
BLACKPINK အဖွဲ့ဝင် Jennie ဟာဆိုရင် လေဆိပ်မှာရိုင်းစိုင်းတဲ့ အပြုအမူ လုပ်ခဲ့တယ်လို့ဆိုတကာ ပရိသတ်တွေကြားမှ ဝေဖန်မှု မြင့်တက်နေခဲ့ပါတယ်။

Google
BLACKPINK အဖွဲ့ဝင် Jennie ရဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ အလျင်စလိုဖြစ်နေတဲ့ ပုံစံဟာဆိုရင် ချက်ချင်းဆိုသလို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပြန့်နှံ့နေပြီး ဝေဖန်မှုဟာလည်း မြင့်တက်နေခဲ့ပါတယ်။ Jennie က ပြင်သစ်နိုင်ငံမှာ ဖျော်ဖြေရေးလုပ်ပြီး မကြာခင်မှာပဲ တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့Gimpo လေဆိပ်ကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။

Google
Jennie ရဲ့ လေဆိပ်ဖက်ရှင်က အလျင်စလို ပုံစံမျိုး ဖြစ်နေပြီးသတင်းထောက်တွေရှိတဲ့ ကင်မရာတွေ ဘက်ကိုလည်း တစ်ချက်မှ လှည့်မကြည့်ဘဲ ခေါင်းကိုချာကနဲလှည့်ကာကျောခိုင်းပြီး လှည့်ထွက်သွားခဲ့ပါတယ်။

Google

Google
ဒါကြောင့်သတင်းထောက်တွေအနေနဲ့ Blackpink အဖွဲ့ဝင် Jennie ရဲ့ ပုံစံက အလျင်စလို ဆန်ပြီး မီဒီယာအပေါ်လေးစားမှု မရှိဘူးလို့ ဆိုခဲ့တာဖြစ်ပါတယ်။

Google
ဒါ့အပြင် Jennie ရဲ့ ဖက်ရှင်က အရမ်း ဖုံးကွယ်လွန်းနေပြီး ခေါင်းကနေ တစ်ကိုယ်လုံး ဖုံးအုပ် ထားတာကလည်းသတင်းလိုက်သူတွေကို မကျေမနပ်ဖြစ်စေခဲ့ပါတယ်။

Google
အခြား BLACKPINK အဖွဲ့ဝင်တွေဖြစ်တဲ့ Lisa, Rosé နဲ့Jisoo တို့က သတင်းထောက်တွေအပေါ်ကို ရိုးရှင်းစွာ ဆက်ဆံခဲ့ပေမယ့် Jennie ရဲ့ အပြုအမူက ထူးခြားစွာနဲ့ဆိုးရွားနေတာကြောင့် ပရိသတ်တွေ များစွာက အဖြေထုတ်မရ ဖြစ်ခဲ့ကြပါတယ်။