တကယ်အပြင်မှာရှိတဲ့လူတွေကို ကော်ပီကူးထားတဲ့ နာမည်ကြီး ဇာတ်ကောင်တွေ
mystylemyanmar.com
|
2023-01-22

တချို့ရုပ်ရှင်ဇာတ်ကားတွေထဲက စိတ်ကူးယဉ် ဇာတ်ကောင်တွေဟာ အပြင်မှာ တကယ်ရှိခဲ့တဲ့ လူတွေကို အခြေခံပြီး ပြုလုပ်ထားတာပါ။

တခါတလေကျရင် ဇာတ်ညွှန်းရေးဆရာတွေက ရုပ်သွင်ပြင်ကိုပဲ ကော်ပီကူးပေမယ့် တခြားအခြေအနေတွေမှာတော့ လူတွေရဲ့ စိတ်နေစိတ်ထားနဲ့ အပြုအမှုတွေကိုပါ ကော်ပီကူးယူလေ့ရှိကြတယ်။

ဒီနေ့ ရုပ်ရှင်သမိုင်းမှာ တကယ်အပြင်မှာရှိတဲ့လူတွေကို ကော်ပီကူးထားတဲ့ နာမည်ကြီး ဇာတ်ကောင်တွေကို ဖော်ပြပေးသွားမှာပါ။


(၁) Harley Quinn (DC Universe) — Arleen Sorkin


စူပါဗီလိန် Harley Quinn ဇာက်ကောင်ကို အမေရိကန် သရုပ်ဆောင် Arleen Sorkin အခြေခံဖန်တီးထားတာပါ။ Batman ကာတွန်းစီးရီးကို ရေးခဲ့တဲ့ဇာတ်ညွှန်းရေးဆရာ Paul Dini ဟာJoker’s Favor ဆိုတဲ့ အပိုင်းကို ရေးဖို့အတွက် Harley Quinn ကို ဖန်တီးဖို့လိုလာပါတယ်။

Paul Dini ဟာ သူငယ်ချင်းဖြစ်သူ Arleen ရဲ့ Days of our Lives ဆိုတဲ့ပြဇာတ်မှာ ဝတ်ခဲ့တဲ့ ဝတ်စုံကို သဘောကျနေခဲ့တာပါ။ ဒါကြောင့် Harley Quinn ဟာ သေးသွယ်ရမယ်၊ ရီစရာဖြစ်နေရမယ် ပြီးတော့ ရူးမိုက်နေရမယ်ဆိုပြီး ဆုံးဖြတ်ခဲ့တာပါ။


(၂) Joker (DC Universe) — Conrad Veidt


Batman ဇာတ်ကားတွေရဲ့ အကောင်းဆုံး စူပါဗီလိန်ကြီး Joker ဇာတ်ကောင်ဟာ ဒီတိုင်း လေထဲကနေ ပေါ်လာတာမဟုတ်ပါဘူး။ ဘာကြောင့် Joker ဟာ ဒီလိုရုပ်မျိုးဖြစ်နေတာလဲ ဆိုတာ ရုပ်ရှင်ပရိသတ် အဖြေရှာခဲ့တာကြာပါပြီ။

တကယ်တော့ Joker ဇာတ်ကောင်ဟာ ၁၉၂၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Man Who Laughs ဆိုတဲ့ ဇာတ်ကားထဲက ဂျာမန်သရုပ်ဆောင် Conrad Veidt ကိုကော်ပီ ယူပြီး ဖန်တီးထားတာပါ။

ယနေ့ Joker ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ လူတွေများကြီးထဲမှာ Heath Ledger ရဲ့ Joker က အကောင်းဆုံးလို့ သတ်မှတ်ထားကြပါတယ်။

သူဟာ ကြောက်စရာကောင်းနဲ့ မျက်နှာဖုံးရဲ့ နောက်မှာ ကြင်နာတတ်တဲ့ နှလုံးသားရှိတယ် ဆိုတာကို ပရိသတ်တွေကို ပြသခဲ့တဲ့သူပါ။


(၃) Jabba the Hutt (Star Wars) — Sydney Greenstreet


Sydney Greenstreet ဟာ ၁၉၄၀ ခုနှစ်တွေတုံးက ဗြိတိန် ရုပ်ရှင်နဲ့ပြဇာတ် သရုပ်ဆောင်တယောက်ပါ။ ပြီးတော့ နာမည်ကြီး Star Wars ရုပ်ရှင်စီးရီးထဲက Jabba the Hutt ရဲ့ prototype (ရှေးပြေး) သရုပ်ဆောင်လို့လည်း ပြောလို့ရပါတယ်။

Star Wars ဖန်တီးသူဟာ Jabba the Hutt ဇာတ်ကောင်ကို Sydney Greenstreet ကိုအခြေခံပြီး ဖန်တီးခဲ့တာပါ။ ဒါကြောင့် လည်း Jabba the Hutt ဟာ Sydney နဲ့ဆင်တူနေတာပါ။


(၄) Biff Tannen (Back to the Future, Part II) — Donald Trump


Back to the Future, Part II ဇာတ်ကားကို လွန်ခဲ့တဲ့ နှစ် ၃၀ ကထုတ်လုပ်ပြသခဲ့တာပါ။ အဲ့ဒီတုံးက Donald Trump ကို အမေရိကန် သမ္မတ ဖြစ်မယ်လို့ ဘယ်သူမှ မထင်ခဲ့ကြဘူး။

အဲ့ဒီ အချိန်တုန်းက Trump ဟာ အောင်မြင်ကျော်ကြားတဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဖြစ်ပြီး ကုမ္ပဏီတွေအများကြီး ပိုင်ဆိုင်တဲ့သူတစ်ယောက်ပါ။

ဒါ့ကြောင့် Biff Tannen ဇာတ်ကောင်ဟာ Trump ရဲ့ဘဝအစိတ်အပိုင်းတော်တော်များများကို အခြေခံပြီး ဖန်တီးခဲ့တာပါ။

Donald Trump ရဲ့ဆံပင်ပုံစံ နဲ့ ပိုက်ဆံဖြုန်းလေ့ရှိတဲ့ အမှုအကျင့် တွေ၊ Trump Tower နဲ့တူတဲ့ အထပ်မြင့် အဆောက်အအုံကိုလည်း ထည့်သွင်း ရိုက်ကူးခဲ့ပါသေးတယ်။


(၅) Charles F. Muntz (Up) — Charles Mintz


Up ကာတွန်းဇာတ်ကားထဲက အဓိက ဗီလိန်ကြီး Charles F. Muntz သူ့ရဲ့ ဘဝတစ်ခုလုံးကို ရှားပါးငှက်တစ်ကောင်ကို ဖမ်းရင်းနဲ့ ကုန်ဆုံးနေခဲ့တာပါ။ Charles ဇာတ်ကောင်ဟာ Walt Disney Charles Mintz တို့ရဲ့ ပြဿနာတွေကြောင့် ပေါ်လာခဲ့တာပါ။

၁၉၂၉ ခုနှစ်တုန်းက Mintz ဟာ Walt Disney ရဲ့ Oswald the Lucky Rabbit ကာတွန်း ဇာတ်ကောင် သုံးစွဲခွင့်ကို ရရှိခဲ့ပါတယ်။ Charles Mintz ဟာ Universal Pictures အတွက် ယုန်ပုံ သင်္ကေတ အသုံးပြုခဲ့ပါတယ်။

ဒါ့ကြောင့် Charles Mintz ဟာ ယုန်ကို အမဲလိုက်တဲ့ ဗီလိန်ဖြစ်ခဲ့တာပါ။ နောက်နှစ်တွေ ကြာသွားတော့ Up ကာတွန်းကားကို ဖန်တီးသူဟာ အဓိက ဗီလိန် Charles F. Muntz ကိုဖန်တီးခဲ့ပါတယ်။

Up ကားထဲမှာတော့ ငှက်ကို အမဲလိုက်သူအဖြစ် ဖန်တီးခဲ့ပါတယ်။


(၆) Lord Farquaad (Shrek) — Michael Eisner


ပထမဆုံး ထွက်ရှိခဲ့တဲ့ Shrek ကာတွန်းကားရဲ့ အဓိကဗီလိန် Lord Farquaad ဟာလည်း လူနှစ်ယောက်ရဲ့ ပြသာတွေကြောင့် ပေါ်လာခဲ့တာပါ။ Disney ရဲ့ဥက္ကဌ ဟောင်းဖြစ်သူ Michael Eisner နဲ့ ထုတ်လုပ်သူ Jeffrey Katzenberg တို့ဟာ တစ်ယောက်ကို တစ်ယောက် မုန်းနေခဲ့ကြတာပါ။

နောက်ပိုင်းမှာ Katzenberg ဟာ Disney ကနေ ထွက်သွားပြီးတော့ သူ့ရဲ့ ကိုယ်ပိုင် ကုမ္ပဏီ DreamWorks ကို တည်ထောင်ခဲ့ပါတယ်။

Katzenberg ဟာ ဒီနေရာမှာတင် ရပ်မသွားခဲ့ပါဘူး။ သူ့ရဲ့ ရန်ဖက် Eisner ကို စိတ်မနှံ့တဲ့ ရူးကြောင်ကြောင် ဂျပု Lord Farquaad ဇာတ်ကောင်အဖြစ်ဖန်တီးပြီး Shrek ကားမှာ ထည့်သွင်းခဲ့ပါတယ်။

ဒါပေမယ့် တကယ်အပြင်မှာတော့ Eisner ဟာ အရပ်ရှည်တဲ့သူပါ။ ဒါပေမယ့် Katzenberg ကတော့ သူ့ကို တော်တော်မကျေနပ်ပုံရပါတယ်။ ဇာတ်ကားထဲမှာ အရပ်ပုပြီး စိတ်မနှံ့သူအဖြစ် ဖန်တီးခဲ့ပါတယ်။

Source: Bright Side




Some text some message..