ဝမ်းနည်းပူဆွေးပြီးစိတ်ဓာတ်ကျနေတဲ့နေ့တွေမှာ စိတ်သက်သာရာရအောင်နေနည်း ၈ မျိုး
mystylemyanmar.com
|
2021-12-01

လူတိုင်းမှာ ပျော်ရတဲ့နေ့တွေရှိသလို အကြောင်းအမျိုးမျိုးကြောင့် ဝမ်းနည်းပူဆွေးပြီး စိတ်ဓာတ်ကျနေတဲ့နေ့တွေ၊ စိတ်ညစ်ရတဲ့နေ့တွေလည်း ရှိပါတယ်။ ဒီလိုနေ့တွေမှာ ထိုင်းမှိုင်းပြီးညစ်နေမယ့်အစား စိတ်သက်သာရာရအောင် နေနိုင်မယ့်နည်းလမ်း ၈ မျိုးကို မျှဝေပေးလိုက်ပါတယ်။

မနက်စောစောထလမ်းလျှောက်ပါ


မနက်စောစောထပြီးလမ်းလျှောက်ပေးခြင်းက ကျန်းမာရေးနဲ့ညီညွတ်ပြီး စိတ်ရောလူပါ လန်းဆန်းစေပါတယ်။ ဒါကြောင့် ဝမ်းနည်းပူဆွေးပြီး စိတ်ဓာတ်ကျနေတဲ့နေ့တွေမှာ မနက်စောစောထ လမ်းလျှောက်ကြည့်ပါ။

Light therapy လုပ်ကြည့်ပါ


စိတ်ညစ်စရာ၊ စိတ်ဓာတ်ကျစရာတွေကို ထိုင်တွေးနေမယ့်အစား၊ အမှောင်ထဲထိုင်ပြီး စိတ်ညစ်နေမယ့်အစား မီးအိမ်ပဲဖြစ်ဖြစ်ထွန်းပြီး တရားထိုင်တာမျိုး၊ တီးလုံးအေးအေးလေးနားထောင်ပြီး မျက်စိမှတ်ကာ အသက်ရှူသွင်းရှူထုတ်လုပ်တာမျိုးတွေ လုပ်ပေးပါ။

ရယ်မောရမယ့်အရာတွေကြည့်ပါ


ဝမ်းနည်းပူဆွေးပြီး စိတ်ဓာတ်ကျနေတဲ့နေ့တွေမှာ မဖြစ်မနေလုပ်ရမယ့်အရာကတော့ ရယ်မောရမယ့်အရာတွေကို ကြည့်တာပါပဲ။ ရယ်စရာတွေကြည့်ပြီး များများသာရယ်ပါ။ စိတ်သက်သာရာရပြီး ပေါ့ပါးသွားပါလိမ့်မယ်။

ကိုယ်ဝါသနာပါတဲ့လှုပ်ရှားအားကစားလုပ်ပါ


ဘာမှမလုပ်ပဲ ထိုင်တွေးနေရင် ထိုင်းမှိုင်းပြီး ပိုစိတ်ညစ်ရပါတယ်။ ဒါကြောင့် တက်တက်ကြွကြွလေးဖြစ်သွားအောင် ကိုယ်ဝါသနာပါတဲ့ လှုပ်ရှားအားကစားတစ်ခုခုကို အချိန်ပေးလုပ်ကြည့်ပါ။ Relax ဖြစ်ပြီး စိတ်ပေါ့ပါးသွားပါလိမ့်မယ်။

ခရီးတိုလေးသွားကြည့်ပါ


ခရီးတိုလေးသွားတာကလည်း စိတ်သက်သာရာရစေပါတယ်။ စိတ်သစ်လူသစ်ဖြစ်စေပါတယ်။ အချိန်ရတယ်ဆိုရင်တော့ စိတ်ညစ်စရာတွေ၊ စိတ်ဓာတ်ကျစရာတွေ။ ဝမ်းနည်းစရာတွေများနေရင် ခရီးသွားကြည့်လိုက်ပါ။

Screen time ကို လျှော့ချပါ


ဝမ်းနည်းပူဆွေးပြီး စိတ်ဓာတ်ကျနေတဲ့နေ့တွေ၊ စိတ်ညစ်နေတဲ့နေ့တွေမှာ screen time ကို လုံးဝလျှော့ချလိုက်ပါ။ ဖုန်းသုံးမယ့်အစား၊ social media သုံးမယ့်အစား တခြားအရာတစ်ခုခုကို လုပ်နေလိုက်တာက ပိုပြီးစိတ်သက်သာရာရစေပါတယ်။

အိပ်ရေးဝအောင်အိပ်ပါ


ဒီလိုနေ့တွေမှာ အိပ်ပျော်ဖို့ခက်ခဲတတ်ကြပါတယ်။ ဒါပေမယ့်လည်း ကြိုးစားအိပ်ကြည့်ပါ။ စောစောအိပ်ယာဝင်ပြီး အိပ်ပါ။ အိပ်ရေးဝအောင်အိပ်ပါ။ အိပ်ရေးပျက်ရင် စိတ်ခံစားချက်က ပိုဆိုးလာတတ်ပါတယ်။

အစားအသောက်ပုံစံပြောင်းကြည့်ပါ


ဒီလိုစိတ်ဓာတ်တွေကျပြီး အရမ်းစိတ်ညစ်နေချိန်မှာ အစားအသောက်ပုံစံကိုလည်း ပြောင်းကြည့်လိုက်ပါ။ အဆီအစိမ့်တွေမစားပဲ အသီးအနှံတွေ၊ အသီးအရွက်တွေ၊ ဗီတာမင် ဒီ ကြွယ်ဝတဲ့အစားအသောက်တွေကို များများစားပေးပါ။ ရေများများသောက်ပါ။ ဒါ့အပြင် omega 3 fatty acids, lean proteins, berries, dark chocolate စတာတွေကိုစားပေးရင် mood ပိုကောင်းစေပါတယ်။

source:www.brightside.me




Some text some message..