
                                                                                                Drama တွေထဲမှာမှ အိမ်ရှေ့စံမင်းသားကား ကြိုက်တဲ့သူတွေအတွက် ကြည့်သင့်တဲ့ K-Drama (6) ခုကို ပြောပြပေးလိုက်ပါတယ်။ တော်တော်များများ ကြည့်ပြီးသားဖြစ်တဲ့ Drama တွေလည်း ပါမှာပါ။
                                                                                                
1. The Red Sleeve
                                                                                                
                                                                                                အိမ်ရှေ့စံနဲ့နန်းတွင်းသူလေးရဲ့ ဇာတ်လမ်းကိုမှ ဇာတ်အိမ်ခိုင်ခိုင်နဲ့ ရိုက်ကူးထားတဲ့ Drama ပဲဖြစ်ပါတယ်။ 2021 November တုန်းကထွက်ရှိထားတဲ့ Drama ဖြစ်ပြီး ကြည့်တဲ့ပရိသတ်တွေကြားမှာတော့ အရမ်းပေါ်ပြူလာဖြစ်ခဲ့တာပါ။ Main Lead တွေက Lee Jun-ho နဲ့ Lee Se-young ဖြစ်ပါတယ်။
                                                                                                
2. Our Blooming Youth
                                                                                                
                                                                                                2023 February ကမှ ထွက်ရှိထားတဲ့ Drama လေးဖြစ်ပါတယ်။ Main Lead တွေကတော့ Park Hyung-Sik နဲ့ Jeon So-nee ဖြစ်ပါတယ်။ ကျိန်စာသင့်နေတဲ့ အိမ်ရှေ့စံမင်းသားနဲ့ လူသတ်သမားလို့ စွပ်စွဲခံထားရတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဇာတ်လမ်းလေးပါ။
                                                                                                
3. 100 Days My Prince
                                                                                                
                                                                                                EXO အဖွဲ့ဝင် Do Kyungsoo နဲ့ မင်းသမီး Nam Ji-hyun တို့ရဲ့ 2018 တုန်းကထွက်ထားတဲ့ ဒီ Drama လေးကတော့ တော်တော်များများ ကြည့်ဖူးပြီးသား ဖြစ်မှာပါ။ တောင်စောင်းတစ်ခုပေါ်ကနေ ပြုတ်ကျပြီး ရက် 100 လောက် အတိတ်မေ့သွားကာ Wondeuk ဆိုတဲ့ရွာကို ရောက်သွားခဲ့ပါတယ်။ အဲ့ရွာမှာနေထိုင်တဲ့ Nam Ji-hyun နဲ့တွေ့ပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရမှာက စိတ်ဝင်စားဖို့လည်းကောင်းသလို ရယ်စရာလေးတွေလည်းပါတာကြောင့် မကြည့်ရသေးရင် ကြည့်ကြည့်ဖို့ Highly Recommend ပေးပါတယ်။
                                                                                                
4. Love in the Moonlight
                                                                                                
                                                                                                2016 တုန်းကထွက်ထားတဲ့ Park Bo-gum နဲ့ Kim Yoo-jung တို့ရဲ့ “Love in the Moonlight” ဆိုတဲ့ Drama လေးကတော့ အထူးတလည်ပြောဖို့မလိုအောင် သိပြီးသားဖြစ်ကြမှာပါ။ မကြည့်ရသေးရင်တောင်မှ သိနေမယ့် Drama လေးပါ။ ဒီ Drama ထွက်တုန်းကဆိုရင် မင်းသမီးလေး Kim Yoo-jung က အသက် 17 နှစ်ပဲ ရှိပါသေးတယ်။
                                                                                                
5. Kingdom
                                                                                                
                                                                                                Zombie ကားကြိုက်တဲ့သူတွေအတွက် ရသအသစ်ကိုပေးမယ့် နန်းတွင်း Zombie ကားဖြစ်ပါတယ်။ ကြည့်တဲ့ပရိသတ်တွေကတော့ နောက်ထပ် Season တွေထွက်ဖို့ကိုတောင် အရမ်းမျှော်နေရတဲ့ Drama ကောင်းဖြစ်တာကြောင့် မကြည့်ရသေးရင် ကြည့်ကြည့်ပါ။
                                                                                                
6. Under the Queen’s Umbrella
                                                                                                
                                                                                                နန်းတွင်းအရှုပ်တော်ပုံတွေကြားမှာ သားတော်တွေကို ထီးတစ်ချောင်းလိုကာကွယ်ပေးမယ့် မိခင်မေတ္တာကို ဖော်ကြူးထားတဲ့ Drama ဖြစ်ပြီး အရမ်းကြည့်လို့ကောင်းတာကြောင့် မကြည့်ရသေးရင် ကြည့်သင့်တဲ့ Drama ပါ။ အိမ်ရှေ့စံဖြစ်ဖို့ ဘယ်လိုတွေကြုံတွေ့ရမလဲဆိုတာတွေကိုလည်း စိတ်ဝင်စားဖွယ်ကောင်းအောင် ကြည့်ရမှာပါ။ 2022 တုန်းကထွက်ထားတာဖြစ်ပြီး ပရိသတ်ကြားမှာ အရမ်းရေပန်းစားခဲ့တဲ့ Drama လည်း ဖြစ်ပါတယ်။