အားလုံးစိတ်ဝင်စားနေကြတဲ့သမီးလေးရဲ့ပျော်စရာသတင်းလေးအားပရိသတ်တွေဆီဝမ်းသာအားရပြောပြလာတဲ့ စိုးမြတ်နန္ဒာရဲ့ချစ်မေမေ
mmload.com
|
2021-01-22



သရုပ်ဆောင် မင်းသမီးချောလေး စိုးမြတ်နန္ဒာကတော့ အကယ်ဒမီထူးချွန်ဆုတွေ ရရှိထားပြီး ဇာတ်ကားတိုင်းကိုလည်း ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ ပြည်သူချစ် အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ဆယ်စုနှစ်တွေများစွာလုပ်ကိုင်ခဲ့ပြီးနောက် လက်ရှိအချိန်မှာတော့ သူမရဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ ပိုးထည်လုပ်ငန်းကိုသာ ဦးစီးလုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း ပရိသတ်တွေ ဝမ်းသာသွားစေမယ့် သတင်းလေးကို ဒါဒါရဲ့ မိခင်ကပြောပြလိုက်ပြီပဲ ဖြစ်ပါတယ်။





မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း အန်တီစိုးကြည်ဖြူရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် အချိန်အကြာကြီးအနုပညာအလုပ်တွေနဲ့ဝေးကွာခဲ့ရာမှပရိသတ်တွေရဲ့တောင်းဆိုမှုကြောင့်ဇာတ်ကားတွေပြန်လည်ရိုက်ကူးတော့မယ့်သမီးလေးရဲ့အကြောင်းကို ပြောပြလာတာပဲ ဖြစ်ပါတယ်။ အန်တီစိုးကြည်ဖြူကလည်း " အော်, အခုတော့သမီးငယ်လေး ပြန်လှုပ်ရှားပြီ❤️

မေမေဝမ်းသာတယ်သမီး💐 " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။





ဒါဒါကတော့ လတ်တလောမှာတော့ နေပြည်တော်တွင် (76) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်ဂုဏ်ပြုဇာတ်ကားကို အခြားနာမည်ကြီး အနုပညာရှင်များစွာနဲ့ ရိုက်ကူးနေတာလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့နာမည်ကတော့ " ကြယ်နှင့်အတူ" လို့ အမည်ရပြီး ပရိသတ်တွေလည်း မတွေ့ရတာကြာပြီဖြစ်တဲ့ ဒါဒါရဲ့သရုပ်ဆောင်တာတွေကို မြင်တွေ့ရမှာဘဲ ဖြစ်ပါတယ်။ အားလုံးလည်း သိရှိဝမ်းသာနိုင်အောင် ဒီသတင်းလေးကိုတစ်ဆင့် ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။






Some text some message..