ထိုင်းမင်းသမီးချောလေး Worranit Thawornwong ရဲ့ ပေါ့ပါးလွတ်လပ်တဲ့ ဖက်ရှင်လေးတွေ
mystylemyanmar.com
|
2021-11-09

အားလုံးပဲမင်္ဂလာပါနော်။ မြန်မာပရိသတ်တွေ တရင်းတနှီးရှိတဲ့ ထိုင်းမင်းသမီးတွေထဲမှာ Worranit Thawornwong လည်းပါဝင်ပါတယ်။

ဒီတခါ အနုပညာရှင်တွေရဲ့ ဖက်ရှင်ကဏ္ဍမှာတော့ ထိုင်းမင်းသမီးလေး Worranit Thawornwong ရဲ့ ဖက်ရှင်တွေကို မျှဝေပေးချင်ပါတယ်။


Worranit Thawornwong ကို 2015 ခုနှစ်ကထွက်ရှိခဲ့တဲ့ ထိုင်းတီဗီစီးရီး Ugly Duckling Series: Perfect Match ဆိုတဲ့ကားအပြင်၊ My Dear Loser စတဲ့ကားလေးကလည်း လူကြိုက်များပါတယ်။

Worranit Thawornwong ကို ၁၉၉၆ ပြည့်နှစ် အောက်တိုဘာလ ၉ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။


အရပ်အမြင့်ကတော့ ၁.၇ မီတာရှိပြီး သိပ်ကိုချစ်စရာကောင်းတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်နော်။

ထိုင်းနိုင်ငံရဲ့ နာမည်ကြီး မင်းသမီးချောလေးတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပြီး လူငယ်ကောင်မလေးတွေ သဘောကျအကြိုက်တွေ့မယ့် ဖက်ရှင်တွေကိုလည်း အမြဲတမ်းဝတ်ဆင်တတ်လေ့ရှိပါတယ်။

MyStyle Myanmar မှာလည်း Worranit Thawornwong ရဲ့ ပရိသတ်တွေအများကြီးရှိမယ်ထင်လို့ သူမရဲ့ ဖက်ရှင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။











Image Source: Pinterest




Some text some message..