Y2K ဖက်ရှင်ကို စိတ်ဝင်စားတဲ့သူတွေအတွက် XG အဖွဲ့ဝင်တွေရဲ့ Y2K ဖက်ရှင်အိုင်ဒီယာများ
mystylemyanmar.com
|
2023-08-14
Idol တွေဆိုတာ Trend ဖြစ်တဲ့ဖက်ရှင်တွေကို ခေတ်ရှေ့ပြေးပြီး စတိုင်အကျဆုံးဖြစ်အောင် ပြင်ဆင်တတ်ကြတဲ့သူတွေဖြစ်တာမို့ သင်ကိုယ်တိုင်လည်း ခေတ်နဲ့အညီ ဖက်ရှင်တွေအကြောင်းသိဖို့ သူတို့ဆီက နမူနာယူနိုင်ပါတယ်။ လတ်တလော နာမည်ရလာတဲ့ XG ဆိုတဲ့ အထာကျကျ ဂျပန် Idol ခုနှစ်ဦးပါဝင်တဲ့ အဖွဲ့ဟာဆိုရင်လည်း ပွဲဦးထွက်ကတည်းက သူများနဲ့မတူတဲ့ ဆံပင်စတိုင်တွေ၊ တစ်မူထူးတဲ့ အလန်းစားဖက်ရှင်တွေ ချပြခဲ့ကြပြီး သူတို့ရဲ့ ခေတ်ပေါ်နဲ့ Y2K ပေါင်းစပ်ထားတဲ့ ဖက်ရှင်တွေက လူငယ်ပရိသတ်တွေကြား ရေပန်းစားပါတယ်။
Y2K ဆိုတာကတော့ ၂၀၀၀ခုနှစ်က ရေပန်းစားခဲ့တဲ့ဖက်ရှင်ပုံစံတွေဖြစ်ပြီး လတ်တလော လူငယ်ကောင်မလေးတွေကြား တဖန်ပြန်ပြီး လူကြိုက်များလာတာပါ။ အရောင်တောက်တောက် ဂျာကင်တွေ၊ အရောင်စုံ စကပ်တွေ၊ ကာတွန်းပုံပါတဲ့ Tee လေးတွေနဲ့ Low Waist ဂျင်းတွေက Y2K ရဲ့အဓိက အစိတ်အပိုင်းတွေပါပဲ။
လက်ရှိ XG အဖွဲ့ဝင်တွေဟာလည်း Y2K စတိုင်တွေကိုမှ ပြန်လည်ဆန်းသစ်ထားတဲ့ ဖက်ရှင်လေးတွေကို အထာကျကျ ဝတ်လေ့ရှိတာမို့ သူတို့ရဲ့စတိုင်တွေက Y2K ဖက်ရှင်ပြန်ဝတ်ချင်သူတွေအတွက် ကွက်တိပါပဲ။
ဒါကြောင့်မို့ စိတ်ဝင်စားတဲ့သူတွေအတွက် XG အဖွဲ့ဝင်တွေ ဝတ်ခဲ့ကြတဲ့ အလန်းစား Y2K ဖက်ရှင်တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်နော်-
Photo Source: Pinterest
By MyStyle Myanmar
#ဖက်ရှင်
#ကောင်မလေး
#ဂျပန်
#အိုင်ဒီယာ
#Idol
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ
စတင်အသုံးပြုမည်