
ဟိုးမားဟာ ဂရိဒဏ္ဍာရီထဲမှ နာမည်ကြီးအီလီယက်နှင့် သြဒစီတို့ကို မွေးထုတ်ပေးခဲ့တဲ့ ဂန္တဝင်မြောက်ကဗျာဆရာတစ်ဦးပဲဖြစ်ပါတယ်။ ဟိုးမားရဲ့ ခေတ်ဦးကဗျာစာပေတွေဟာ ယနေ့တိုင်အသက်ဝင်လျက်ရှိပါသေးတယ်။ မိုင်စနီးယမ်း ယဉ်ကျေးမှုပြယုဂ်ရဲ့ တစ်စိတ်တစ်ဒေသအဖြစ် သူ့ရဲ့အနုပညာလက်ရာတွေဖြစ်တဲ့အိလိယက်(Illyad) နဲ့ သြဒက်စီ (Odyssey)တို့ဟာ ထင်ရှားကျော်ကြားခဲ့ပါတယ်။

Roman bust of Homer from the second century AD, portrayed with traditional iconography, based on a Greek original dating to the Hellenistic Period
မိုင်စနီးယမ်း ယဉ်ကျေးမှုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်နဲ့ချီတဲ့အချိန်၊ စာပေရေးသားခြင်းတွေ လုံးဝနီးပါး မရှိသေးတဲ့အချိန်တုန်းက ပေါ်ထွန်းခဲ့တာဖြစ်ပါတယ်။ ဂရိအင်ပါယာနေမဝင်ခင် ဘီစီ (၈၀၀) ပတ်ဝန်းကျင်လောက်မှ ဂရိစာပေလက်ရာတွေကို စကားလုံးအသစ်တွေနဲ့ တစ်ဖန်ပြန်လည်တွေ့ခဲ့ရတာပါ။ ဒါကြောင့် ဟိုးမားရဲ့အနုပညာတွေရဲ့သမိုင်းကြောင်းကို ခန့်မှန်းပါဆိုလျှင်တော့ ပါးစပ်နဲ့ပုံပြောသလိုပြောတဲ့အချိန်၊ ဂရိစာပေသစ်မပေါ်ထွန်းခင်ကတည်းကိုက ပေါ်ပေါက်ခေတ်စားလာခဲ့တယ်လို့ ယူဆရပါတယ်။
မျက်မမြင်ဖြစ်ပြီး စာပေမပေါ်ပေါက်သေးတဲ့အတွက် လူအများရှိရာ နေရာတွေမှာ ကဗျာကိုလက်တန်းရွတ်ခဲ့ပါတယ်။ ဒီကနေမှ တစ်ဆင့်ဟိုးမားရဲ့အနုပညာကဗျာစာပေတွေဟာ နာမည်ကျော်လာခဲ့ကြပါတယ်။
ဂရိမှာတောင်မှ ဟိုးမားရဲ့အတ္ထုပတ္တိနဲ့ သူ့ရဲ့ကဗျာစာပေသမိုင်းအကြောင်းကို ချက်ကျလက်ကျ ဖော်ပြထားတာ သိပ်မရှိပါဘူး။ ဂန္တဝင်မြောက်တဲ့အနုပညာလက်ရာတွေကြောင့် သူ့ကို လူသားစင်စစ်လို့ မထင်တဲ့လူတွေရှိသလို၊ ခံစားမှုရသအပြည့်ပါဝင်တဲ့ ကဗျာလက်ရာတွေကြောင့်လည်း ဟိုးမားဟာအမျိုးသားမဟုတ်ဘဲအမျိုးသမီးတစ်ယောက်ဖြစ်တယ်လို့ ခန့်မှန်းချက်တွေရှိနေခဲ့ပါတယ်။

Part of an eleventh-century manuscript, “the Townley Homer”. The writings on the top and right side are scholia.
ဒါပေမဲ့ ဟိုးမားရဲ့ပုဂ္ဂိုလ်ရေးနဲ့ပတ်သက်လို့ ခိုင်ခိုင်မာမာဖော်ပြထားတဲ့အချက် နှစ်ချက်တော့ ရှိပါတယ်။ တစ်အချက်အနေနဲ့ ဟိုးမားဟာ မျက်မမြင်တစ်ယောက်ဖြစ်ပြီး၊ ဒုတိယအချက်အနေနဲ့ကတော့အိုင်အိုးနီးယားမှာ နေထိုင်ခဲ့တယ်ဆိုတာပါပဲ။ ဒီအချက်နှစ်ချက်ကို ဟိုးမားအကြောင်းပြောလျှင်အမြဲတမ်းထည့်ပြောနေကျဖြစ်ပေမယ့်လည်း သက်သေတွေတော့လည်း မရှိခဲ့ပြန်ပါဘူး။

A Reading from Homer (1885) by Lawrence Alma-Tadema
ဟိုးမားရဲ့ကဗျာစာပေထဲမှာထည့်ရေးခဲ့တဲ့ Troy မြို့ကိုတော့ ရှေးဟောင်းသုတေသီများက သက်သေနှင့်တကွရှာတွေ့ထားခဲ့ကြပါတယ်။ ဒါကြောင့် ဟိုးမားရဲ့အနုပညာလက်ရာတွေဟာ Troy မြို့ရှိခဲ့တဲ့အချိန်တုန်းက Troy မြိုကိုအခြေခံပြီး ပါးစပ်နဲ့စပ်ဆိုထားခဲ့တာဖြစ်နိုင်တယ်ဆိုပြီး ကာလသက်တမ်းကို ခန့်မှန်းကြပါတယ်။

Detail of The Parnassus (painted 1509-1510) by Raphael, depicting Homer wearing a crown of laurels atop Mount Parnassus, with Dante Alighieri on his right and Virgil on his left
ဟိုးမားနေထိုင်ခဲ့တဲ့ သက်တမ်းနဲ့အချိန်အတိအကျကိုလည်း ဘယ်သူမှမသိကြပါဘူး။ ဂရိရှေးဟောင်းသမိုင်းပညာရှင် ဟီရိုဒိုးတပ်ကတော့ ဟိုးမားဟာ သူ့ရဲ့သက်တမ်းထက် နှစ်ပေါင်း (၄၀၀) လောက်စောခဲ့တဲ့အတွက် ဘီစီ ၈၅၀ ဖြစ်မယ်လို့ ခန့်မှန်းထားခဲ့ပါတယ်။ ဒါပေမဲ့ တချို့ကျပြန်တော့လည်း ဟိုးမားရဲ့ ဇာတ်ကောင်အီလီယက်ရဲ့ ထရိုဂျန်စစ်ပွဲဖြစ်ခဲ့တဲ့အချိန်နဲ့တိုင်းတာလိုက်တဲ့အခါ ၁၁၉၄ မှ ၁၁၈၄ ဘီစီအထိဖြစ်မယ်လို့ ခန့်မှန်းကြပြန်တယ်။
ဒါကြောင့်ပဲ ဟိုးမားရဲ့သက်တမ်းကိုခန့်မှန်းတဲ့အခါ သူနေထိုင်ခဲ့တဲ့ သက်တမ်းကို မခန့်မှန်းတော့ဘဲ သူ့ရဲ့အနုပညာလက်ရာများရဲ့ သက်တမ်းဖြင့်သာတွက်ချက်ယူလေ့ရှိကြပါတယ်။ ဒါကို “the date of Homer” လို့ခေါ်ပြီး ဟိုးမားပါးစပ်လက်တမ်းရွတ်ဆိုခဲ့တဲ့ ကဗျာများကိုတစ်ဆင့်စကားတစ်ဆင့်ကြားပြီး စာပေပေါ်ပေါက်လာတဲ့အခါကျမှ ပြန်ချရေးထားတဲ့ သက်တမ်းကိုဆိုလိုပါတယ်။ Transcription date လို့ခေါ်ပြီးအခုအချိန်မှာတော့ ဘီစီ ၈၀၀ မှအေဒီ ၆၀၀အတွင်းလို့ ခန့်မှန်းယူခဲ့ကြပါတယ်။

Homer and His Guide (1874) by William-Adolphe Bouguereau
Source: National Geographic , Wiki
Penny