ဖိလစ်ပိုင်မင်းသမီးချောလေး Liza Soberano ရဲ့ အထာကျတဲ့ Denim ဂျင်းဖက်ရှင်များ
mystylemyanmar.com
|
2023-05-24
ဖိလစ်ပိုင်ဇာတ်လမ်းတွေ ကြည့်ဖူးသူတိုင်းနဲ့ မစိမ်းတဲ့ မင်းသမီးချောလေး Liza Soberano ကတော့ ဖိလစ်ပိုင်- အမေရိကန် ကပြားတစ်ဦးဖြစ်ပြီး လက်ရှိမှာ ကမ္ဘာကျော်ထိပ်တန်းမင်းသမီးအနေနဲ့ ရပ်တည်နေသူပါ။ သူမရဲ့ နာမည်အပြည့်အစုံက Elizabeth Hanley Soberano ဖြစ်ပြီး ၁၉၉၈ မှာမွေးခဲ့သူမို့ ၂၅ နှစ်ရှိပါပြီ။
သူမဟာဆိုရင် မင်းသမီးစဖြစ်ချိန်ကတည်းက မိတ်ကပ်မပါဘဲနဲ့ သဘာဝဆန်ဆန်လေးလှတဲ့ မျက်နှာပေါက်အလှကြောင့် ပရိသတ်တွေရဲ့ အသည်းစွဲဖြစ်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ ကမ္ဘာ့အလှဆုံး အမျိုးသမီးအဖြစ်ပါ ဖော်ပြခံခဲ့ရသူပါ။
နိုင်ငံခြားစပ်ကပြားဖြစ်လို့ လူကောင်ကြီးတဲ့သူမဟာ ၅ ပေ ၆ ရှိတဲ့အရပ်နဲ့လိုက်ဖက်တဲ့ ဖက်ရှင်တွေကို ရွေးဝတ်တတ်သူပါ။ သူမဟာ ပွဲတက်တော်တော်များများအတွက် Denim ဂျင်းဖက်ရှင်လေးတွေကို ရွေးချယ်လေ့ရှိပြီး လတ်တလောအနေနဲ့ အနုပညာရှင်တွေသွားလေ့ရှိတဲ့ ကမ္ဘာကျော် Coachella ဂီတဖျော်ဖြေပွဲမှာ အပေါ်အောက် Denim ဝမ်းဆက်လေးကိုမှ ရွေးဝတ်ခဲ့ပါသေးတယ်။
အမြဲတမ်း Trend ဖြစ်နေတဲ့ ဖက်ရှင်တွေထဲမှာ Denim တွေပါသလို ပေါ့ပေါ့ပါးပါးနဲ့ ဟိုနားဒီနားထွက်ဖို့အတွက်ရော ပွဲသွားပွဲလာအနေနဲ့ပါဝတ်လို့ရတာမို့ လိုက်ဝတ်ဖို့ စဉ်းစားထားတဲ့သူတွေအတွက် ဒီတစ်ခေါက်မှာ မင်းသမီး Liza ကိုယ်တိုင် အထာကျကျဝတ်ခဲ့တဲ့ Denim ဂျင်းဖက်ရှင်လေးတွေကို ဖော်ပြပေးသွားမှာပါ။ အိုင်ဒီယာယူဖို့ စိတ်ဝင်စားတယ်ဆိုရင် ကြည့်လိုက်ရအောင်နော်-
Photo Source: Pinterest
By MyStyle Myanmar
#ဖက်ရှင်
#ဇာတ်လမ်း
#မင်းသမီး
#ဖိလစ်ပိုင်
#LizaSoberano
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ
စတင်အသုံးပြုမည်