ်းမရှိဘူး။ ဒါပေမယ့် ကျွန်တော်မျက်လုံးမှိတ်ပြပြီး အမိန့်ပေးတိုင်း သင်ကကျွန်တော့်အမိန့်ကို နာခံရတယ်။ ကျွန်တော်က ဘာဖြစ်မလဲ?
Shutterstock/alphaspirit.it
(က) မီးပွိုင့် (ခ) နှိုးစက် (ဂ) မိုးကြိုး (ဃ) ဖုန်း
ကဲ…အခုဆို မေးခွန်းလေးတွေဖြေပြီး အဖြေလေးတွေလည်း ရလောက်ရောပေါ့။ ဘယ်နှစ်ခုမှန်လဲ ပြောခဲ့ဦးနော်…
****အဖြေမှန်****
မေးခွန်း ၁ - (ဂ) တူ
မေးခွန်း ၂ - (က) လျှပ်စီးနဲ့မိုးကြိုး
မေးခွန်း ၃ - (ဂ) နှိုးစက်
မေးခွန်း ၄ - (ခ) ရထားသံလမ်း
မေးခွန်း ၅ - (ဂ) ကမ္ဘာ့မြေဆွဲအား
မေးခွန်း ၆ - (ခ) Islands of Samoa and Kiribati
မေးခွန်း ၇ - (က) မီးပွိုင့်
#lotaya_quiz
MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။
ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။