ကမ္ဘာပေါ်က နာမည်အကျော်ကြားဆုံး လူမည်း အမျိုးသမီး အဆိုတော်များ
mystylemyanmar.com
|
2023-07-26

ဒီတခါမှာတော့ အကျော်ကြားဆုံးနဲ့ လူကြိုက်အများဆုံး လူမည်း အမျိးသမီးအဆိုတော်တွေအကြောင်းကို ပြောပြချင်ပါတယ်။ သူတို့အားလုံးက အရမ်းကို ထူးချွန်ပြီး ကမ္ဘာပေါ်မှာ ရေပန်းစား လူကြိုက်များတဲ့ အဆိုတော်တွေဖြစ်ကြသလို သူတို့ရဲ့ လှပတဲ့ အသံတွေနဲ့ လူတော်တော်များများရဲ့ နှလုံးသားကို သိမ်းပိုက်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကဲ ဒါဆို နာမည်အကြီးဆုံး လူမည်း အမျိုးသမီး အဆိုတော်တွေက ဘယ်သူတွေဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။

(၁) Mariah Carey




Mariah Carey ကို ၁၉၆၉ ခုနှစ် မတ် ၂၇ ရက်မှာ မွေးဖွားခဲ့ပြီး လူကြိုက်အများဆုံး အမေရိကန်လူမည်းအဆိုတော်နဲ့ ရုပ်ရှင်မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ သူမကို သူမရဲ့ Five-Octave Vocal Range ၊ Melismatic သီဆိုဟန်နဲ့ Whistle Register လို့ခေါ်တဲ့ အသံမြင့်သီဆိုဟန်တွေအတွက် လူသိများပါတယ်။

သူမရဲ့အဖေက အာဖရိကန်အမေရိကန်ဖြစ်ပြီးတော့ သူမရဲ့အမေက အိုင်ယာလန်နွယ်ဖွားပါ။ Love Takes Time နဲ့ Hero And Always Be My Baby သီချင်းတွေက Mariah Carey ရဲ့ နာမည်ကြီးပြီး လူကြိုက်များတဲ့ သီချင်းတွေဖြစ်ပါတယ်။

(၂) Beyoncé




နောက်တစ်ယောက်ကတော့ အလှဘုရင်မ Beyoncé ပါ။ Beyoncé ကို ၁၉၈၁ ခုနှစ် စက်တင်ဘာလ ၄ ရက်မှာ မွေးခဲ့တာဖြစ်ပြီးတော့ ကမ္ဘာပေါ်က အကျော်ကြားဆုံး အမေရိကန် လူမည်းအမျိုးသမီးအဆိုတော်ထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။

သူမဟာ ၁၉၉၀ ပြည့်လွန်နှစ်အနှောင်းပိုင်းတွေက အကျော်ကြားဆုံး မိန်းကလေးအဆိုတော်အဖွဲ့များထဲက တစ်ခုဖြစ်တဲ့ Destiny’s Child ရဲ့ ဦးဆောင်အဆိုတော် တစ်ဦးဖြစ်လာပြီးတဲ့နောက် နာမည်ကျော်ကြားလာတာပါ။

အမိုက်စားသီချင်းများဖြစ်တဲ့ Bootyliciou လို သီချင်းတွေကို ရေးခဲ့သလို နောက်ပိုင်းမှာ တစ်ဦးချင်း ပရောဂျက်တွေ ဆက်လုပ်ဖို့အတွက် အဖွဲ့နဲ့လမ်းခွဲခဲ့ပါတယ်။

(၃) Aretha Franklin




Aretha Franklin ကတော့ မြန်မာပရိသတ်တွေနဲ့ နည်းနည်းစိမ်းမယ် ထင်ပါတယ်။ Aretha Louise Franklin က မတ်လ ၂၅ ရက် ၁၉၄၂ မှာ မွေးဖွားခဲ့တဲ့ အမေရိကန်လူမည်းအဆိုတော်နဲ့ စန္ဒယားပညာရှင်တစ်ဦးဖြစ်ပြီး သြဂုတ်လ ၁၆ ရက် ၂၀၁၈ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။

၁၉၆၇ ခုနှစ်က ထွက်ခဲ့တဲ့ Respect သီချင်းဟာ သူမရဲ့ အကျော်ကြားဆုံး သီချင်းတွေထဲက တစ်ပုဒ်ဖြစ်ပြီး Billboard မှာလည်း အောင်မြင်မှုများစွာ မှတ်တမ်းတင်နိုင်ခဲ့တဲ့ နာမည်ကြီး လူမည်းအမျိုးသမီး အဆိုတော်ဖြစ်ပါတယ်။

(၄) Diana Ross




Diana Ross ကတော့ မတ်လ ၂၆ ရက်နေ့ ၊ ၁၉၄၄ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ အမေရိကန် လူမည်းအဆိုတော်ဖြစ်ပါတယ်။ သူမက Motown ရဲ့ ၁၉၆၀ ခုနှစ်တွေအတွင်း အအောင်မြင်ဆုံးသရုပ်ဆောင်အဖြစ်နဲ့ ကမ္ဘာ့ရောင်းအားအကောင်းဆုံး မိန်းကလေးအဆိုတော် အဖွဲ့တွေထဲကတစ်ခုဖြစ်တဲ့ Supremes ရဲ့ အဆိုရှင် အဖွဲ့ခေါင်းဆောင်အနေနဲ့လည်း ရေပန်းစားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ဂီတလမ်းကြောင်းပေါ်မှာ တစ်ဦးတည်း အဆိုတော်အနေနဲ့ အကြီးအကျယ်အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။

(၅) Rihanna




နောက်ဆုံးတစ်ယောက်ကတော့ ပုရိသတွေရဲ့အသည်းကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ အဆိုတော်မလေး Rihanna ပဲ ဖြစ်ပါတယ်။ Rihanna ကတော့ ဘာဘေးဒီယန်း လူမည်းအဆိုတော်၊ဖက်ရှင်ဒီဇိုင်နာနဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီးတော့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ ၁၉၈၈ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။

US မှာ ထိပ်တန်း Top Ten စာရင်းဝင် အဆိုတော်တဦးအဖြစ်ရပ်တည်နေသလို UK မှာလည်း နာမည်ကြီး ထိပ်တန်း အနုပညာရှင်တစ်ယောက်အနေနဲ့ သတ်မှတ်ခြင်းခံထားရဆဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Rihanna က ခင်ပွန်းဖြစ်သူ အမေရိကန် ရက်ပ်ပါ A$AP Rocky နဲ့ ရင်သွေးလေးတွေကို ပိုင်ဆိုင်ထားပါတယ်။

(၆) Alicia Keys




Alicia Keys ရဲ့ နာမည်အပြည့်အစုံကတော့ Alicia Augello Cook ဖြစ်ပြီး အမေရိကန်လူမျိုး အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ Alicia Keys သီဆိုထားသော သီချင်းသံစဉ်တွေက တစ်ခါနားထောင်မိလိုက်ရုံနဲ့ နားထဲမှာ အချိန်ကြာကြာ စွဲကျန်နေတတ်လေ့ရှိပါတယ်။

သူမဟာ နာမည်ကြီးအဆိုတော်တစ်ယောက်လည်းဖြစ်သလို သီချင်းများကိုလည်း ကိုယ်တိုင်သီကုံးရေးဖွဲ့လေ့ရှိပါတယ်။




Some text some message..