ပျိုမေတို့အတုယူနိင်မယ့် Twice အဖွဲ့ဝင် Dahyun ရဲ့ လှပတဲ့ ဆံပင်ပုံစံလေးတွေ
mystylemyanmar.com
|
2022-08-16

ဒီနေ့ အနုပညာရှင်တို့ရဲ့ ဖက်ရှင်ကဏ္ဍကနေပြီး ဖော်ပြပေးချင်တာကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်သီး အမျိုးသမီးကေပေါ့အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Twice အဖွဲ့ဝင် Dahyun ရဲ့ ဆံပင်ပုံစံလေးတွေပဲဖြစ်ပါတယ်။

Dahyun ရဲ့ နာမည်အရင်းက Kim Da-hyun ဖြစ်ပြီး ၁၉၉၈ ခုနှစ် မေလ ၂၈ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ၊ Seongnam-si ၌ မွေးဖွားခဲ့တာဖြစ်ပါတယ်။

လက်ရှိ အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ သူမက Twice အဖွဲ့မှာ Main Rapper တစ်ဦးဖြစ်ပါတယ်။ အဖွဲ့ဝင်တွေအားလုံးထဲမှာမှ အသားအဖြူဆုံးဖြစ်တာမို့ Tofu လို့တောင် ပရိတ်သတ်တွေက ချစ်စနိုးနာမည်ပေးထားပါသေးတယ်။

ချစ်စရာကောင်းတဲ့ Dahyun ဟာ ဆံပင်အရောင်တွေဆို တစ်ရောင်ပြီးတစ်ရောင် မထပ်အောင်ဆိုးလေ့ရှိသလို သူမကိုပြင်ဆင်ပေးထားတဲ့ ဆံပင်စတိုင်လေးတွေဟာဆိုရင်လည်း မိန်းကလေးတိုင်း ကြိုက်နှစ်သက်မယ့် စတိုင်လေးတွေပဲဖြစ်လို့ ဒီတစ်ခါမှာတော့ အပြင်သွားတိုင်း ဆံပင်ကို ပုံလှလှလေးပြင်သွားချင်သူတို့အတွက် နမူနာယူနိုင်စေဖို့ Dahyun ရဲ့ ဆံပင်စတိုင်လေးတွေကို ရွေးချယ်ဖော်ပြပေးလိုက်ရပါတယ်နော်။















Image Source: Pinterest




Some text some message..