ယောကျ်ားဆန်ဆန်ဖက်ရှင်မျိုး ဝတ်တတ်သူတွေအတွက် ထိုင်းမင်းသမီးလေး Milk Pansa ရဲ့ Outfit Ideas များ
mystylemyanmar.com
|
2022-10-03

မင်္ဂလာပါ။ အသစ်ထွက်သမျှ ထိုင်းဇာတ်လမ်းတွဲလေးတွေ မလွတ်တမ်းစောင့်ကြည့်တတ်တဲ့ ပရိသတ်တွေကတော့ ထိုင်းမင်းသမီးလေး Milk Pansa ကို မြင်ဖူးမယ်ထင်ပါတယ်နော်။ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး GMMTV ကုမ္ပဏီလက်အောက်က မင်းသမီးတစ်လက်ဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ “Love Stranger” ဆိုတဲ့ Web ဇာတ်လမ်းတွဲကတစ်ဆင့် အဓိကမင်းသမီးအဖြစ် ပွဲဦးထွက်ခဲ့သူဖြစ်ပါတယ်။



၂၀၂၁ နှစ်ကုန်ပိုင်းက ထွက်ရှိခဲ့တဲ့ “Bad Buddy” ဇာတ်လမ်းတွဲမှာ ဇာတ်ကောင် “Ink” နေရာကနေ မင်းသမီး ‘Love Pattranite’ နဲ့တွဲပြီး ချစ်စရာကောင်းတဲ့ စီနီယာ-ဂျူနီယာစုံတွဲလေးအဖြစ် Chemistry မိမိ ပါဝင်သရုပ်ဆောင်ထားရာကတစ်ဆင့် လူသိများလာခဲ့သူပါ။ ဒါ့အပြင် အသစ်ထွက်ထားတဲ့ “F4 Thailand: Boys Over Flower” ၊ “Oops! Mr. Superstar Hit on Me” နဲ့ “Vice Versa” စတဲ့ဇာတ်လမ်းတွဲတွေမှာလည်း ကျရာနေရာက ပီပြင်အောင် ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။



Milk ရဲ့ နာမည်အပြည့်အစုံက “Milk Pansa Vosbein” ဖြစ်ပြီး Milk လို့ပဲ အတိုခေါ်ကြပါတယ်။ ၁၉၉၆ ခုနှစ်မှာ မွေးခဲ့သူမို့ ၂၆ နှစ်ရှိပါပြီ။ Milk ဟာ နာမည်နဲ့လိုက်အောင် နို့နှစ်ရောင်အသားဖြူဖြူလေးပိုင်ဆိုင်ထားအပြင် ထိုင်း၊ မွန်၊ တရုတ်နဲ့ ဒိန်းမတ်တို့ စပ်ထားတဲ့ ကပြားမလေးတစ်ယောက်လည်းဖြစ်ပါတယ်။



အရပ် ၅ပေ ၆ ရှိတဲ့သူမဟာ သူမရဲ့အရပ်နဲ့လိုက်တဲ့ ဖက်ရှင်လေးတွေ ဝတ်တတ်တဲ့သူဖြစ်ပြီး ပေါ့ပါးလွတ်လပ်တဲ့ ယောကျာ်းလေးဆန်ဆန် အပွတွေဝတ်ရတာ ကြိုက်တဲ့သူလည်းဖြစ်ပါတယ်။ သူမဝတ်တဲ့ Outfit ဒီဇိုင်းတွေက ယောကျာ်းဆန်တဲ့ဖက်ရှင်မျိုး ဝတ်ရတာကြိုက်တဲ့ ကောင်မလေးတွေနဲ့ကွက်တိပါပဲ။ ဒါကြောင့်မို့ စိတ်ဝင်စားတဲ့သူတွေအတွက် Milk ရဲ့  အမိုက်စား Outfit အိုင်ဒီယာလေးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ ကြည့်လိုက်ရအောင်နော်-

















Photo Source: Pinterest

By MyStyle Myanmar




Some text some message..