အပြစ်ကင်းစင်တဲ့ အပြုံးပိုင်ရှင်လေး မင်းသမီး Park Eun Bin ရဲ့ ဖက်ရှင်တချို့
mystylemyanmar.com
|
2022-01-01

မင်္ဂလာပါနော်။ ရယ်လိုက်တိုင်း အပြစ်ကင်းစင်တဲ့အပြုံးလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ မင်းသမီးလေး Park Eun Bin ကိုအားလုံးသိကြမယ်လို့ထင်ပါတယ်။

ကလေးသရုပ်ဆောင်ဘဝကနေ အနုပညာလောကကို ခြေချခဲ့သူဖြစ်ပြီး နာမည်ကြီးမင်းသားမင်းသမီးတွေစုစည်းရာ ကုမ္မဏီတစ်ခုဖြစ်တဲ့ Namoo Actorsရဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။


သူမကို ၁၉၉၂ ပြည့်နှစ် စက်တင်ဘာလ ၄ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်ရှိ Jamsilbon-dong ခရိုင်မှာမွေးဖွားခဲ့တာပါ။

အရပ်အမြင့်ကတော့ ၁.၆၃ မီတာ( ၅ပေ ၃ လက်မ) ရှိပါတယ်။


၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ Operation Proposal ဇာတ်လမ်းတွဲမှာ စတင်ပြီး ခေါင်းဆောင်မင်းသမီးအဖြစ် ရိုက်ကူးခဲ့ပြီးနောက် ရုပ်ရှင်ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲတွေလည်း အများကြီးရိုက်ကူးခဲ့ဖူးပါတယ်။


၂၀၂၁ မှာတော့ နိုင်ငံတကာမှာ အင်မတန်လူကြိုက်များခဲ့တဲ့ The King’s Affection ဆိုတဲ့ ဇာတ်လမ်းတွဲလည်း ထွက်ရှိထားပါတယ်။


ပရိသတ်အားပေးမှုအခိုင်အမာရထားတဲ့ မင်းသမီးတစ်လက်ဖြစ်တဲ့ Park Eun Bin ရဲ့ ဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်နော်။












Image Source: Pinterest

By MyStyle Myanmar




Some text some message..