ရုပ်ချောချော ကောင်လေးက သာမန်မိန်းကလေးကို ချစ်မိသွားတဲ့ ရင်ခုန်စရာ K-Drama ဇာတ်ကားကောင်း (၁၀) ခု
mystylemyanmar.com
|
2023-02-25

သိပ်မချောတဲ့ ကောင်မလေးတွေကိုမှ အတန်းထဲက ရုပ်အချောဆုံး King လို့ သတ်မှတ်ရတဲ့ ကောင်လေးက သဘောကျသွားတဲ့ ဇာတ်လမ်းတွေကို ကြည့်ဖူးမှာပါ။ ဒီလို ဇာတ်လမ်းတွေကို သင်ကြည့်ရင် သင်ကိုယ်တိုင်ပဲ ဒီမိန်းကလေးနေရာ ဝင်ပစ်ချင်ဖူးမှာပါ။ ဘာလို့လဲဆိုတော့ အတန်းရဲ့ အချောဆုံး ကောင်လေးက ကိုယ့်ကို လာကြိုက်တာကိုး။ ဒီတစ်ခေါက်မှာတော့ ဒီလို ကိုယ်တိုင် လိုက်ဝင်ရောက် ခံစားပြီး ကြည့်နိုင်မယ့် ကိုးရီးယား ဒရာမာ ဇာတ်လမ်းကောင်းတွေကို ဖော်ပြပါရစေ။

၁။ Tempted


ရုပ်ချောချော ကောင်လေးက အလောင်းအစား သဘောအနေနဲ့ ကောင်မလေးတစ်ယောက်ကို လိုက်ရာကနေ သူတို့ရဲ့ အချစ်အပေါ် ထားတဲ့ ခံယူချက်တွေ ဘယ်လို ပြောင်းလဲသွားလဲ ရင်ခုန်ဖွယ် ကြည့်ရမယ့် ဇာတ်လမ်း ဖြစ်ပါတယ်။ ပါဝင်တဲ့ မင်းသမီးနှစ်လတ်လုံးက အချောဆုံးတွေ ဖြစ်တာမို့ ကြည့်ရကျိုးနပ်မယ့် ဇာတ်လမ်းဖြစ်ပါတယ်။

၂။ Love Alarm


မင်းသားချော Song Kang ပါတယ်ဆိုမှတော့ “Love Alarm” ဇာတ်လမ်းက မလွတ်တမ်း ကြည့်ရမယ့် ဇာတ်လမ်း ဖြစ်သွားပါပြီ။

၃။ Record of Youth


ပျိုမေတိုင်း သည်းသည်းလှုပ်အားပေးတဲ့ နာမည်ကျော် မင်းသား တစ်လတ်က သာမန် အလှပြင်ဆရာမ ကောင်မလေးကိုမှ သည်းသည်းလှုပ် ချစ်မိသွားတာကို ကြည့်ရမှာပါ။

၄။ Run On


အပြေးသမား ချန်ပီယံ ဖြစ်တဲ့အပြင် နာမည်ကျော် မင်းသမီးတစ်လတ်ရဲ့ သားချောလေး ဖြစ်တဲ့ ကောင်လေးက ဇာတ်လမ်းဘာသာပြန် ကောင်မလေးကို ချစ်မိသွားတဲ့ အကြောင်း စိတ်ဝင်တစား ကြည့်ရမှာပါ။

၅။ Playful Kiss


အင်မတန် ချောသလို အင်မတန်မှလည်း မာနကြီးပြီး အစစအရာရာ ပြည့်စုံတဲ့ ကောင်လေးက သာမန် ကောင်မလေး တစ်ဦးကို ဘယ်လိုချစ်သွားမလဲ ကြည့်ရမှာပါ။ ကျောင်းသားကားလေး ဖြစ်တာကြောင့် ကြည့်ရတာ ပေါ့ပေါ့ပါးပါး ဖြစ်ပါတယ်။

၆။ The Heirs


အင်မတန် ချမ်းသာပြီး အပြစ်ပြောစရာ မရှိတဲ့ ကောင်လေး တစ်ဦးက သာမန် ကျောင်းသူလေးကို စိတ်ဝင်စားမိခဲ့ပါတယ်။ ဒီကနေ ဘယ်လိုတွေ ဖြစ်မလဲ စိတ်ဝင်တစား ကြည့်ရမှာပါ။

၇။ True Beauty


မိတ်ကပ်လိမ်းမှ လှတဲ့ ကောင်မလေးကိုမှ အတန်းရဲ့ အချောဆုံး ကောင်လေး နှစ်ယောက်က ပြိုင်တူ ချစ်မိသွားပါတယ်။ ဘယ်လောက် ရင်ခုန်စရာကောင်းလဲ တွေးကြည့်ရုံနဲ့ သင်ကြည့်ချင်မှာပါ။

၈။ My ID is Gangnam Beauty


မျက်နှာချောမောလှပဖို့ ပလတ်စတစ် ဆာဂျရီ လုပ်ခဲ့ရတဲ့ ကောင်မလေးက ကျောင်းကတည်းက ရုပ်မလှတာကြောင့် ယောက်ျားလေး အများစုရဲ့ အနှိမ်ခံခဲ့ရပါတယ်။ ဒါကိုမှ အရမ်းချောတဲ့ ကောင်လေးတစ်ယောက်ကလည်း ဒီကောင်မလေး မခွဲစိတ်ခင်တည်းက ကြည့်မကောင်းတဲ့ မျက်နှာကို သဘောကျနေမိပါတယ်တဲ့။

၉။ Uncontrollably Fond


ငယ်စဉ်တည်းက တွဲလာခဲ့ကြတဲ့ ချစ်သူနှစ်ဦးက အခြေအနေ အမျိုးမျိုးကြောင့် လမ်းခွဲခဲ့ကြပါတယ်။ ဒါပေမဲ့ အရွယ်ရောက်လာတဲ့အချိန်မှာတော့ သူတို့ နှစ်ဦးဟာ ပြန်ဆုံနိုင်ခဲ့ကြပါတယ်။

၁၀။ Boys Over Flowers


F4 ဇာတ်လမ်းကိုတော့ သိပ်ညွှန်းစရာ မလိုဘူးထင်ပါတယ်။ ပြန်ကြည့်ရမယ့် ရင်ခုန်စရာ ဇာတ်လမ်းလေး ဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar




Some text some message..