အသက် ၄၀ အရွယ် မင်းသမီးချော Eugene ရဲ့ နုပျိုလှပမှုကို ထင်ဟင်နေတဲ့ ပုံရိပ်များ
mystylemyanmar.com
|
2021-09-17

အားလုံးပဲ မင်္ဂလာပါ။ ကိုရီးယားဇာတ်လမ်းတွေနဲ့ မကြာသေးခင်ကမှ ဇာတ်သိမ်းသွားခဲ့တဲ့ Penthouse ဇာတ်လမ်းတွဲကို နှစ်နှစ်ခြိုက်ခြိုက် ကြည့်ရှုတတ်တဲ့ ပရိတ်သတ်တွေအနေနဲ့ မင်းသမီး Eugene ကို သေချာပေါက် သိကြမှာပါ။

Eugene က လက်ရှိမှာ အသက် ၄၀ ရှိပြီဖြစ်ပြီး ရိုက်သမျှ ဇာတ်လမ်းတိုင်းမှာလည်း ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်လေ့ရှိသူပါ။ Eugene ကို One Mom and Three Dads , Save the Last Dance for Me နဲ့ All About My Mom စတဲ့ ဇာတ်လမ်းတွေနဲ့ ရုပ်ရှင်ချစ်ပရိတ်သတ်တွေ ရင်းနှီးကြမှာပါ။

နာမည်အရင်းကတော့ Kim Yoo Jin လို့ခေါ်ပြီး သူမကို တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာမွေးဖွားခဲ့ပြီး အသက် ၄ နှစ်အရွယ်မှာ Guam နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ အထက်တန်းကျောင်းသူအရွယ်မှာ ကိုရီးယားနိုင်ငံကို ပြန်လာခဲ့ပြီး စန္ဒရားကို ကျွမ်းကျွမ်းကျင်ကျင် တီးနိုင်တဲ့အပြင် ဝါသနာကတော့ အားကစားတွေလုပ်ရတာနဲ့ ပုံဆွဲရတာပဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာလည်း ခင်ပွန်းဖြစ်သူ မင်းသား Ki Tae-young နဲ့ သမီးလေး နှစ်ယောက်တို့နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပါတယ်။ သမီးအကြီးမလေးနဲ့အတူ ပရိတ်သတ်အများစုကြိုက်နှစ်သက်ကြတဲ့ The Return of Superman အစီအစဥ်မှာလည်း ပါဝင်ခဲ့ဖူးပါသေးတယ်။

တောင်ကိုရီးယားနိုင်ငံက ပရိတ်သတ်တွေသာမက နိုင်ငံတကာမှ ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုကိုပါ ရရှိထားတဲ့ မင်းသမီးချော Eugene ရဲ့ နုပျိုလှပလှတဲ့ ပုံရိပ်တွေကို ကြည့်လိုက်ရအောင်နော်-












Image Source: Pinterest




Some text some message..