ယောကျာ်းလေးတွေ အမြင်မှာ ဆွဲဆောင်မှုအရှိဆုံး ဖြစ်နေတတ်တဲ့ မိန်းကလေးပုံစံ(၄)မျိုး
auntymay.com
|
2021-01-23

မိန်းကလေးတော်တော်များများရဲ့ စိတ်ထဲမှာတော့ ယောကျာ်းလေးတွေဟာ မိန်းကလေးဆန်တဲ့ မိန်းကလေးပုံစံကို ကြိုက်နှစ်သက်ကြမယ်လို့ ထင်တတ်ပါတယ်။ တစ်ကယ်တော့ သေသေချာချာ တွေးကြည့်လိုက်မယ်ဆိုရင် မိန်းကလေးဆန်တဲ့ မိန်းကလေးတွေကို တွေ့မြင်ရပါများလာတဲ့အခါမျိုးမှာ ယောကျာ်းလေးသဘာဝ ရိုးတတ်လာတတ်ကြပါတယ်။ ဒါ့အပြင် မိန်းကလေးတစ်ယောက်က မိန်းကလေး အရမ်းဆန်လွန်းရင် ကိစ္စတော်တော်များများမှာ ယောကျာ်းလေးအများစုနဲ့ အံဝင်ခွင်ကျ မရှိတတ်လို့ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာတော့ ယောကျာ်းလေးတစ်ယောက် ကြည့်လိုက်တာနဲ့ သူတို့အတွက် ဆွဲဆောင်မှု အရှိဆုံး ဖြစ်စေနိုင်မယ့် မိန်းကလေး ပုံစံ ၄ မျိုးကို ပြောပြပေးချင်ပါတယ်။


Pixabay-AdinaVoicu


၁။ စကားအပိုတွေ မပြောတတ်တဲ့ မိန်းကလေး

တစ်ချို့မိန်းကလေးတွေဟာ မိန်းကလေးတစ်ယောက်ရဲ့ သဘာဝအရ စကားတွေကို အရမ်းအပိုပြောတတ်ကြပါတယ်။ ဒီလို စကားအပိုပြောတတ်တဲ့ ပုံစံဟာ မိန်းကလေးတစ်ယောက်အတွက် ပြင်ဖို့ တော်တော်လေးခက်ခဲနိုင်ပါတယ်။ ယောက်ျားလေးတွေအတွက်ကတော့ စကားတွေကို အပိုစာသားတွေ တစ်ချိန်လုံး ထိုင်ပြောနေတတ်တဲ့ မိန်းကလေးတစ်ယောက်က အဆင်မပြေစေပါဘူး။ လိုအပ်တဲ့အချိန်မှာပဲ လိုအပ်တဲ့ အကြောင်းအရာကို ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်တဲ့ မိန်းကလေးမျိုးက တစ်မျိုးဆွဲဆောင်မှု ရှိစေပါတယ်။


၂။ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိတဲ့ မိန်းကလေး

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ မိန်းကလေးမျိုးဟာ တစ်ဖက်ယောက်ျားလေးတွေကို ဆွဲဆောင်မှုရှိတဲ့ ပုံစံတစ်မျိုး ဖြစ်စေပါတယ်။ အရာရာမှာ မှီခိုချင်တဲ့ စိတ်ကင်းပြီးတော့ ဆုံးဖြတ်ချက်တွေ ချတဲ့နေရာမျိုးတွေ၊ ဘာပဲလုပ်လုပ် ကိုယ့်ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အပြည့်ရှိတဲ့ မိန်းကလေးမျိုးပုံစံတော်တော်များများကို ယောကျာ်းလေးတိုင်း ကြိုက်ကြပါတယ်။


Pixabay-DanaTentis


၃။ ယောကျာ်းလေးတွေနဲ့ တန်းတူလိုက်သောက်နိုင်တဲ့ မိန်းကလေး

ယောကျာ်းလေးတော်တော်များများဟာ သူတို့နဲ့အပြိုင် တန်းတူလိုက်သောက်နိုင်တဲ့ မိန်းကလေးမျိုးကို သဘောကျတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မိန်းကလေးတွေ မူးပြီးသူတို့ကို ရစ်တဲ့ပုံစံမျိုးလေးတွေကို သူတို့ရဲ့ စိတ်ထဲမှာ သဘောကျနေတတ်ပြီး သူတို့မျက်လုံးထဲမှာ သူတို့နဲ့ လိုက်ပြီးပြိုင်သောက်နိုင်တဲ့ မိန်းကလေးမျိုးက တစ်မျိုးတစ်ဖုံဆွဲဆောင်မှု ရှိနေတတ်ပါတယ်။


၄။ အစားအသောက်ကို အားရပါးရစားတတ်တဲ့ မိန်းကလေး

မိန်းကလေးပီသစွာနဲ့ အစာစားရင် နည်းနည်းလေးပဲစားပြီး တို့ကနဲဆိတ်ကနဲ စားတတ်တာလေးတွေက မိန်းကလေးအများစု လုပ်လေ့ရှိပါတယ်။ အထူးသဖြင့် ကိုယ်ကြိုက်နေတဲ့ ကောင်လေးတစ်ယောက်ရဲ့ အရှေ့မှာ အဲဒီလိုပုံစံလေးတွေနဲ့ စားလေ့ရှိပါတယ်။ ဒါပေမယ့် ယောကျာ်းတစ်ယောက်ရဲ့ မျက်လုံးထဲမှာ အစာစားတဲ့အချိန် အားရပါးရစားသောက်လေ့ရှိတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ပုံစံဟာ သူတို့မျက်လုံးထဲမှာ ဆွဲဆောင်မှုရှိစေတာကတော့ အမှန်တစ်ကယ်ပါပဲ။


Pixabay-sasint

phk




Some text some message..